လူတိုင်းသိထားသင့်တဲ့ ခံတွင်းနံ့နံစေမယ့် အစားအသောက် ၅ မျိုးအကြောင်း

kreatikar/pixabay

လူတွေနဲ့ထိတွေ့ဆက်ဆံနေရသူများအတွက် ခံတွင်းနံ့မနံစေဖို့ဆိုတာ သိပ်ကိုအရေးကြီးလွန်းပါတယ်။ ကိုယ်ကိုယ်တိုင်ရဲ့ ယုံကြည်မှု၊ ကျန်းမာရေးတို့အတွက်အပြင် တစ်ဖက်လူကို စိတ်အနှောက်အယှက် မဖြစ်စေရအောင်လည်း လိုအပ်ပါသေးတယ်။ ဖြစ်ပြီးကာမှ ပျောက်ကင်းအောင် ကုသခြင်းထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားတာမျိုးက ပိုထိရောက်တာကြောင့် ခံတွင်းနံ့နံစေမယ့် အစေားအသောက် ၅ မျိုးကို Fabiosa မှ ကိုးကားကာ မျှဝေပေးချင်ပါတယ်။

(၁) ကော်ဖီသို့မဟုတ် ကဖင်းဓာတ်ပါဝင်သော အစားအသောက်များ

ဒါကတော့ အားလုံးသိထားကြတဲ့အတိုင်းပါပဲ။ ကော်ဖီသောက်ပြီးရင် ခံတွင်းချဉ်တဲ့အပြင် အနံ့လည်း ထွက်စေပါတယ်။ ကော်ဖီသောက်ပြီး ရေသောက်ပေးပါနော်။

PublicDomainPictures/pixabay

(၂) အက်ဆစ်ဓာတ်

သံပုရာရည်တို့၊ အချဉ်ဓာတ်ပါဝင်တဲ့ အစားအသောက်တွေကတော့ ခံတွင်းထဲ အချွဲဓာတ်တွေကို ပပျောက်စေပြီး အက်ဆစ်-ဘေ့စ်ဓာတ်ကို မညီမမျှဖြစ်စေပါတယ်။ ဒါကြောင့် ခံတွင်းနံ့နံစေတဲ့ ဘတ်တီးရီးယားပိုးမွှားတွေကို ထကြွစေတာပါ။

RitaE/pixabay

 

(၃) ပရိုတင်း

အလွန်အကျွံစားသုံးမိပါက သဘာဝ microflora တွေနဲ့ အမိုင်နိုအက်ဆစ်ပါဝင်မှုကြောင့် စားလိုက်တာနဲ့ ဆာလဖာဓာတ်ပေါင်းတွေဖြစ်ပေါ်ကာ အနံ့ထွက်စေပါတယ်။

READ
ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလဖွားသူတွေဟာ ကြီးပွားနိုင်ခြေပိုများကြောင်း သိရ
stevepb/pixabay

(၄) ဆာလဖာဓာတ်မြင့်ခြင်း

ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ပါ။ စားပြီးရင် သွားတိုက်ဆေးနဲ့ သေချာတိုက်တာ၊ ပီကေဝါးတာနဲ့ ပါးစပ်အနံ့ဖြန်းတဲ့အရာတွေ အသုံးပြုပေးနိုင်ပါတယ်။

Robert-Owen-Wahl/pixabay

(၅) အပူအစပ်

အစာမကျေခြင်းကို ဖြစ်စေနိုင်တဲ့အတွက်ကြောင့် ဆိုးဆိုးရွားရွားမဟုတ်ပေမယ့်လည်း အနည်းငယ်ခံတွင်းနံ့နံစေပါတယ်။

RitaE/pixabay

Penny

SHARE