အာဟာရတန်ဖိုး အပြည့်အ၀ရအောင် စနစ်တကျစားသုံးသင့်တဲ့ အစားအသောက်များ

Pexels/Min An

ခေတ်ဟာ တစစနဲ့ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူတွေဟာ အစားအသောက်တွေရဲ့ အရည်အသွေးပိုင်းကို ပိုပြီးဦးစားပေးလာကြပါတယ်။ သဘာဝကထွက်ရှိလာတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးသစ်ဖုတွေကိုလည်း နည်းမှန်စွာနဲ့ စားသောက်ဖို့ လိုပါတယ်။ ဒါမှသာ အာဟာရဓာတ်တွေကို အလေအလွင့်မဖြစ်ပဲ ရရှိနိုင်မှာပါ။ ဥပမာ ကညွတ်၊ စတော်ဘယ်ရီ၊ ဒိန်ချဉ်နဲ့ ပဲအမျိုးမျိုးတို့ဟာ ဆိုရင် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအသောက်တွေချည်း ဖြစ်ပေမယ့် စနစ်တကျမစားတတ်ခဲ့ရင်တော့ အာဟာရတန်ဖိုးအချို့ကို ဆုံးရှူံးရမှာပဲ ဖြစ်ပါတယ်။ အခုတော့ brightside ကနေတဆင့် အချို့အစားအသောက်တွေကို အာဟာရဓာတ်အပြည့်ရအောင် ဘယ်လိုစားသင့်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ကညွတ်

အချိန်မရှိတော့လို့ဆိုပြီး ကညွတ်တွေကို မိုက်ကရိုဝေ့ဗ်ထဲ ထည့် မချက်ပြုတ်သင့်ပါဘူး။ ဘာလို့လည်းဆိုတော့ သူ့မှာပါတဲ့ ဗီတာမင်စီတွေ ဆုံးရှူံးနိုင်တာကြောင့်ပါ။ အကောင်းဆုံးကတော့ ကညွတ်တွေကို ပေါင်းစားတာ၊ ကြော်စားတာပါပဲ။

ကီဝီသီး

pixels/rawpixel.com

ကီဝီသီးအခွံတွေမှာ အာဟာရတန်ဖိုးများစွာပါဝင်ပြီး အထူးသဖြင့် အမျှင်ဓာတ်၊ ဖောလိတ်နဲ့ ဗီတာမင်အီးတို့ ပါဝင်ပါတယ်။ ဒါပေမယ့် ကီဝီသီးစားတဲ့အခါ လူပေါင်းများစွာတို့ဟာ ဒီလိုအာဟာရဓာတ်တွေကို ပြည့်ပြည့်၀၀ မစားရရှာပါဘူး။ အကြောင်းရင်းကတော့ ကီဝီသီးတွေကို အခွံထဲက သပ်သပ်ခွဲထုတ်ပြီးမှ စားကြလို့ပါပဲ။ ဒါကြောင့် ကီဝီသီးစားတဲ့အခါ ထက်ခြမ်းခွဲပြီး အခွံကို မနွှာပဲ အထဲက အသားကို ဇွန်းနဲ့ခြစ်ယူစားတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။

နှမ်းကြက်စေ့

နှမ်းကြက်စေ့ flax seed တွေမှာ အမျှင်ဓာတ်၊ အိုမီဂါ() နဲ့ အခြားအာဟာရဓာတ်ပေါင်းတွေ များစွာ ပါဝင်ပါတယ်။ ဒါပေမယ့် နှမ်းကြက်စေ့တွေကို ဒီတိုင်းစားရင် ခန္ဓာကိုယ်က မကြေဖျက်နိုင်ပါဘူး။ ဒါကြောင့် နှမ်းကြက်စေ့တွေကို မစားသုံးခင်မှာ ပါဝင်တဲ့အာဟာရတန်ဖိုးတွေ မဆုံးရှူံးအောင်လို့ ကြိတ်ခြေပြီးမှသာ စားသုံးသင့်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးတွေဟာ အစိမ်းစားတာထက် ချက်ပြုတ်ပြီးမှ စားတာဟာ အကောင်းဆုံးဖြစ်ပြီး သူ့ထဲမှာ lycopene အမည်ရတဲ့ အာဟာရဓာတ်ပါဝင်ပါတယ်။ Lycopene ဟာ အကြိတ်နဲ့ နှလုံးရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးကို အပူချိန်(၁၉၄) ဒီဂရီ ဖာရင်ဟိုက်ထိ အပူပေးခဲ့ရင် ဒီအာဟာရဓာတ်ထွက်ပါတယ်။

Black tea

Pexels/Burst

Black tea တွေကို လူအတော်များများဟာ နှစ်ခြိုက်စွာ သောက်သုံးကြပါတယ်။ ဒါပေမယ့် သူ့ကို နို့နဲ့ရောမသောက်ဖို့တော့ သတိပြုသင့်ပါတယ်။ အကြောင်းကတော့ နို့ပရိုတိန်းတွေဟာ လက်ဖက်ရည်သောက်သုံးလို့ ရလာမယ့် နှလုံးအတွက် အကျိုးအာနိသင်တွေကို ပိတ်ဆို့နိုင်လို့ ဖြစ်ပါတယ်။

စတော်ဘယ်ရီ

စတော်ဘယ်ရီသီးတွေဟာ အမျှင်ဓာတ်၊ အင်တီအောက်ဆီးဒန့်နဲ့ ဗီတာမင်စီတို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ စတော်ဘယ်ရီသီးတွေကို စားသုံးတဲ့အခါ စိတ်ပိုင်းပြီး စားသုံးတာမျိုး မပြုလုပ်သင့်ပါဘူး။ အကြောင်းက စတော်ဘယ်ရီတွေဟာ ပြင်ပအလင်းရောင်၊ အောက်ဆီဂျင်တွေနဲ့ ထိတွေ့သွားတဲ့အတွက် အာဟာရဓာတ်တွေ လွယ်လွယ်ကူကူ ဆုံးရှူံးကုန်မှာ ဖြစ်တာကြောင့်ပါ။ စတော်ဘယ်ရီတွေကို အလုံးလိုက် စားသုံးတာသာ အကောင်းဆုံး ဖြစ်ပါတယ်။

ပန်းစိမ်း

ပန်းစိမ်းတွေကို စားသောက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အစိမ်းစားတာပဲဖြစ်ဖြစ် ပေါင်းစားတာပဲဖြစ်ဖြစ် ပြုလုပ်စားသုံးဖို့ပါ။ တကယ်လို့ ပြုတ်လိုက်မယ်၊ ကြော်လိုက်မယ်ဆိုရင်တော့ ပန်းစိမ်းတွေထဲမှာပါဝင်တဲ့ ဗီတာမင်စီ၊ ကလိုရိုဖိုင်းလ်၊ အင်တီအောက်ဆီးဒန့်နဲ့ ကင်ဆာဆန့်ကျင်ကွန်ပေါင်းတွေ ဆုံးရှူံးသွားနိုင်ပါတယ်။

လင်းလင်း (ShweMom)

SHARE