အချဉ်ဖောက်ပုပ်သိုးအောင် နှပ်ထားပေမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အရသာရှိ စားစရာများ

asanisa/shutterstock

ပုတ်အောင်၊ သို့မဟုတ် အချဉ်ဖောက်အောင် ရက်ကြာနှပ်ထားခဲ့ကြပေမယ့် ဒီအစားအစာတွေထဲ ဘယ်လိုမျိုး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေသလဲဆိုတာ လေ့လာကြည့်ကြရအောင်။

မီဆို

ပဲပုပ်ပဲကနေ ထုတ်လုပ်လေ့ရှိပြီး ဘာလီစေ့ သို့မဟုတ် ဆန်တို့နဲ့တကွ fungus ခေါ် မှိုတစ်မျိုးဖြစ်တဲ့ koji တို့ကို အနှစ်ရအောင်ကြိတ်ကာ ဟင်းချိုအဖြစ် ချက်သောက်တဲ့နေရာမှာ အများဆုံးအသုံးပြုပါတယ်။

jazz3311/shutterstock

ဒိန်ချဉ်နဲ့ဒိန်ခဲ

ဒိန်ချဉ်နဲ့ဒိန်ခဲဆိုတာ နွားနို့ကို မှန်ကန်တဲ့ အခြေအနေတစ်ခုမှာ အချဉ်ဖောက်ကာ ရရှိလာတဲ့ နို့ထွက်ပစ္စည်းများ ဖြစ်ကြပါတယ်။ ဗီတာမင် B2 နဲ့တကွ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ K2 ဗီတာမင်၊ ဘိုင်အိုတင်၊ ဖောလိတ်၊ ပရိုဘိုင်ရောတစ်တွေနဲ့ အင်ဇိုင်းတချို့ပြည့်ဝစွာပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။

Massimo Parisi/shutterstock

Sauerkraut

Sauerkraut ကတော့ ဂျာမနီ၊ ရုရှားနဲ့တရုတ်စတဲ့ မတူညီတဲ့နိုင်ငံတွေမှာ စားသုံးလေ့ရှိတဲ့ ရှေးအစားအစာတစ်မျိုးပါ။ မြန်မာမှုပြုပြီးခေါ်မယ်ဆိုရင်တော့ ဂေါ်ဖီချဉ်ပေါ့။ ဂေါ်ဖီတွေကို အချဉ်တည်ကာ ဟင်းအရံအဖြစ် စားသုံးလေ့ရှိကြပြီး ဖိုက်ဘာဓာတ်၊ ဗီတာမင် အေ၊ စီ၊ ကေနဲ့ ဘီတို့ပြည့်ဝစွာပါဝင်ပြီး သံဓာတ်၊ ကော့ပါးဓာတ်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနိစ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်ကြပါတယ်။ တကယ့် Sauerkraut ဟာ ဖန်ပုလင်းထဲမှာသာ ထည့်ရမှာဖြစ်ပြီး အေးစက်နေတဲ့နေရာမှာ သိုလှော်ထားရမှာပါတဲ့။

READ
အအေးမိစဉ် သို့မဟုတ် နေမကောင်းဖြစ်စဉ် မစားသင့်တဲ့အစားအစာများ
RVillalon/shutterstock

ချိစ့် (အစိမ်း)

ချိစ့်တွေဟာ နို့နဲ့ပြုလုပ်တာဖြစ်ပြီး မှိုတက်အောင်ထားလေ့ရှိကြပါတယ်။ တချို့ blue cheese တို့လို့ ချိစ့်မျိုတွေဆိုရင် ချိစ့်ပြုလုပ်ကတည်းကိုက fungus မှိုတစ်ခုထည့်ကာ ရောကြိုရပါတယ်။ ပရိုဘိုင်ရောတစ်ဓာတ်တွေ ကြွယ်ဝစွာ ပါင်နေပြီး thermophillus, bifudus, bulgaricus နဲ့ acidophulus တို့လည်း ပါဝင်နေပါတယ်။

O_Solara/shutterstock

Natto

Natto ဟာ ဂျပန်ရိုးရာစားစရာတစ်မျိုးဖြစ်ပြီး ပဲကိုပုတ်ပြီး အစေးတွေထွက်သည်အထိ နှပ်ထားတဲ့ ပဲဟင်းတစ်မျိုးပါ။ ဂျပန်မှာတော့ နံနက်စာထမင်းနဲ့တွဲဖက်စားသုံးလေ့ရှိပြီး အဲဒီပဲရယ်၊ ပဲငံပြာရည်နဲ့ karashi mustard, ကြကသွန်မြိတ်တို့ကိုရောကာ ခုဏကအစေရအောင် မွှေပြီးမှ စားသုံးရတာပါ။ အခုမှစစားဖူးမယ့် သူတွေအတွက်တော့ natto ဟာ တော်တော်လေး အော်ဂလီဆန်ချင်စရာ ကောင်းလှပါတယ်တဲ့။

norikko/shutterstock

သနပ်များ

Pickles လို့ခေါ်တဲ့ သနပ်တွေထဲ သခွားသီး၊ မုန်လာဥစတဲ့ ဟင်းသီးဟင်းရွက်တွေကစလို့ အသီးအနှံတွေအဆုံး ပါဝင်လို့နေပါတယ်။ မြန်မာမှာဆိုရင်တော့ ရှမ်းစာတွေဖြစ်တဲ့ မုန်ညှင်းချဉ်၊ မုန်လာချဉ်တို့ပေါ့။ သူတို့မှာလည်း နှပ်ထားတဲ့ ဟင်းသီးဟင်းရွက်ပေါ်လိုက်ပြီး ဗီတာမင်ဓာတ်တွေ ပြောင်းလဲတတ်ကြပါတယ်။

READ
ကင်ဆာကုထုံးအသစ်က 2 နာရီအတွင်း ကင်ဆာဆဲလ်များကို ဖယ်ရှားနိုင်ဟုဆို
asanisa/shutterstock

Penny

SHARE