ကမ္ဘာ့အသက်အရှည်ဆုံး လူတွေ အကြံပြုထားတဲ့ စားသင့်သော အစားအစာများ

Unsplash/Ie

စာရေးဆရာ Dan Buettner ရေးသားထားတဲ့ The Blue Zones Kitchen ဆိုတဲ့ ဟင်းချက်နည်းစာအုပ်ထဲမှာ ကမ္ဘာပေါ်က အသက်အရှည်ဆုံးလူတွေ ဘယ်လိုစားသောက် နေထိုင်ခဲ့တယ်ဆိုတာကိုပါ ရေးသားထားပါတယ်။ အဲဒီစာအုပ်ထဲမှာ အသက်အရှည်ဆုံးလူတွေက အကြံပြုထားတဲ့ အစားအသောက်တွေပါဝင်ပါတယ်။ သူတို့ အမြဲတမ်း ဒီလို အသက်ရှည်ရှည်နဲ့ နေနေရတဲ့ ဘဝမှာ ဘယ်လိုစားသောက်ခဲ့တယ်၊ ဘယ်အရာတွေကို နေ့စဉ်မှီဝဲခဲ့တယ်ဆိုတာကိုပါ ဖော်ပြထားပါတယ်။ အဆိုပါ စာအုပ်ထဲက ကောက်နှုတ်ဖော်ပြချက်တချို့အရ ကမ္ဘာ့အသက်ရှည်ဆုံး လူတွေရဲ့ အမြဲတမ်းစားသောက်လေ့ရှိတဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။

Amazon.com

၁ – ပဲများ

Blue Zones  စာအုပ်ဟာ ဂျပန်၊ ဂရိ၊ ကယ်လီဖိုးနီးယားစတဲ့ ကမ္ဘာအနှံ့အပြားက လူတွေရဲ့ ဟင်းချက်နည်းတွေ၊ စားသောက်ပုံစားသောာက်နည်းတွေကို ဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ပါ။ အဲဒီလို ကမ္ဘာအနှံ့အပြားက လူတွေရဲ့ စားသောက်ပုံစားသောက်နည်း၊ ဟင်းချက်နည်း၊ အမြဲတမ်းစားနေတဲ့ အရာတွေထဲမှာ ဘုံတူညီတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ပဲ ဖြစ်ပါတယ်။ ကမ္ဘာအနှံ့က လူတွေဟာ ပဲကို ပုံစံမျိုးစုံ၊ အရသာမျိုးစုံနဲ့ စားသောက်နေကြတာကို တွေ့ရှိရပါတယ်။

ပဲကို စားသုံးတာက ပဲဟာ ကျန်းမာရေးအတွက် အင်မတန်ကို အထောက်အကူဖြစ်စေရုံသာမကဘဲ အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် ဘတ်တရီးယားပိုးတစ်ချို့ကိုလည်း အားဖြည့်ပေးစေတဲ့ အရာတစ်ခုပါ။ ပရိုတန်းဓာတ်အများအပြားပါဝင်ပြီး သူနဲ့ အတူ တွဲဖက်စားသုံးလို့ရတဲ့ ပရိုတန်းဓာတ်အများအပြားပါဝင်တဲ့ ဆန်တို့၊ ပြောင်းတို့နဲ့ စားသုံးမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် လိုအပ်တဲ့ အမိုင်နိုအက်စစ်ကို ရရှိစေမှာပဲဖြစ်ပါတယ်။

Pexels/INC

၂  – အခွံမာသီး

READ
တမလွန်မှ တစ်စုံတစ်ယောက်က သင့်ကိုဆက်သွယ်နေကြောင်း သိနိုင်မယ့်အချက် (၁၀) ချက်

အသက် ၁၀၀ အထိ အသက်ရှည်ရှည်နေကြတဲ့ လူတွေ အမြဲလိုလို စားလေ့ရှိတဲ့ အရာကတော့ အခွံမာသီး(nuts)ဖြစ်ပါတယ်။ အဟာရဓာတ် ပြည့်ဝနေတဲ့ အခွံမာသီးကို စားသုံးခြင်းအားဖြင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် အဆီဓာတ်တွေ၊ ပိုတက်ဆီယမ်ဓာတ်နဲ့ ပရိုတိန်းဓာတ်တို့ကို ရရှိစေမှာဖြစ်ပါတယ်။

၃ – သံလွင်ဆီ

ပဲတို့၊ အခွံမာသီးတို့ ပြီးနောက်မှာ နောက်ထပ် အသက်ရှည်တဲ့လူတွေ အမြဲစားသောက်နေတဲ့ အရာကတော့ သံလွင်ဆီပါ။ သံလွင်ဆီကို ဟင်းချက်တဲ့ နေရာမှာလည်း သုံးသလို ပေါင်မုန့်တို့၊ အသီးအရွက်တို့နဲ့လည်း စားသုံးနိုင်တဲ့ ဆီတစ်မျိုးဖြစ်ပါတယ်။ သံလွင်ဆီဟာ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတချို့ကိုလည်း တားဆီးပေးနိုင်တဲ့အပြင် ကိုလက်စထေရာများပြားမှုကိုလည်းလျော့ပေးနိုင်စွမ်းလည်း ရှိပါတယ်။

ဒါ့အပြင် ကင်ဆာဖြစ်နိုင်ချေကို လျော့ပေးနိုင်တဲ့ အစွမ်းထက် ဆီတစ်မျိုးဖြစ်တာကြောင့် လူသုံးတဲ့ ဆီတစ်မျိုးပါ။ ဒါ့အပြင် ကိုယ်အလေးချိန်ကို လျော့ကျစေတဲ့ ဆီတွေထဲမှာ သံလွင်ဆီပါဝင်ပါတယ်။

၎ – Cruciferous Vegetables

Cruciferous vegetables ဆိုတာ ဂေါ်ဖီထုတ်မျိုးနွယ်ဝင်တွေဖြစ်ပါတယ်။ ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်လာဥတွေဟာ ဂေါ်ဖီထုတ်မျိုးနွယ်ဝင်တွေပါ။ Cruciferous vegetables တွေကို ပုံမှန်စားသုံးခြင်းမယ်ဆိုရင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမှာပါ။ ဒါ့အပြင် ဂေါ်ဖီထုတ်တွေမှာပါတဲ့ ဓာတ်သတ္ထုတွေဟာ ကင်ဆာရောဂါဖြစ်နိုင်စွမ်းကို တားဆီးပေးတဲ့ အပြင် ကင်ဆာဖြစ်စေမယ့် အရာတွေ၊ ဓာတ်သတ္ထုတွေကိုပါ ပြောင်းလဲပေးနိုင်ပါတယ်။ ဂေါ်ဖီထုတ်မျိုးနွယ်ဝင်အသီးအနှံတွေမှာပါဝင်တဲ့ glucosinolates ဟာ ကင်ဆာကာကွယ်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။အမျှင်ဓာတ်၊ ဖော်လိမ့်၊ ဗိုက်တာပင် C ၊ E ၊ K တို့ ပါဝင်နှုန်းမြင့်မားပါတယ်။ ဦးနှောက်လုပ်ဆောင်ချက်တို့အတွက်လည်းကောင်းမွန်စေတဲ့ သဘာဝအသီးအနှံ့ဖြစ်သလို အရိုးအဆစ်များလည်း ကောင်းမွန်စေတဲ့ အသီးအနှံတွေဖြစ်ပါတယ်။

Unsplash/Zuzka

၅ – ရေများများ သောက်ခြင်း

READ
(၂၀၁၈) ခုနှစ် တောရိုင်းတိရစ္ဆာန်ဓာတ်ပုံပြိုင်ပွဲရဲ့ ရင်သပ်ရှုမောဖွယ် ဓာတ်ပုံများ

ကျန်းမာရေးအတွက် ဖြစ်စေ၊ အနာတရကင်းမဲ့ပြီး အသက်ရှည်စေဖို့ဆိုရင်တော့ အစားအသောက်တွေအပြင် ရေများများသောက်ဖို့ကလည်း လိုအပ်ပါတယ်လို့ The Blue Zone စာအုပ်က ဆိုထားပါတယ်။ အချိုရည်သောက်မယ်ဆိုရင် သကြားပါဝင်နှုန်းမြင့်တဲ့  အချိုရည်သောက်သုံးတာဟာ ကျန်းမာရေးအတွက် ဆိုးဝါးစေတဲ့ အရာတစ်ခုဖြစ်တာကြောင့်လည်း သကြားမပါဝင်တဲ့ အချိုရည်ကို သောက်တာဟာ ကျန်းမာရေးအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်လို့ ဆိုပါတယ်။ေ

၆ – ကော်ဖီသောက်ခြင်း

တစ်ကမ္ဘာလုံးက ကြိုက်နှစ်သက်တဲ့ အရာတွေထဲမှာ ကော်ဖီဟာ ထိပ်ဆုံးက ရှိနေတဲ့ အရာတစ်ခုပါ။ ကော်ဖီသောက်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းစေတယ်လို့ဆိုထာားတဲ့  လေ့လာချက်တွေ့ရှိချက်တွေ အများကြီးရှိပါတယ်။ ကော်ဖီဟာ နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါဖြစ်မှုကို လျော့ကျစေနိုင်ပြီး အသည်းရောဂါတွေကိုလည်း ကာကွယ်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ဦးနှောက်ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။တစ်ခုရှိတာ ကော်ဖီသောက်တော့မယ်ဆိုရင် ကျန်းမာရေးအတွက် အနှောင့်အယှက်ဖြစ်စေမယ့် သကြားနည်းနည်းသာ ထည့်ပြီး သောက်သုံးတာက ပိုပြီး ကောင်းပါတယ်။ သကြားအလွန်အကျွံစားသုံးခြင်းဟာ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေမှာပါ။

ကော်ဖီမရှိဘူးဆိုရင်တော့ လက်ဖက်ရည်အကြမ်းတစ်ခွက်လောက်နဲ့တင် လုံလောက်ပါတယ်လို့ ဆိုပါတယ်။ Blue Zone ရဲ့ လေ့လာချက်အရ ဂျပန်နိုင်ငံက လူတွေဟာ Green Tea အမြောက်အများ သောက်သုံးကြတယ်လို့ ဆိုပါတယ်။ Green Tea ကို သောက်သုံးခြင်းအားဖြင့် ကင်ဆာရောဂါကို ကာကွယ်နိုင်စွမ်းရှိပါတယ်။

Ye Yint Kyaw

SHARE