လက်မ (၄၀)ပတ်လည် ဧရာမပီဇာကြီးကို တစ်ပြားမှမကုန်ဘဲ အဝစားနိုင်တဲ့ အခွင့်အရေး

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့က စားသောက်ဆိုင်တစ်ဆိုင်ဟာ လက်မ (၄၀) ရှိတဲ့ ပီဇာကြီးကို စားသုံးသူ(၂) ဦးနဲ့ နာရီဝက်အပြီး အ၀စားနိုင်မလားဆိုတဲ့ စိန်ခေါ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဆိုင်နာမည်ကတော့ Caters Arms အမည်ရပါတယ်။

တကယ်လို့ ပီဇာစားစိန်ခေါ်မှုကို ပြုလုပ်မယ်ဆိုရင် ပါဝင်ယှဉ်ပြိုင်မယ့်သူတွေဟာ (၆၅) ဒေါ်လာပေးသွင်းရပါတယ်။ ပီဇာပေါ်မှာ အနှစ်ဆမ်းဖို့ကတော့ အရည်(၂) မျိုး ရနိုင်ပါတယ်။ ပါဝင်ယှဉ်ပြိုင်သူ (၂) ဦးဟာ ပေးထားတဲ့ အချိန်နာရီဝက်အတွင်းမှာ သစ်သားမီးသုံးပြီး စီမံပြုလုပ်ထားတဲ့ ဧရာမပီဇာကြီးကို ကုန်အောင် ဖြိုရမှာပဲ ဖြစ်ပါတယ်။

Caters Arms

တကယ်လို့ သတ်မှတ်ချိန်အတွင်းမှာ ကုန်အောင် စားသုံးနိုင်ရင်တော့ Caters Arms ကနေ (၆၅) ဒေါ်လာ ပြန်ပေးပြီး ပီဇာ အခမဲ့ ကျွေးမွေးသွားမှာ ဖြစ်ပါတယ်။ ပီဇာစားစိန်ခေါ်မှု မလုပ်ဘဲနဲ့ ဧရာမပီဇာကြီးကို ဒီအတိုင်းမှာယူချင်တယ်ဆိုရင်တော့ ပီဇာတစ်ချပ်ကို ဒေါ်လာ (၉၀) ကျသင့်မှာ ဖြစ်ပါတယ်။

READ
မွှေးကြိုင်၍ အနံ့အရသာနှင့်ပြည့်စုံသောပဲကြာဇံအချိုသုပ်နည်း
Caters Arms

ဗီဒီယိုတစ်ခုမှာတော့ လူနှစ်ယောက် သယ်ဆောင်လာရတဲ့အထိ ကြီးမားလွန်းတဲ့ ပီဇာချပ်ကြီးကို တွေ့ရပါတယ်။ ပီဇာချပ်ကြီးကို စားလို့ အဆင်ပြေအောင် ညှပ်ထားတဲ့ ပီဇာစိတ်တွေကလည်း အကြီးကြီးတွေ ဖြစ်တာကို သတိပြုမိကြမှာပါ။ Caters Arms ကတော့ “ကျွန်တော်တို့ လစဉ်လတိုင်း ဒီ ပီဇာအစားပြိုင်ပွဲကို ပြုလုပ်ပါတယ်။ ပီဇာက ဒီတစ်နိုင်ငံလုံးမှာ အကြီးဆုံးဖုတ်ထားတဲ့ ဧရာမပီဇာကြီးတွေပါ။ ပီဇာစိန်ခေါ်ပွဲမှာ အောင်မြင်တဲ့သူတွေကတော့ အလကားစားရမှာပါ။ ကျွန်တော်တို့ ငွေပြန်အမ်းမှာ ဖြစ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

Caters Arms

လင်းလင်း (ShweMom)

Ref: Ladbible

SHARE