ဘူဖေးသွားစားတဲ့အခါ တတ်နိုင်သလောက် မထိသင့်တဲ့အရာ ၆ မျိုးအကြောင်း

Image by Pexels from Pixabay

ကြိုက်တာအဝစား တစ်ယောက်ဘယ်လောက်ဆိုတဲ့ ဘူဖေးဆိုင်တွေက အခုဆို မြို့နယ်တိုင်းလိုလိုမှာရှိနေကြပါပြီ။ တစ်ခုသိထားရမှာက မျက်လုံးနဲ့မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေဟာ နေရာတိုင်းမှာ ရှိတတ်ကြတယ်ဆိုတာပါပဲ။ Reader’s Digest က ဆောင်းပါးတစ်ပုဒ်ကတော့ ဘူဖေးဆိုင်တွေ သွားမယ်ဆိုရင် ဆိုင်မှာရှိနေတဲ့ ဘယ်အရာတွေကို ရှောင်သင့်လဲဆိုတာနဲ့ပတ်သက်ပြီး စုစည်းရေးသားထားပါတယ်။ ကျန်းမာရေးဗဟုသူတအနေနဲ့ ဘယ်လိုအရာတွေကို အတတ်နိုင်ဆုံးရှောင်သင့်တယ်ဆိုတာ ကြည့်လိုက်ကြရအောင်နော်။

ဆူရှီကတော့ ကျန်းမာရေးနဲပညီညွတ်ပြီး လတ်ဆတ်နိုင်ကောင်းရဲ့လို့ ထင်မိကြရင် သိပ်ကိုမှားသွားပါလိမ့်မယ်။ ဒါပေမဲ့ ဘူဖေးဆိုင်တွေ တော်တော်များများတည်ခင်းထားတဲ့ ဆူရှီတို့ အသားညှပ်ပေါင်မုန့်တို့ ကိတ်မုန့် ပေါင်မုန့်တို့ဆိုတာ မကုန်ရင် ရက်အနည်းငယ်ကြာတဲ့အထိ အအေေးခန်းထဲ သိုလှောင်ထားလို့ ရတဲ့အစားအစာတွေဆိုတာ မမေ့ပါနဲ့။

solda

ဆူရှီနဲ့တန်းတူ မကုန်ရင် ပြန်တည်ခင်းလို့ရတဲ့ အစားအသောက်တွေကတော့ အကြော်အလှော်တွေပါပဲ။ ဆီကြော်တွေဟာလည်း ဒီနေ့မကုန်ရင် ထပ်ပြီးနောက်နေ့မှာပြန်ကြော်ပြီး တည်ခင်းနိုင်ပါသေးတယ်။

pixel1

ဘူဖေးဆိုင်က ဟင်းပွဲတစ်ပွဲဆီတိုင်းမှာ ဟင်းခပ်ဖို့အတွက် ဇွန်းကြီးတွေ၊ ညှပ်တွေ ထားပေးထားတတ်ကြပါတယ်။ အဲဒီညှပ်တွေ၊ ဇွန်းကြီးတွေနဲ့ ဟင်းတွေကို မထည့်ဘဲနဲ့ ကိုယ်စားမယ့်ဇွန်းအသန့်နဲ့ ဟင်းတွေကို ခတ်ထည့်ပေးပါတဲ့။

READ
နေ့တိုင်းရေချိုးရန်မလိုဟု သိပ္ပံပညာရှင်များဆို
granat

အစားအသောက်တင်ထားတဲ့ စင်တွေကိုလည်း အတတ်နိုင်ဆုံး မထိသင့်ဘူးလို့ Drexel တက္ကသိုလ်က microbiology နဲ့ PhD ဘွဲ့ရထားတဲ့ Jennifer Quinlan က ပြောထားပါတယ်။

Counselling

Mayonnaise တို့၊ အချဉ်ရည်တို့ဆိုတာလည်း အစားအသာက်ဆိုင်ရာ ကျန်းမာရေးဆရာဝန်တွေ ရှောင်ခိုင်းတဲ့ ဘူဖေးအစားအသောက်တွေထဲမှာ ပါဝင်နေပါတယ်။ သူဟာလည်း မကုန်ရင် အဟောင်းနဲ့အသစ်ရောပြီး ပြန်တည်ခင်းလို့ရတဲ့အပြင်ကိုမှ အရသာရှိအောင် ပိုကဲလွန်တဲ့ ဆိုဒီယမ်တွေ၊ သကြားနဲ့ တခြားဓာတ်ပစ္စည်းတွေ လိုတာထက်ပိုထည့်ထားတတ်ကြပါသေးတယ်တဲ့။

MaraZe/Shutterstock

ဘူဖေးစားရင် ဝိတ်တက်တာ မှန်ပါတယ်။ ဒါပေမဲ့ ကယ်လိုရီတက်တာချင်းအတူတူ ဘူဖေးမှာ ချပေးထားတဲ့ အအေးတွေကို မသောက်တတ်တဲ့သူက ပိုပြီး ကယ်လိုရီတက်တာ သက်သာတာကို တွေ့ရပ်လိမ့်မယ်။ လိမ္မော်ရည်တို့၊ လိမွန်တီးတို့ ဘာတို့ပေါ့။ အဲဒီလို အအေးတွေအစား စပါကလင်တို့၊ ကိုကာကိုလာတို့သောက်တာတောင် ကယ်လိုရီတက်တာသက်သာပါလိမ့်မယ်။

BlueOrange Studio/Shutterstock

Penny

SHARE