ဘာဂါတစ်ခုစားပြီး သားသတ်လွတ်သမားကနေ သားသတ်သမားဖြစ်လာသူ

Facebook/Tammi Jonas

ဆယ်နှစ်နီးပါးလောက် သားသတ်လွတ်စားလာတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဘာဂါတစ်လုံးကြောင့် သားသတ်သမားဖြစ်သွားတယ်ဆိုရင် သင်အံ့သြမယ်ထင်ပါတယ်။ သူမရဲ့တတိယမြောက်ကလေးကိုယ်ဝန်ရှိချိန်မှာ အသားဘာဂါ တစ်လုံးစားဖြစ်ပြီး သူမရဲ့ lifestyle ပါလုံးဝပြောင်းသွားခဲ့တာပါ။

အသက်(၄၉)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Tammi Jonas ဟာ တိရစ္ဆာန်တွေကိုပြုမှုဆက်ဆံပုံတွေ အကြောင်း စာအုပ်ဖတ်မိပြီးနောက်မှာ  သားသတ်လွတ်သမားဖြစ်လာခဲ့ပါတယ်။

သွေးအားနည်းရောဂါရှိသူမဟာ ကိုယ်ဝန်လည်းရှိလာတာကြောင့် ဆယ်နှစ်ကြာမစားခဲ့တဲ့ အသားရဲ့အရသာကို ပထမဆုံးပြန်ထိတွေ့ပြီးနောက်မှာ အရာရာပြောင်းလဲသွားခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီနောက် သူမကိုယ်ဝန်ရှိစဉ်တစ်လျှောက်လုံး တစ်ပတ်ကိုတစ်ကြိမ် အမဲသားနဲ့သိုးသားတွေကို ပြန်စားခဲ့တာဖြစ်ပါတယ်။

နောက်ပြီး စီးပွားဖြစ် အသားရောင်းချတဲ့အလုပ်ကိုပါ လုပ်ကိုင်လာခဲ့ပါတယ်။ အခုသူမဟာ ၀က်သားရောင်းချနေသလို အခုဆို သူမမှာ ကိုယ်ပိုင်ဝက်မွေးခြံတစ်ခြံပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

Facebook/Tammi Jonas

Tammiနဲ့သူမခင်ပွန်း Stuartတို့ဟာ တစ်နိုင်တစ်ပိုင်းမွေးမြူရေးခြံလေးစလုပ်ခဲ့ကြတာဖြစ်ပြီး၊ တိရစ္ဆာန်တွေကို စေတနာပါပါနဲ့လူသားဆန်စွာ အဓိကထားမွေးမြူကြတယ်လို့ဆိုပါတယ်။ ပြီးရင်း အသားရောင်းချဖို့အတွက် အသားတွေကို ချိတ်တွေနဲ့ စနစ်တကျချိတ်ပြီးထားတယ်။ အခု လုပ်ငန်းလည်းတဖြေးဖြေးတွင်ကျယ်လာပြီဖြစ်သလို အိမ်ထောင်စု(၈၀)လောက်ကို ရောင်းချပေးနေရပါတယ်။ သူမရဲ့မွေးမြူရေးလုပ်ငန်းအတွက်နဲ့ လူတွေအန္တရာယ်ဖြစ်စေမယ့် ဓာတုပစ္စည်းတွေကိုလုံးဝအသုံးပြုခြင်းမရှိပါဘူး။

လူတွေရဲ့အစားအစာအတွက် တိရိစ္ဆာန်တွေကိုသတ်ရတာဟာ အကျင့်ပျက်တာလို့မထင်ပါဘူး။ ကျွန်မစိတ်လုံခြုံပါတယ်။ ဒါပေမယ့် တိရိစ္ဆာန်တွေကို ရက်စက်စွာနှိပ်စက်နေတာကမှ ယုတ်ညံ့တယ်လို့ထင်တယ်။ ကျွန်မသူတို့ကို ကောင်းကောင်းမွန်ထားတယ် ကောင်းကောင်းမွန်မွန်ကျွေးတယ်။ ခြံထဲမှာလည်း ပြွတ်သိပ်ချုပ်ထားမျိုးလည်းမလုပ်ပါဘူး။ လူသားဆန်ဆန်ဆက်ဆံပေးတယ်။

Facebook/Tammi Jonas

လူတစ်ချို့က တိရိစ္ဆာန်တွေကိုသတ်တာဟာ လူ့ကျင့်ဝတ်ချိုးဖောက်တယ်ဆိုတဲ့ လိုင်းပေါ်ကိုဆွဲတင်ချင် တင်ကြပါလိမ့်မယ်။ ဒါပေမယ့်ကျွန်မကတော့အဲ့ဒီိမထင်မိဘူး။လူတွေစားသုံးအသက်ရှင်ဖို့အတွက် တိရိစ္ဆာန်တွေကိုသတ်ဖြတ်ရတာဟာ သက်မွေးမှုဝိနည်းနဲ့မကိုက်ညီတဲ့ကိစ္စမဟုတ်ဘူး၊ သူတို့အသက်ရှိစဉ် ညှင်းပန်နှိပ်စက်နေတာကမှ လူသားမဆန်မှုလို့ယူဆကြောင်း Tammiကသူမရဲ့ခံယူချက်ကိုပြောပြခဲ့ပါတယ်။

Khaing

SHARE