သင်ထင်ထားတာထက် ပိုပြီး တာရှည်အထားခံတဲ့ အစားအသောက်များ

5PH/ Shutterstock UNYKA/Shutterstock

အချို့သော အစားအသောက်တွေဟာ အခြားအစားအသောက်တွေထက် ပိုပြီးပျက်စီးလွယ်ပါတယ်။ ဒါပေမဲ့ ထိန်းသိမ်းနည်းသိခဲ့ရင် အစားအသောက်တွေဟာ အံ့သြစရာကောင်းလောက်အောင် တာရှည်ခံပါတယ်။ အောက်ဘက်မှာတော့ ထင်ထားတာထက်တောင် ပိုပြီးတာရှည်ခံနေတတ်တဲ့ အစားအသောက်တွေကို insider သတင်းကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

အသီးခြောက်များ

5PH/ Shutterstock

အသီးခြောက်တွေဟာ လအနည်းငယ်လောက်ထိ သို့မဟုတ် တစ်နှစ်အထက် အထားခံပါတယ်။ မက်မွန်သီးခြောက်၊ စပျစ်သီးခြောက်နဲ့ ဇီးသီးခြောက်တွေဟာ သေချာအလုံပိတ်ထားတဲ့ ဘူးထဲမှာထည့်ထားရင် (၆) လလောက် တာရှည်ခံပါတယ်။ ရေခဲသေတ္တာထဲ သေချာအဖုံးကြပ်ကြပ်ပိတ်ပြီး ထည့်ထားရင်တော့ ထိုထက်ပိုပြီး တာရှည်ခံတယ်လို့လည်း သိရပါတယ်။

ခေါက်ဆွဲခြောက်များ

UNYKA/Shutterstock

ခေါက်ဆွဲခြောက်တွေဟာ သေချာသိမ်းဆည်းထားရင် နှစ်အနည်းငယ်ကြာတဲ့အထိ တာရှည်ခံနိုင်ပါတယ်။ ပါစတာခေါက်ဆွဲခြောက်တွေဆိုရင် ဘူးထဲတင်းတင်းကြပ်ကြပ်ထည့်သိမ်းထားတဲ့အခါ (၂) နှစ်အထက် အထားခံပါတယ်။ ချက်ပြုတ်လိုက်ရင်တော့ ရေခဲသေတ္တာထဲမှာ (၃-၄) ရက်အထိလောက်ပဲ ခံပါတယ်။

READ
မဆင်မခြင် မထိကိုင်သင့်တဲ့ ခန္ဓာကိုယ်ပေါ်က နေရာ (၅) မျိုး

အာလူးများ

pexels/pixabay

အာလူးတွေဟာ အညှောင့်မထွက်လာဘူးဆိုရင် လပေါင်းများစွာစားလို့ရပါတယ်။ သေချာထားသိုမယ်ဆိုရင် လနဲ့ချီပြီး အထားခံပါတယ်။ အာလူးစိမ်းတွေကို အညှောင့်ထွက်ပြီး အစိမ်းရောင်ပြောင်းသွားတာကနေ ကာကွယ်နိုင်ဖို့ မှောင်မည်းပြီး အေးမြတဲ့ပတ်ဝန်းကျင်မှာ ထားဖို့လိုပါတယ်။ အာလူးတွေက နေပူထိလို့မရပါဘူး။ နေပူထိလိုက်တဲ့အခါကျရင် ဆိုလာနိုင်းဆိုတဲ့ အဆိပ်ထွက်ပြီး ၄င်းအဆိပ်ကို ပမာဏအများကြီး စားသုံးမိတဲ့အခါ အဆိပ်သင့်နိုင်ပါတယ်။ အာလူးစိမ်းတွေကို ရေခဲသေတ္တာထဲမထည့်တာကောင်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ ရေခဲသေတ္တာထဲထည့်ထားတဲ့ အာလူးတွေကို မီးဖုတ်လိုက်၊ ကြော်လိုက်တဲ့အခါ ကင်ဆာဖြစ်နိုင်တဲ့ ပစ္စည်းတွေထွက်နိုင်လို့ပါပဲ။

ဆီသွတ်ဘူးများ

NLAURIA/ iStock

ဆီသွတ်ထားတဲ့ အသားတွေဟာ (၂) နှစ်ကနေ (၅) နှစ်အတွင်း တာရှည်ခံနိုင်ပါတယ်။ အသားဘူးတွေကို (၂) နှစ်ကနေ (၅) နှစ်အတွင်း စင်ပေါ်မှာဒီအတိုင်းတင်ထားလည်း ဘာမှမဖြစ်ပါဘူး။

အုတ်ဂျုံများ

iStock

အုတ်ဂျုံတွေဟာ သတ်မှတ်ထားတဲ့ သက်တမ်းကုန်ဆုံးရက်ထက် ပိုပြီးကြာရှည်ခံပါတယ်။ ယေဘူယျအားဖြင့် အစေ့အဆန်တွေဆိုတာ မီးဖိုဆောင်မှာ မရှိမဖြစ်ပစ္စည်းတွေဖြစ်ပေမယ့် သူတို့ကို သေချာထိန်းသိမ်းတဲ့အခါ ပိုလို့တောင် တာရှည်ခံပါသေးတယ်။ အုတ်ဂျုံတွေဟာ (၄) လလောက် စင်ပေါ်မှာ အထားခံပါတယ်။ ဒါပေမဲ့ အုတ်ဂျုံတွေကို ရေခဲသေတ္တာအခဲခန်းထဲ ထည့်ထားရင် (၈) လလောက်ထိ တာရှည်ခံတယ်လို့လည်း သိရပါတယ်။

READ
ပလပ်စတစ်ဗူးခွံများကို လှပသောအသုံးအဆောင်များအဖြစ်ပြောင်းလဲနည်းများ

လင်းလင်း (ShweMom)

SHARE