ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်လို့ ဝိတ်ကျချင်တဲ့ သူတွေ စားပေးသင့်တဲ့ အစားအစားများ

shutterstock/Elnur

ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ အဆီတွေပိုလျှံနေခြင်းက ကျန်းမာရေးကို ထိခိုက်စေသလို ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း လျော့ကျစေပါတယ်နော်။ ဒီတော့ ဝိတ်ထိန်းချင်တဲ့သူတွေ၊ ဝိတ်လျော့ချင်တဲ့ သူတွေအနေနဲ့ ခန္ဓာကိုယ်မှာ ပိုနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေတဲ့ အစားအသောက်တွေကို ဝေမျှပေးလိုက်ပါတယ်။

Probiotic – rich foods

shutterstock/Rimma Bondarenko

Probiotic  – rich foods ဆိုတာကတော့ အချည်ဖောက်ထားတဲ့ အစားအစာတွေဖြစ်ပြီး ဒါတွေက ကယ်လိုရီကို များများလောင်ကျွမ်းစေပါတယ်။ ဥပမာ- ကင်မ်ချီ တို့လို ချည်ဖတ်တွေ၊ ဒိန်ချည် စတဲ့ အစားအစာတွေက ဝိတ်မတက်စေပဲ မလိုအပ်တဲ့ အဆီတွေကို လောင်ကျွမ်းစေပါတယ်။

Wild Salmon

ဆယ်လမွန်ငါးမှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီတွေများစွာပြီး ခန္ဓာကိုယ်ရဲ့ ပိုလျှံနေတဲ့ အဆီတွေကိုတော့ ဖယ်ရှားပေးပါတယ်။ ပရိုတိန်းဓာတ်ပြည့်ဝတဲ့ ဒီဆယ်လမွန်ငါးမှာ omega 3 fatty acid ပါဝင်တဲ့အတွက်ကြောင့် ထိခိုက်နာကျင်မှုတွေကို တိုက်ထုတ်ပေးပါတယ်။ နောက်ပြီး ပရိုတိန်းဓာတ်ပြည့်ဝနေတဲ့အခါ လူက အလွယ်တကူ ဗိုက်မဆာတော့ပဲ အစားစားခြင်းကို ထိန်းချုပ်နိုင်ပါတယ်။

READ
ချက်ချင်းလက်ငင်း သင့်ကိုယခင်ထက်ပိုလှပနေစေမယ့် နည်းလမ်းကောင်းများ

ထောပတ်သီး

shutterstock/ Krasula

ထောပတ်သီးက ဝိတ်တက်တယ်လို့ လူတော်တော်များများက ထင်ကြပါတယ်။ ဒါပေမယ့် ထောပတ်သီးမှာပါတဲ့ အဆီတွေဟာ ခန္ဓာကိုယ်အတွက် ကျန်းမာတဲ့ အဆီတွေဖြစ်ပြီး မလိုအပ်တဲ့ ကျန်းမာရေးနဲ့ မညီညွှတ်မတဲ့ အဆီပိုတွေကိုတော့ ဖယ်ရှားပေးပါတယ်။ နောက်ပြီး ထောပတ်သီးမှာ အမျှင်ဓာတ်လည်း များစွာပါဝင်တဲ့အတွက်ကြောင့် ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ဝိတ်ကိုကျစေတာပါပဲ။

ဥတွေ

ဥအမျိုးမျိုးမှာ ပရိုတိန်းဓာတ်နဲ့ အဆီတွေ အဓိကပါဝင်တဲ့အတွက်ကြောင့် ဗိုက်ဆာလွယ်ခြင်းနဲ့ သွေးတွင်းသကြားဓာတ်လျော့ကျမှုကို မဖြစ်ပေါ်စေပါဘူး။ နောက်ပြီး အဟာရပညာရှင်တွေရဲ့ ပြောစကားအရ ဥတွေဟာ အဆီတွေကို လောင်ကျွမ်းစေပြီး ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးမြှင့်ပေးပါတယ်တဲ့။ ဒါကြောင့်ပဲ ဥတွေကို ဝိတ်ချတဲ့ plan တွေထဲမှာ မပါမဖြစ် စားပေးတတ်ကြတာပါ။

Khin

SHARE