အစာမရှိသေးချိန်မှာ လုံးဝမစားသင့်တဲ့ အစားအစာများ

ကျွန်တော်တို့ဟာ သစ်သီးသစ်ရွက်တွေ့နဲ့ အသီးအနှံတွေကို အမြဲစားသင့်တယ်လို့ ထင်တတ်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတဲ့ အသီးအနှံတွေမှာ ဗီတာမင်ဓာတ်၊သတ္တုဓာတ်တွေနဲ အမျှင်ဓာတ်တွေပါဝင်ပြီး ကျွန်တော်တို့ကို ရောဂါတွေကနေကာကွယ်ပေးတယ်လို့သိခဲ့ကြပါတယ်။ဒါပေမဲ့ တစ်ခါတစ်ရံမှာ ဘယ်လောက်ကျန်းမာရေးကောင်းစေတဲ့ အစားအစာပဲဖြစ်ဖြစ် အစာအိမ်ထဲမှာ ဘာအစာမှမရှိသေးဘဲ စားလိုက်ရင် အန္တရာယ်ရှိတတ်ပါတယ်။Juicy-Tomatoes-tomatoes-35204516-847-567

၁။ခရမ်းချဉ်သီးးများ

ခရမ်းချဉ်သီးတွေဟာ ဗီတာမင်ဓာတ်၊antioxidants ဓာတ်တွေပါဝင်ပြီး ကျန်းမာရေး အတွက်စားသုံးသင့်တဲ့ အသီးတစ်မျိုးဖြစ်ပေမဲ့ အစာအိမ်ထဲမှာ ဘာအစာမှ မရှိပဲစားလိုက်ရင် ခရမ်းချဉ်သီးရဲ့ ပါဝင်ပစ္စည်းတွေဟာ အစာအိမ်ရဲ့အစာခြေတဲ့အက်ဆစ်ဓာတ်နဲ့ပေါင်းစည်းသွားပြီးတော့ အစာအိမ်ပိတ်ဆို့ခြင်းဖြစ်စေ၍ ရင်ပြည့်ဆို့နင့်နေတတ်ပါတယ်။Top-10-Citrus-Fruits-You-Should-Definitely-Give-A-Try

၂။ရှောက်သံပုရာသီးမျိုးများ

သံပုရာသီးမျိုးနွယ်တွေဖြစ်တဲ့ လိမ္မော်သီး၊ကျွဲကောသီး၊သံပုရာသီး တို့ဟာ ဗီတာမင် C ၊ပိုတက်စီယမ်၊ ကယ်လ်စီယမ် ဓာတ်တို့ကြွယ်ဝပေမဲ့  သင်ဘာအစာမှမရှိသေးဘဲ စားလိုက်ရင် အစာပြွန်လမ်းကြောင်းတစ်လျှောက်ကို မအီမသာဖြစ်စေပါတယ်။သင်ဟာ ဘာအစာမှ မစားရသေးဘဲ အသီးအနှံတွေကို စားချင်လာတယ်ဆိုရင်  ရှောက်သံပုရာမျိုးနွယ် အသီးများအစား စတော်ဘယ်ရီသီး၊ဖရဲသီး၊ပန်းသီးတို့ကိုသာ စားသင့်ပါတယ်။a26-800x430

READ
ဧပြီလရဲ့ မွေးလကျောက်တုံးအဖြစ် သတ်မှတ်ကြတဲ့ စိန်ရဲ့ သမိုင်းကြောင်း

၃။ ကာဗွန်ဒိုင်အောင်ဆိုဒ်ပါဝင်ပြီးအမြှပ်ထတဲ့ အအေးများ။

တကယ်တမ်းဆိုရင် ဒီလိုအအေးမျိုးတွေကို အမြဲတမ်းမသောက်သင့်ပါဘူး။သုတေသနပြုချက်များအရ ဒီအအေးတွေဟာ ကင်ဆာရနိုင်စွမ်း၊နှလုံးရောဂါ၊ဆီးချိုရောဂါတို့ကို ရနိုင်ခြေ မြင့်မားစေတယ်လို့ဆိုထားပါတယ်။ဆိုဒါတစ်ဗူးမှာ သကြား ၈ ဇွန်းကနေ ၁၀ ဇွန်းအထပါဝင်နိုင်ပြီးတော့ အဲ့ဒီပမာဏ ဟာ သင်သွေးထဲမှာ ပါဝင်နေတဲ့ သကြားဓါတ် ၆ ဆလောက်နဲ့ တူညီပါတယ်။Coffee-and-Tea

၎။ လက်ဖက်ရည် (သို့)ကော်ဖီ

မနက်ခင်းမှာ ကော်ဖီပူပူလေးတစ်ခွက်လောက် သောက်လိုက်ချင်ပေမဲ့ သင်အစာအိမ်အတွက်တော့ ကောင်းမှာ မဟုတ်ပါဘူး။အစာအိမ်ထဲမှာ ဘာအစာမှ မရှိဘဲ ကော်ဖီတစ်ခွက်သောက်လိုက်ခြင်းဟာ ဟိုက်ဒရိုကလိုရစ် အက်စစ်ဓာတ်ကို မြှင့်တက်စေပြီး ပျို့အန်ခြင်းနဲ့ ၀မ်းချုပ်စေနိုင်ပါတယ်။အက်ဆစ်ဓာတ် ပမာဏများပြားခြင်းဟာ အစာခြေခြင်းကို နှေးကွေးစေ၍ အူသိမ်ကိုရောင်ရမ်းစေပြီး အူမကြီး ကင်ဆာ အထိ ဖြစ်စေနိုင်ပါတယ်။မနက်ခင်းလက်ဖက်ရည် တစ်ခွက်ကို အစာမရှိသေးပဲသောက်လိုက်တာကလည်း သည်းခြေရည်နဲ့ အစာခြေအက်ဆစ်ကို လျှော့နည်းစေတဲ့ အတွက် သင့်ရဲ့ အစာစားခြင်းစိတ်ကို လျှော့နည်းစေပါတယ်။

READ
ပုဏ္ဏကတိုက်ခြင်းအကြောင်း တစ်စေ့တစ်စောင်း

သင်ဘာမှမစားရသေးခင် စားသင့်တဲ့ အစာ ၅  မျိုးကတော့

၁။ ဂျုံမူန့် – အစာခြေဖျက်ခြင်းကို ကူညီပြီးတော့  ကိုလက်ထရော ဓာတ်ကိုလျော့နည်းစေပါတယ်။

၂။ ဥများ – ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

၃။ ဖရဲသီး -ဖရဲသီးမှာပါဝင်တဲ့ Lycopene ဓာတ်ဟာ နှလုံး၊မျက်စိ ကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။ Lycopene ဓာတ်ဟာ အသီးအနှံတွေကို အနီရောင်ဖြစ်စေတဲ့ ဓာတ်ဖြစ်ပါတယ်။

၎။ အခွံမာသီးများ – ပရိုတင်းဓာတ်ပါဝင်မူမြင့်မားပြီး အစာအိမ်အက်ဆစ်ဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

၅။ သဘောင်္သီး – ဗီတာမင် E ၊ C နဲ့အမျှင်ဓာတ်တွေပါဝင်ပြီး အစာခြေခြင်းကို ကူညီပေးးပါတယ်။

Lumos(Shwemom)

Ref : David wolfe

SHARE