ကောင်းမွန်စွာအိပ်ပျော်စေနိုင်သော အစားအစာများ

အိပ်ရေးမဝခြင်းဟာ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေရုံသာမက စိတ်ပိုင်းဆိုင်ရာကိုပါ အများကြီးထိခိုက်စေပါတယ်။ အသက်ကြီးတဲ့ အဖိုးအဖွားတွေလည်း ညဖက်တွေမှာ ကောင်းမွန်စွာ အိပ်မပျော်နိုင်ကြပါဘူး။ rd.com ကတော့ ဒီအစားအစာလေးတွေက ကောင်းမွန်စွာ အိပ်ပျော်စေတယ်လို့ ဆိုထားပါတယ်။

(၁) Almond စေ့

Almond စေ့ဟာ အိပ်စက်ခြင်းကို အထူးအားပေးတဲ့ Magnesium ကြွယ်ဝစွာပါတယ်။ ခန္ဓာကိုယ်ထဲမှာ Magnesium နည်းနေတယ်ဆိုရင် ကောင်းမွန်စွာ အိပ်မပျော်နိုင်တော့ပါဘူး။ ဒါကြောင့် Almond စေ့ကို စားသုံးပေးဖို့လိုပါတယ်။

(၂) နို့နဲ့နို့ထွက်ပစ္စည်းများ

ပူနွေးတဲ့ နွားနို့အပြင် အခြားနို့ထွက်ပစ္စည်းတွေအားလုံးက ကောင်းမွန်စွာအိပ်ပျော်စေပါတယ်။ Cheese, ဒိန်ချဉ်နဲ့ နို့တွေမှာပါဝင်တဲ့ Calcium ဟာ ဦးနှောက်ကို ကောင်းမွန်စွာ အိပ်ပျော်စေတဲ့ ဓာတ်တွေကို ထုတ်ပေးဖို့ ကူညီပေးပါတယ်။ Calcium ဟာ ကြွက်သားတွေရဲ့ လှုပ်ရှားမှုကိုလည်း မှန်ကန်စေပါတယ်။

READ
အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးတဲ့အစားအစာများ

(၃)  ဆလပ်ရွက်

ဆလပ်ဟာကောင်းမွန်စွာ အိပ်ပျော်စေနိုင်တဲ့ အထူးအစားအစာဖြစ်ပါတယ်။ သူဟာ စိတ်ကိုငြိမ်သက်စေတဲ့အပြင် ဦးနှောက်ကို ဘိန်းနဲ့ အလားတူ သက်ရောက်နိုင်ပါတယ်။ ဆလပ်ရွက် သုံးလေးခုကို ရေတစ်ခွက်နဲ့ပြုတ်ပြီး ၁၅ မိနစ်ကြာရင် မီးဖိုပေါ်က ချလိုက်ပါ။ အဲဒီ့အရည်ကို ပူစီနံရွက်အနည်းငယ်ရောပြီး မအိပ်ခင်သောက်သုံးပေးပါ။

(၄) ဆန်

အဖြူရောင်ဆန်တွေဟာ အိပ်ပျော်ခြင်းကို အထောက်အကူပြုပါတယ်။ စံပယ်ဆန်(Jasmine rice) aတွဟာ တခြားဆန်တွေထက် လျင်မြန်စွာ အိပ်ပျော်စေပါတယ်။

(၅) ပျားရည်

ပျားရည်မှာပါဝင်တဲ့ သဘာဝ သကြားဓာတ်ဟာ insulin ကိုတိုးမြှင့်ပေးပြီး tryptophan တွေကို ဦးနှောက်ထဲကို လျင်မြန်စွာဝင်ရောက်စေပါတယ်။ ညအိပ်ရာမဝင်မီ ပျားရည်တစ်ဇွန်းကို chamomile tea နဲ့ရောစပ်ပြီး သောက်ပေးခြင်းဖြင့် ကောင်းမွန်စွာ အိပ်ပျော်စေမှာပါ။

READ
ဒေါက်မြင့်ဖိနပ် စီးပါများရင် ဒီလိုထိခိုက်ဒဏ်ရာတွေ ဖြစ်လာနိုင်ပါတယ်

(၆) ကိုက်လန်

အစိမ်းရောင် အရွက်တွေဖြစ်တဲ့ ကိုက်လန်လိုမျိုးအရွက်တွေက calcium ကြွယ်ဝစွာပါဝင်တဲ့အတွက် ဦးနှောက်ကို trytophan ကို အသုံးပြု ပြီး melatonin တွေကို ထုတ်လုပ်ပေးဖို့ အကူအညီပေးပါတယ်။ ဟင်းနုနယ် နဲ့ မုန်ညင်းတို့ဟာလည်း ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။

Em Em(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

 

SHARE