အာဟာရပညာရှင်တွေက ရှောင်ရှားဖို့ပြောထားတဲ့ လူသိနည်းသေးတဲ့ အစားအသောက်များ

မစားမသောက်နဲ့ ကိုယ့်ကိုကိုယ် ညှင်းပန်းနှိပ်စက်နေမယ့်အစား အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကိုစားပြီး လေ့ကျင့်ခန်းလုပ်ဖို့ အာဟာရပညာရှင်တွေက တိုက်တွန်းထားပါတယ်။ လူတွေအနေနဲ့ ပေါင်မုန့်ဖြူ၊ ဆီကြော်စာ၊ အချိုတွေနဲ့ ဆော်ဒါတွေဟာ ကျန်းမာရေးအတွက် မသင့်တော်ဘူးလို့ သိကြပေမယ့် လူသိနည်းပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိတာကြောင့် ရှောင်ကြဉ်သင့်တဲ့ အစားအသောက်တွေလည်း ရှိပါသေးတယ်။

ဆန်

© pixabay

ဆန်ဟာ ပေါင်မုန့်နဲ့ ဆင်တူပါပဲ။ အာဟာရဓာတ်အရပြောရမယ်ဆိုရင် ဆန်ဖြူတွေဟာ ကျန်းမာရေးအတွက် သိပ်အကျိုးမပြုပါဘူး။ ဆန်ထဲမှာ ၀ိတ်တက်စေနိုင်တဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပါနေပါတယ်။ အာဟာရပညာရှင်တွေကတော့ ဆန်တွေဟာ ကျန်းမာရေးအတွက် ကောင်းပေမယ့် ဆန်အရည်အသွေးကတော့ အထူးကောင်းမွန်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ငရုတ်ဆီ

© pixabay

ဈေးကွက်မှာရောင်းချနေတဲ့ ငရုတ်ဆီ၊မယိုးနိစ်အပါအ၀င် အခြားအနှစ်ရည်၊ အချဉ်ရည်တွေမှာ သကြားတွေ ပါနေပါတယ်။ တကယ်တမ်း ခရမ်းချဉ်သီးဆော့စ်တွေမှာဆိုရင် အရသာကောင်းအောင် သဘာဝခရမ်းချဉ်သီး သုံးတာမျိုးမရှိပဲ သကြားထည့်တာတွေ များပါတယ်။ ဒါကြောင့် အာဟာရပညာရှင်တွေကတော့ ဆော့စ်တွေကို မစားပဲ တတ်နိုင်ရင် ကိုယ်တိုင် လုပ်စားဖို့ တိုက်တွန်းထားပါတယ်။

READ
ကိုယ့်ကိုယ်ကို ယုံကြည်မူရှိပြီး အများရဲ့စံပြအမျိုးသမီးဖြစ်အောင်နေထိုင်နည်း

သစ်သီးခြောက်များ

© pixabay

သစ်သီးခြောက်တွေဟာ ယနေ့ခေတ်မှာ ပေါ်ပြူလာဖြစ်လာပါတယ်။ ဒါပေမယ့် အချို့စီးပွားရေးသမားတွေက အသီးခြောက်တွေကို အာလူးကြော်တွေလုပ်တဲ့ နည်းလမ်းအတိုင်းပဲ လုပ်ပြီး ပြန်ရောင်းပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်နဲ့ အသီးခြောက်တွေထဲမှာ အာလူးကြော်တွေလိုပဲ ကယ်လိုရီတွေ အများကြီး ပါနေနိုင်ပါတယ်။ အသီးခြောက်တွေ မ၀ယ်ခင် သူတို့ရဲ့ အရောင်အဆင်း၊ ပျော့ပျောင်းမှုနဲ့ အနံ့အရသာတွေကို ဂရုစိုက်ပါ။ တကယ်လို့ အသီးကြော်တွေမဟုတ်ပဲ အသီးခြောက်တွေသာဆိုရင် အရောင်တောက်ပမှာ မဟုတ်တဲ့အပြင် ပျော့ပျော့ပျောင်းပျောင်းလဲရှိမှာ မဟုတ်ပါဘူး။

စပျစ်သီး

© pixabay

ကြားရတာ ထူးဆန်းပေမယ့် စပျစ်သီးတွေဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ တစ်ချိန်တည်းမှာ စပျစ်သီးတွေကို တစ်ခိုင်လုံး စားမိစေတာကြောင့် ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်တွေ အများကြီး စုဆောင်းမိစေပါတယ်။ အာဟာရပညာရှင်တွေကတော့ စပျစ်သီးကို အခြားအစားအသောက်တွေနဲ့ ရောစပ်ပြီး ချင့်ချိန်စားသင့်ကြောင်း ဆိုပါတယ်။ အဆီများတဲ့ အစာတွေ၊ ငါး၊ သခွားသီး၊ သခွားမွှေး၊ ဘီယာ၊ နို့တွေနဲ့ တွဲမစားသင့်ဘူးလို့ သိရပါတယ်။

READ
လရောင်မဲ့သော ရင်ဘတ်များ

ဒိန်ချဉ်ချို

© pixabay

အာဟာရပြည့်ဝတဲ့ နို့ထွက်ပစ္စည်းတွေဟာ မချိုပါဘူး။ ဒိန်ချဉ်တွေက ကျန်းမာရေးအတွက် အမှန်တကယ်ကောင်းမွန်ပေမယ့် သူ့ထဲ သကြားထည့်မစားတာ ပိုကောင်းပါတယ်။ အာဟာရပညာရှင်တွေကတော့ တာရှည်ခံဓာတုပစ္စည်းတွေမပါတဲ့ ဒိန်ချဉ်တွေကိုသာ သောက်သုံးဖို့ အကြံပေးထားပါတယ်။ သဘာဝဒိန်ချဉ်ကိုပဲ လတ်ဆတ်တဲ့အသီးအနှံလေးတွေထည့်သောက်ချင်တယ်ဆိုရင်လည်း သောက်နိုင်ပါတယ်။

လင်းလင်း (ShweMom)

Ref: brightside

SHARE