စိတ်ကျန်းမာရေး ကောင်းမွန်အောင် ထိန်းညှိပေးနိုင်တဲ့ အစားအသောက်များ

စိတ်ပူပန်စိုးရိမ်တာ၊ စိတ်လှုပ်ရှားလွယ်တာ၊ စိတ်အတက်အကျမြန်တာစတဲ့ စိတ်မကျန်းမာတဲ့ လက္ခဏာရပ်တွေကို အရွယ်ရောက်သူ အမေရိကန်လူဦးရေ သန်း(၄၀)ကျော်မှာ ဖြစ်ပွားနေတာကို တွေ့ရှိရပါတယ်။ ဒီထဲကမှ (၃၆.၉) ရာခိုင်နှုန်းသာ ကျန်းမာရေးဆေးကုသမှုခံယူနေရတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ စိတ်ကျန်းမာရေး ကောင်းမွန်ဖို့ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေက တဖက်တလမ်းကနေ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် စာဖတ်သူတွေအနေနဲ့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲကမှ စိတ်ပျော်ရွှင်မှုနဲ့ ကျေနပ်မှုရဖို့ ဘယ်လိုအစားအသောက်တွေကို ရွေးချယ်သင့်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

အာလူးကြော်နဲ့ ပေါက်ပေါက်ဆုပ်

© Depositphotos.com

အာလူးကြော်တွေက ၀ယ်ရတာလည်း လွယ်ကူသလို အရသာလည်း ကောင်းမွန်တဲ့အတွက် လူတွေက အဆာပြေစာအနေနဲ့ မကြာခဏစားကြပါတယ်။ ဒါပေမယ့် အာလူးကြော်တွေမှာ ပြည့်ဝဆီတွေနဲ့ အိုမီဂါ(၆) ဖက်တီအက်စစ်တွေ အများအပြားပါဝင်ပါတယ်။ အိုမီဂါ(၆)ဖက်တီအက်စစ်တွေဟာ စိတ်ပျော်ရွှင်မှုဖြစ်စေတဲ့ အက်စစ်တွေထွက်လာတာကို တားဆီးပေးပါတယ်။ ဒီအတွက် သားရေစာအဖြစ် အာလူးကြော်အစား ပေါက်ပေါက်ဆုပ်ကိုစားပေးသင့်ပါတယ်။ ပေါက်ပေါက်ဆုပ်မှာ ကာဗိုဟိုက်ဒြိတ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ဆယ်ရိုတိုနင်မြှင့်ပေးနိုင်ပြီး ပျော်ရွှင်ကျေနပ်မှုရစေပါတယ်။

READ
ရင်သားကင်ဆာကိုကာကွယ်နိုင်တဲ့ အသီးအနှံ(၇)မျိုး

နို့ချောကလက် နဲ့ အနက်ရောင်ချောကလက်

© Depositphotos.com

အနက်ရောင်ချောကလက်မှာ အနန်ဒါမိုက်ဒ်လို့ခေါ်တဲ့ စိတ်ဖိအားကိုလျော့ချပေးတဲ့ အက်စစ်ကွန်ပေါင်းတစ်မျိုး ပါဝင်ပါတယ်။ ချောကလက်ဟာ နာကျင်မှုဝေဒနာနဲ့ စိတ်မသက်မသာဖြစ်တာတွေကိုလည်း တားဆီးပေးပါတယ်။ ဒါကြောင့် ချောကလက်ရွေးချယ်ဝယ်ယူမယ်ဆိုရင် (၇၂)ရာခိုင်နှုန်း ကိုကိုးပါဝင်ပြီး (၅)ဂရမ်အောက် လျော့နည်းတဲ့ သကြားပမာဏသာပါဝင်တဲ့ ချောကလက်ကို ရွေးချယ်ဝယ်ယူဖို့ မမေ့သင့်ပါဘူး။

အချိုရည်နဲ့ လက်ဖက်စိမ်း

© Depositphotos.com

အချိုရည်တွေဟာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ အားလုံးသိကြမှာပါ။ အချိုရည်တွေက ကိုယ်ကာယကျန်းမာရေးအတွက်တင်မဟုတ်ပဲ စိတ်ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ အချိုရည်တွေမှာ ကာဗိုဟိုက်ဒြိတ်ဓာတ်တွေ ပမာဏများစွာ ပါဝင်တာကြောင့် ချက်ခြင်းပဲ စိတ်လန်းဆန်းသွားအာင် တွန်းအားပေးပါတယ်။ ဒါပေမယ့် အချိုရည်တွေက ကိုယ်တွင်းသကြားဓာတ်ပမာဏကို အတက်အကျမြန်စေတာကြောင့် စိတ်အတက်အကျ အဆမတန် လျင်မြန်စေပါတယ်။ ဒါကြောင့် အချိုရည်တွေသောက်မယ့်အစား လက်ဖက်စိမ်းကို သောက်သုံးသင့်ပါတယ်။ လက်ဖက်စိမ်းမှာ ပါဝင်တဲ့ဓာတ်ဟာ စိတ်ဂဏှာမငြိမ်ဖြစ်တာကို တိုက်ဖျက်ပေးပါတယ်။

ဆားနဲ့  အနက်ရောင်ငရုတ်ကောင်းပေါင်ဒါ

© Depositphotos.com

ပညာရှင်တွေက ဆားအငံတွေ အစားများတဲ့အခါ သွေးဖိအားတိုးမယ့်အပြင် စိတ်ဖိအားကိုပါ တိုးစေတယ်လို့ ဆိုပါတယ်။ အနက်ရောင်ငရုတ်ကောင်း ပေါင်ဒါကိုတော့ ဟင်းလျာတွေထဲ ထည့်ပြီး သုံးစွဲနိုင်ပေမယ့် ဆားနဲ့မတူတာက သူက စိတ်ဖိအား မတိုးစေပါဘူး။ ဒါ့အပြင် အနက်ရောင်ငရုတ်ကောင်းထဲမှာ ပိုက်ပါရင်းလို့ခေါ်တဲ့ စိတ်ဓာတ်ကျခြင်းကို တွန်းလှန်ပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုတိုးမြှင့်ပေးတဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။

READ
သဘာဝအတိုင်း မှတ်ဥာဏ်ကောင်းစေဖို့ ဦးစားပေး စားသင့်တဲ့ အစားအသောက်များ

သကြားနဲ့ပျားရည်

© Depositphotos.com

သကြားကို နေရာတော်တော်များများမှာ သုံးစွဲကြပါတယ်။ တခါတလေ အချိုရှောင်ချင်လို့ ကော်ဖီတွေ လက်ဖက်ရည်တွေ မသောက်ဘူးဆိုကာမှ နေ့စဉ်စားနေကြ အစားအသောက်တွေဖြစ်တဲ့ ပေါင်မုန့်၊ သွားတိုက်ဆေးလို အရာမျိုးတွေထဲ သကြားက ရုပ်ဖျက်ပြီး ၀င်လာပါသေးတယ်။ သကြား ပမာဏ အများအပြားစားသုံးခြင်းက စိတ်ဖိစီးမှုကို ဟန့်တားပေးတဲ့ ကိုယ်ခန္ဓာရဲ့စွမ်းရည်တွေကို လျော့ကျစေပါတယ်။ ဒါကြောင့် သကြားသုံးမယ့်အစား ပျားရည်ကို အသုံးပြုပေးနိုင်ပါတယ်။  ပျားရည်မှာ ဦးနှောက်တွင်း ယောင်ယမ်းမှုကို လျော့ချပေးတဲ့ ဓာတ်တွေပါဝင်တာကြောင့် ကျန်းမာရေးအတွက် အများကြီး အကျိုးပြုပါတယ်။

လင်းလင်း (ShweMom)

Ref: Brightside

SHARE