လူ့သက်တမ်းကို စောစီးစွာ ပြတ်တောက်သွားစေနိုင်တဲ့ အစားအသောက်များ

Shutterstock/ RossHelen

ကိတ်မုန့်၊ အာလူးကြော်နဲ့ ဟမ်ဘာဂါတွေဟာ အလွန်အကျွံပြုပြင်ထားတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ သုတေသနပညာရှင်တွေကတော့ ဒီအစားအသောက်တွေဟာ လူ့သက်တမ်းကို တိုတောင်းစေတယ်လို့ cnbc အွန်လိုင်းသတင်းဌာနအရ သိရပါတယ်။ သုတေသနတစ်ခုထဲ လူပေါင်း(၁၉,၈၉၉) ဦးကို ဆယ်စုနှစ်(၂) စုကြာ လေ့လာခဲ့ရာမှာ အောက်ပါအတိုင်း တွေ့ရှိခဲ့ကြပါတယ်။

ပညာရှင်တွေဟာ အစားအသောက်တွေကို ဓာတုနည်းနဲ့ မပြုပြင်ထားတဲ့အစားအသောက်၊ ဓာတုနည်းတွေနဲ့ အလွန်အကျွံပြုပြင်ထားတဲ့ အစားအသောက်တွေဆိုပြီး အမျိုးအစား (၄) မျိုးခွဲခြားခဲ့ပါတယ်။ ဒီအခါ တွေ့ခဲ့ရတာက ဓာတုနည်းနဲ့ပြုပြင်စီမံထားတဲ့ အစားအသောက်တွေဟာ အသေစောစေတာကို တွေ့ရှိခဲ့ကြပါတယ်။

တစ်နေ့တာအတွင်း ၄င်းအစားအသောက်တွေကို (၅) ကြိမ် သို့မဟုတ် (၅) ကြိမ်ထက် ပိုပြီး စားသောက်တဲ့သူတွေဟာ သေဆုံးရန်ရာခို်င်နှုန်း (၆၂) ရာခိုင်နှုန်း တိုးမြှင့်နေတာကို တွေ့ရပါတယ်။ အဓိကအကြောင်းရင်းကတော့ ၄င်းအစားအသောက်တွေဟာ ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။

READ
ဖရဲသီးရဲ့ အံ့ဖွယ်အစွမ်း(၇)မျိုး
Shutterstock/ Africa Studio

အဆင်သင့်ပြုလုပ်ထားပြီးတဲ့ အသားတွေ၊ အချိုများတဲ့ အဖျော်ယမကာတွေ၊ နို့ထွက်ပစ္စည်းတွေနဲ့ အာလူးကြော်တွေဟာ အလွန်အကျွံပြုပြင်ဖန်တီးထားတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ချောကလက်၊ ကွတ်ကီး၊ ပီဇာ၊ အသားလုံး၊ ဒိုးနပ်၊ မယိုးနိစ်၊ မာဂျရင်း၊ မစ်ရှိတ်၊ ဆိုဒါနဲ့ အချိုပါတဲ့ သောက်စရာတွေ၊ ကြက်သားတုံးကြော်၊ ပေါင်မုန့်၊ ဘာဂါ၊ ဈေးကွက်ထဲမှာ အလွယ်တကူ ၀ယ်ယူသောက်သုံးနိုင်တဲ့ စွပ်ပြုတ်တွေ၊ ရေခဲမုန့်၊ အယ်လ်ကိုဟော၊ ၀ီစကီနဲ့ ဂျင် စတာတွေ ပါဝင်ပါတယ်။

Shutterstock/ Niloo

ဆားနဲ့ အချိုများတဲ့ အစားအသောက်တွေ၊ ကျပ်တင်အစားအသောက်တွေ၊ ဟင်းသီးဟင်းရွက် ဆီသွပ်ဘူးတွေ၊ အချိုရည်စိမ်ထားတဲ့ သစ်သီးဆီသွတ်ဘူးတွေ၊ ချိစ်၊ ပေါင်မုန့်၊ အငန် သို့မဟုတ် အချိုပါတဲ့ အစေ့အဆံထုပ်တွေလည်း ပါဝင်ပါတယ်။ လေ့လာချက်တွေအရ အလွန်အကျွံဖန်တီးထားတဲ့ အစားအသောက်တွေဟာ နှလုံးရောဂါ၊ ကင်ဆာရောဂါတို့နဲ့  များစွာ ဆက်စပ်မှုရှိနေတာကို တွေ့ရတာကြောင့် အသက်ရှည်ပြီး ကျန်းကျန်းမာမာ နေထိုင်နိုင်ဖို့ အလွန်အကျွံပြုပြင်စီမံထားတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

READ
တို့ဟူး(တို့ဖူး)မှပေးစွမ်းတဲ့အာနိသင်(၄)မျိုး
Shutterstock/ Sergey Lavrentev

လင်းလင်း (ShweMom)

SHARE