မွေးလာတဲ့ရင်သွေးလေးအသားဖြူစေဖို့ ကိုယ်ဝန်ဆောင်မိခင်တို့စားသင့်တဲ့အစားအသောက်များ

shutterstock/By FamVeld

ကိုယ်ဝန်ဆောင်တွေအဖို့ သတင်းကောင်းရှိပါတယ်။ အဲဒါကတော့ မွေးလာတဲ့ရင်သွေးလေးကို ဖြူဖြူဖွေးဖွေးလေးဖြစ်စေချင်ရင် ကိုယ်ဝန်ဆောင်နေစဉ်မှာ အစားအသောက်နဲ့ ဖြူအောင်လုပ်လို့ရတယ်ဆိုတာပါပဲ။ ဒါကတော့ အိန္ဒိယလူမျိုးတွေရဲ့ လက်စွဲနည်းဖြစ်တာကြောင့် သင်လည်း ယုံကြည်ရင်စမ်းလုပ်ကြည့်လို့ရပါတယ်။ အရှုံးမရှိပါဘူးနော်။

(၁) နွားနို့

shutterstock/By Anton Starikov

ကိုယ်ဝန်ဆောင်နေစဉ် နွားနို့ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရုံသာမက အသားလည်း ဖြူစေပါတယ်။

(၂) ကြက်ဥ

ကြက်ဥအကာကို စားပေးခြင်းဖြင့် မွေးဖွားလာမယ့် ရင်သွေးငယ်လေးရဲ့ အသားကိုဖြူစေနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ရင်သွေးငယ်လေးကို အသားဖြူစေချင်ရင်တော့ ကြက်ဥကို မဖြစ်မနေစားပေးဖို့ လိုအပ်ပါတယ်။

(၃) အယ်လ်မွန်စေ့

အယ်မွန်စေ့အခြောက် သို့မဟုတ် ရေစိမ်ပြီး ကြိတ်လိုက်လို့ရလာတဲ့ အနှစ်ကိုသောက်ပေးခြင်းဖြင့် ရင်သွေးငယ်ကို အသားဖြူစေတယ်လို့ဆိုပါတယ်။ ဒါကြောင့် အယ်လ်မွန်စေ့ဟာလည်း စားပေးရမယ့်အထဲမှာ ပါပါတယ်။

READ
အစားအစာ၊ အိပ်ရာ၊ အိမ်သာကလွဲရင် တစ်ခြားဘာမှမရှိဘဲ (၅)ရက်အထိ နေနိုင်/မနိုင်စမ်းသပ်မှု

(၄) လိမ္မော်ရည်နဲ့ နာနတ်ဖျော်ရည်

shutterstock/By Africa Studio

လိမ္မော်ရည်နဲ့ နာနတ်ဖျော်ရည်တို့ဟာ Vitamin C ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်နေစဉ်သောက်သုံးပေးရင် မွေးလာမယ့် ရင်သွေးငယ်ကို အသားဖြူစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လိမ္မော်ရည် ဒါမှမဟုတ် နာနတ်ရည်ကို တစ်ပတ်မှာ တစ်ခါလောက် သောက်သုံးပေးသင့်ပါတယ်။

Em Em(Shwemom)
SHARE