Sunday, April 21, 2024
HomeKnowledgeဆေးလိပ်သောက်သူတိုင်း စားသုံးပေးသင့်တဲ့ နီကိုတင်းစစ်ထုတ်စေတဲ့ အစားအသောက်များ

ဆေးလိပ်သောက်သူတိုင်း စားသုံးပေးသင့်တဲ့ နီကိုတင်းစစ်ထုတ်စေတဲ့ အစားအသောက်များ

ဆေးလိပ်သမားတိုင်းဟာ အဆုတ်နဲ့ သွေးတွင်းဓာတ်ထဲမှာ နီကိုတင်းဓာတ်တွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒါကြောင့် သင်ဟာဆေးလိပ်သောက်သူတစ်ယောက်ဖြစ်နေမယ်ဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ နီကိုတင်းအဆိပ်အတောက်ဓာတ်တွေကို လျော့သထက်လျော့အောင် လုပ်ပေးဖို့ လိုအပ်နေပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင် အစားအသောက်နဲ့ ဘယ်လိုမျိုး ဖြေရှင်းကြမယ်ဆိုတာကို မျှဝေပေးချင်ပါတယ်။

(၁) မုန်လာဥနီ

ဆေးလိပ်သောက်တဲ့လူတွေဟာ ဗီတာမင် A, C နဲ့ K ဓာတ်တွေ လျော့နည်းနေတတ်ပါတယ်။ ဒီလိုလျော့နည်းခြင်းဟာ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို နှောင့်နှေးစေတဲ့အပြင်ကိုမှ သွေးလည်ပတ်မှုကိုလည်း ကမောက်ကမဖြစ်စေပါတယ်။ ဒါကြောင့် ဒီဓာတ်တွေပါဝင်နေတဲ့ မုန်လာဥနီကိုကတော့ မဖြစ်မနေစားသုံးပေးသင့်ပါတယ်။

(၂) ဟင်းနုနွယ်

ဟင်းနုနွယ်ရွက်မှာ ပါဝင်တဲ့ B9 ဓာတ်ဟာ နီကိုတင်းအရသာကို ဦးနှောက်က မကြိုက်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒီတော့ ဆေးလိပ်ကိုလည်း အသောက်နည်းစေတာပေါ့။

basil leaves and avocado on sliced bread on white ceramic plate
Photo by Lisa Fotios on Pexels.com

(၃) Broccoli

ဗီတာမင် C နဲ့ B5 ဓာတ်တို့ ပြည့်ဝစွာ ပါဝင်ပြီးတော့ နီကိုတင်းဓာတ်မှ အဆုတ်ကိုဒိုင်းတစ်ခုသဖွယ် ကာကွယ်ပေးပါတယ်။ နောက် B5 ဓာတ်ဟာ ဆေးလိပ်သောက်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။

(၄) လိမ္မော်သီး

ဗီတာမင် C ဓာတ်ပေါကြွယ်ဝတဲ့ လိမ္မော်သီးကိုလည်း နေ့စဉ်စားသုံးပေးနိုင်ပါတယ်။

close up of fruits in bowl
Photo by Pixabay on Pexels.com

(၅) ဂျင်း

ဂျင်းကို အစိမ်းလိုက်စားသုံးခြင်းဟာ နီကိုတင်းတောင့်တမှုကို လျော့နည်းစေပါတယ်။ အရင်ကတည်းက ခန္ဓာကိုယ်တွင်းမှာရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်လည်း ဂျင်းထဲမှာရှိနေတော့ ဆေးလိပ်သမားတွေနဲ့ အသင့်လျော်ဆုံးပါပဲ။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading