ဗိုက်ချပ်ချင်တဲ့ ပျိုမေတွေ စားသင့်တဲ့ အသီးအရွက်(၅)မျိုး

မိန်းကလေးတိုင်း လိုလို ဗိုက်ပူနေတာ ကြိုက်ကြမှာ မဟုတ်ပါဘူး။ ဘယ်မိန်းကလေး မဆို ဗိုက်ကလေး ချပ်နေတာပဲ လိုချင်ကြမှာပါ။ ဗိုက်ကလေး ချပ်ဖို့ဆိုတာ လေ့ကျင့်ခန်းလုပ်ရုံနဲ့ မပြီပါဘူး။ အစားအသောက် စားတတ်ဖို့လည်း လိုပါတယ်။အစားအသောက်တွေထဲမှာ အသီးအရွက်တွေ ပါဝင်မှသာ ဗိုက်ကလေး ချပ်လာမှာ ဖြစ်ပါတယ်။ အောက်ပါ အသီးအရွက် လေးတွေကတော့ ဗိုက်ချပ်ရာမှာ ကူညီပေးမှာ ဖြစ်ပါတယ်။

(၁) ထောပတ်သီး

ထောပတ်သီးမှာ အဆီပါတာတော့ဟုတ်ပါတယ်။ ဒါပေမယ့် အဲ့ဒိအဆီဟာ ကျန်းမာရေးကောင်မွန်စေတဲ့
အဆီပါ။ အခြားအသုပ်တွေထဲမှာလည်း ထည့်စားလို့ရလို့  Sandwich ထဲမှာလည်း ထည့်စားလို့ရပါသေး
တယ်။ ထောပတ်သီး ဖျော်ရည်လည်း သောက်လို့ ရပါတယ်။

(၂) အစိမ်းရောင် အသီးအရွက်များ

ဂေါ်ဘီ၊ ပန်းဂေါ်ဘီတို့လို အသီးအရွက်မျိုးတွေများများ စားပေးပါ။ အရွက်Salad လုပ်စားတာမျိုးက သင့်ကို
အာဟာရ ပြည့်ဝစေပြီး ဝိတ်လည်း မတက်စေပါဘူး။ ဒီအတိုင်း အစိမ်းတိုင်းမကြိုက်ရင်လည်း ချက်ပြုတ်စား
သောက်လို့ရပါသေးတယ်။ အဆီအဆိမ့်တွေ အများကြီးစားမယ့် အစား အသီးအရွက်တွေ များများစားဖြစ်အောင်
လုပ်ကြည့်ပါ။

READ
စိတ်​ကိုပူပင်​​သောကဖြစ်​​စေတဲ့ အစားအ​​သောက်ဆိုင်ရာ​​အမူအကျင့်​များ

(၃) လတ်ဆတ်သော အသီးများ

အသီးဆိုရင်ဘယ်လိုအသီးမျိုးပဲဖြစ်ဖြစ် စားလို့ရပါတယ်။ ဒါပေမယ့် တစ်မျိုးထဲစားတာထက် အသီးမျိုးစုံစားတာ
က အာဟာရဓာတ်ပိုကြွယ်ဝစေပါတယ်။ တစ်နေ့တစ်မျိုး မရိုးရအောင်စားပါ။ ဘယ်ရီသီးတွေဟာ အာဟာရ
အပြည့်ဆုံးနဲ့  ကယ်လိုရီအနည်းဆုံးပါပဲ။ နေ့လည် ၁၂နာရီမတိုင်ခင်မှာ သစ်သီးတစ်မျိုးတော့ စားသင့်
ပါတယ်။ အသီးဟာ အဆာပြေစေသလို အစာချက်တာလည်း မြန်လို့ သင့်ကို စွမ်းအင်အမြန်ဆုံးပေးနိုင်
ပါတယ်။ လေ့ကျင့်ခန်းမဆော့မီမှာလည်း အသီးနည်းနည်းစားလို့ရပါတယ်။

(၄) အသီးအရွက်ဖျော်ရည်( အထူးသဖြင့် အစိမ်းေ၇ာင်အသီးအရွက် ဖျော်ရည်)

အသီးအရွက်ဖျော်ရည်ဟာ သင့်ရဲ့ အစာချက်စနစ်ကို မမောပန်းစေပဲ သင့်ကိုအာဟာရပေးနိုင်ပါတယ်။ အိမ်မှာ အဖျော်စက်အခုထဲက ဝယ်ထားလိုက်တော့နော်။ ဝယ်ထားပြီးလည်း ပစ်မထားနဲ့နော်။ အသီးဖျော်ရည်တွေက ကိုယ့်ဘာသာဖျော်ရင် ဈေးလည်း မကြီးပါဘူး။ သကြားတော့ မထည့်တာအကောင်းဆုံးပါ။ မနေနို်င်ရင် နည်းနည်းပဲထည့်ပါ။

(၅) ကုလားပဲ

chickpeas-660x437

ကုလားပဲဟာ အမျှင်ဓာတ်နဲ့ ပရိုတိန်းဓာတ် ကြွယ်ဝပြီး စားလို့လည်းကောင်းပါတယ်။ ဟင်းချိုလည်းလုပ်သောက်
လို့ရပါတယ်။

SHARE