ပိုပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်မယ့် အစားအစာများ

Shutterstock

အခုခတ်မှာ အသက်အရွယ်ကြီးသည်ငယ်သည်မရွေး တော်ရုံနဲ့ အိပ်မပျော်တဲ့အခြေအနေတွေ ကြုံတွေနေရပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အိပ်ဆေးတွေသောက်ဖို့ကလည်း အိပ်ဆေးစွဲသွားတာတို့ ဘာတို့ စတဲ့ မမြင်နိုင်တဲ့ အန္တှရာယ်တွေရှိနိုင်ပါတယ်။ ဒီတော့ ဆေးဝါးတွေရဲ့အကူအညီကိုမယူဘဲ သဘာဝကပေးထားတဲ့ အစားအစာတွေကို ဖြည့်စွက်စာအဖြစ်ပြောင်းသုံးကြည့်ရအောင်လား။ အခုဖော်ပြပေးမှာကတော့ အပြင်မှာလည်း အလွယ်တကူဝယ်ယူနိုင်ပြီး ဈေးလည်းမကြီးမယ့် အစားအစာတွေပါ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်နိုင်ဖို့အတွက် နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ အောက်မှာဖော်ပြပေးမယ့် တစ်မျိုးမျိုးလောက် ထည့်စားပေးလိုက်ပါနော်။

ငှက်ပျောသီး

Shutterstock

ငှက်ပျောသီးမှာ ကြွက်သားတွေကို ပြေလျော့စေတဲ့ ပိုတက်ဆီယမ်ဓာတ် အဓိကပါဝင်ပါတယ်။ ဗီတာမင် B6 လည်း ပြည့်ပြည့်ဝဝပါဝင်နေတဲ့အတွက် ခန္ဓာကိုယ်ထဲက မယ်လတိုနင်ဓတ်တွေကို မြင့်တက်စေပြီး တာရှည်စွာ အိပ်မပျော်ခြင်းကို ပျောက်ကင်းစေပါတယ်။

ချယ်ရီသီး

Shutterstock

မနက်အစောပိုင်းမှာ မယ်လမင်ဓာတ်ကြွယ်ဝတဲ့ ချယ်ရီသီးဖျော်ရည်သောက်ပေးခြင်းကလည်း ခန္ဓာကိုယ်ရဲ့ အားအင်တွေကို ပြန်ဖြည့်ပေးပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ကို အထောက်အကူပြုပါတယ်။ ချယ်ရီသီးနဲ့ နည်းတူ သဗျစ်သီးကိုလည်း စားလို့ရပါသေးတယ်။

Cereal

Shutterstock

သကြားဓာတ်နည်းပြီး ဂျုံနဲ့ လုပ်ထားတဲ့ cereal ကို နွားနို့နဲ့ဖြစ်ဖြစ် စားပေးလို့လည်းရပါတယ်။ ဒီမှာပါတဲ့ ကာဗိုဟိုက်ဒြိတ်ဓာတ်တွေက သွေးထဲမှာရှိတဲ့ ထရိုင်ပ်တိုဖန်ကို မြှင့်တင်ပေးပြီးအိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

READ
ဒိန်ချဉ်ရဲ့ ကျန်းမာရေးကောင်းကျိုး(၆)မျိုး

ဗန်ဒါစေ့

Shutterstock

မဂ္ဂနီဆီယမ်ဓာတ်ပါဝင်နေတဲ့ ဗန်ဒါစေ့ဟာ ကြွက်သားတွေကို ပြေလျော့စေပြီး အိပ်စက်ခြင်းကို အထောက်အကူပြုပါတယ်။ အိပ်ပျော်နေစဉ် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ ပရိုတင်းဓာတ်လည်း ပါဝင်နေပါတယ်။

ကန်စွန်းဥ

Shutterstock

ပိုတက်ဆီယမ်ဓာတ်တွေအများဆုံးပါဝင်နေတဲ့ ကန်စွန်းဥဟာလည်းပဲ ကြွက်သားတွေကိုပြေလျော့စေပြီး အိပ်စက်ခြင်းကို အကူအညီပေးပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ဆိုရင်တော့ နေ့တိုင်းစားပေးရင်တော့ ပိုကောင်းတဲ့ ရလဒ်ကို ခံစားရမှာပါ။

နွားနို့ပူပူတစ်ခွက်

Shutterstock

ကာဗိုဟိုက်ဒြိတ်ဓာတ်တွေ အများကြီးပါတဲ့ ကွေကာအုပ်တို့ ပေါင်မုန့်မီးကင်တို့လို အစားအစာတွေနဲ့ နွားနို့ပူပူလေးတစ်ခွက်ကို တွဲသောက်ပေးလို့လဲရပါတယ်။ နွားနို့မှာပါဝင်တဲ့ ကယ်ဆီယမ်နဲ့ အခြားပါဝင်ပစ္စည်းတွေအကြောင့် စိတ်ဖြေလျော့ပြီး အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေပါတယ်။ ဒါ့ကြောင့်လည်း အနောက်နိုင်ငံတွေမှာ ကလေးတွေကို အိပ်ခါနီး နွားနို့တိုက်တဲ့ အကျင့်လေးရှိနေတာနေမှာ။

ပျားရည်

Shutterstock

ပျားရည်မှာပါတဲ့ Glucose က orexin ကို ပိတ်ချဖို့အတွက် ဦးနှောက်ကို အလုပ်ပေးပါတယ်။ ဒါ့ကြောင့် အလွန်အကျွံမဟားတရားတော့ မသောက်ပါနဲ့နော်။ ညမအိပ်ခင်ပျားရည်တစ်စွန်းလောက်ဆိုရင် ကောင်းကောင်းကြီးလုံလောက်ပါပြီ။

READ
ခြေချိတ်မထိုင်သင့်တဲ့ အကြောင်းအရင်းများ (ကျန်းမာရေးရှုထောင့်)

Dark Chocolate

Shutterstock

Milk chocolate တွေအစား ခါးသက်သက်အရသာရှိတဲ့ dark chocolate ကို ပုံမှန်လေး ပြောင်းစားကြည့်ပါလား။ Dark chocolate က စိတ်ရော ကိုယ်ကိုပါ relax ဖြစ်စေနိုင်တဲ့အတွက် ကောင်းကောင်းအိပ်ပျော်စေမှာ အသေအချာပါပဲ။

SHARE