ဗိုက်ကလေးချပ်နေအောင် စားသင့်သောအစားအစာ(၅)မျိုး

မိန်းကလေးတိုင်းလိုလို ဗိုက်ကလေး ချပ်နေတာကို သဘောကျမှာပါ။ ယောင်္ကျားလေးတွေထဲမှာလည်း ဗိုက်ပူ
ချင်တဲ့သူ ရှိမှာမဟုတ်ပါဘူး။ ဒီလို ဗိုက်ကလေးချပ်နေဖို့ဆိုတာ လေ့ကျင့်ခန်းတွေလုပ်ရုံနဲ့တော့ သိသိသာသာ
ကြီး မြန်ဆန်လာမှာမဟုတ်ပါဘူး။ မှန်ကန်တဲ့ အစားအသောက်တွေလည်း စားသောက်ဖို့လိုပါတယ်။

အဓိကအချက်ကတော့ သင့်ရဲ့အစားအသောက်တွေထဲမှာ အသီးအရွက်တွေ ပိုပြီးပါဝင်ဖို့လိုပါတယ်။ သင့်ရဲ့
အဆီတွေကျပြီး သင်လိုချင်တဲ့ ဗိုက်ကြွက်သားလေးတွေ ရလာတဲ့တစ်နေ့ သင်အသီးအရွက်တွေကို ကျေးဇူး
တင်ပါလိမ့်မယ်။

 

(၁) အစိမ်းရောင်အရွက်ရှိသောအရာများ

leafy

ဂေါ်ဘီ၊ ပန်းဂေါ်ဘီတို့လို အသီးအရွက်မျိုးတွေများများ စားပေးပါ။ အရွက်Salad လုပ်စားတာမျိုးက သင့်ကို
အာဟာရ ပြည့်ဝစေပြီး ဝိတ်လည်း မတက်စေပါဘူး။ ဒီအတိုင်း အစိမ်းတိုင်းမကြိုက်ရင်လည်း ချက်ပြုတ်စား
သောက်လို့ရပါသေးတယ်။

(၂) ထောပတ်သီး

avocado-on-a-wooden-table

ထောပတ်သီးမှာ အဆီပါတာတော့ဟုတ်ပါတယ်။ ဒါပေမယ့် အဲ့ဒိအဆီဟာ ကျန်းမာရေးကောင်မွန်စေတဲ့
အဆီပါ။ အခြားအသုပ်တွေထဲမှာလည်း ထည့်စားလို့ရလို့  Sandwich ထဲမှာလည်း ထည့်စားလို့ရပါသေး
တယ်။

READ
အားကစားမလုပ်ပဲ ဝိတ်ချနိုင်မယ့်နည်းလမ်းများ

(၃) လတ်ဆတ်သော အသီးများ

fresh fruit

ဘယ်လိုအသီးမျိုးပဲဖြစ်ဖြစ် စားလို့ရပါတယ်။ ဒါပေမယ့် တစ်မျိုးထဲစားတာထက် အသီးမျိုးစုံစားတာက
အာဟာရဓာတ်ပိုကြွယ်ဝစေပါတယ်။ တစ်နေ့တစ်မျိုး မရိုးရအောင်စားပါ။ ဘယ်ရီသီးတွေဟာ အာဟာရ
အပြည့်ဆုံးနဲ့  ကယ်လိုရီအနည်းဆုံးပါပဲ။ နေ့လည် ၁၂နာရီမတိုင်ခင်မှာ သစ်သီးတစ်မျိုးတော့ စားသင့်
ပါတယ်။ အသီးဟာ အဆာပြေစေသလို အစာချက်တာလည်း မြန်လို့ သင့်ကို စွမ်းအင်အမြန်ဆုံးပေးနိုင်
ပါတယ်။ လေ့ကျင့်ခန်းမဆော့မီမှလည်း အသီးနည်းနည်းစားလို့ရပါတယ်။

(၄) ကုလားပဲ

chickpeas-660x437

ကုလားပဲဟာ အမျှင်ဓာတ်နဲ့ ပရိုတိန်းဓာတ် ကြွယ်ဝပြီး စားလို့လည်းကောင်းပါတယ်။ ဟင်းချိုလည်းလုပ်သောက်
လို့ရပါတယ်။

(၅) အသီးအရွက်ဖျော်ရည်( အထူးသဖြင့် အစိမ်းေ၇ာင်အသီးအရွက် ဖျော်ရည်)

Green-juice-is-scary-looking-say-28-of-Americans_strict_xxl

အသီးအရွက်ဖျော်ရည်ဟာ သင့်ရဲ့ အစာချက်စနစ်ကို မမောပန်းစေပဲ သင့်ကိုအာဟာရပေးနိုင်ပါတယ်။ အိမ်မှာ
အဖျော်စက်အခုထဲက ဝယ်ထားလိုက်တော့နော်။ ဝယ်ထားပြီးလည်း ပစ်မထားနဲ့နော်။

READ
Oatmeal စားသုံးခြင်းဖြင့်ရှိနိုင်တဲ့ အကျိုးကျေးဇူး (၁၀) ခု

Myanmar Online Media

Ref: today.com

SHARE