အအေးမိ ဖျားနာနေချိန်မှာ ရှောင်သင့်တဲ့ အစားအစာများ

Image:freepik

အ အေးမိ ဖျားနာနေချိန်မှာ မစားသင့်တဲ့ အစားအစာတွေ အ ကြောင်းကိုတော့ Bright Side မှာ အခုလို ဖော်ပြ ထားပါတယ်။

စ တော်ဘယ်ရီ

Image:freepik

တကယ်လို့ များ အ အေးမိနေတယ်ဆိုရင် လုံးဝ ရှောင်သင့်တဲ့ အစားအစာပါ။စ တော် ဘယ်ရီ က တော့ histamine ပမာဏ ပိုပြီးများစေတဲ့ အတွက်  နှာပိတ်တာ၊နှာ ချေ တာမျိုးတွေ ကို ပိုဆိုးစေတတ်ပါတယ်။

ကြွပ်ကြွပ် ရွရွ မုန့်တွေ ရှောင်

Image:freepik

အာလူး ကြော်တို့ လို၊Cracker တို့လို့ စားလိုက်ရင် ကြွပ်ကြွပ် ရွရွ ဖြစ်စေမယ့် အစား အစာ မျိုးတွေ ကို ရှောင် ဖို့ လိုပါတယ်။အဲ့ဒါတွေ က စားလိုက်ရင် လည် ချောင်းထဲမှာ အဆင်မ ပြေ ဖြစ် စေတဲ့ အတွက် ရှောင် ဖို့ လိုတာပါ။

READ
ဖန်ပုလင်းများကို အလွယ်တကူ ဖွင့်နည်း (၃) နည်း

processed food တွေ

Image:freepik

နည်းပညာ သုံးပြီး အရသာ ကောင်းအောင်ပြုပြင်ထုတ်လုပ်ထားတဲ့ အစားအစာမျိုးတွေ ကို ရှောင်ရ ပါမယ်။ဥပမာ- ကြက်အူချောင်း၊၀က်အူချောင်းတွေ.၊အသားပြား တွေ လိုမျိုးပါ။သူတို့မှာဆိုရင် ဆား၊သကြားနဲ့ အဆီဓါတ် ပို များတတ်  ပါတယ်။ပါဝင်ပစ္စည်းတွေ ကြောင့် ခန္ဓာကိုယ်ပြန် နလန် ထ ရေးမှာ နှောင့်နှေး ကြန့်ကြာ တာမျိုးတွေ ရှိတတ်ပါတယ်။

ဆားစိမ်၊ရှာလကာရည်စိမ်တွေ

အဲ့လို အစားအစာ မျိုးတွေ မှာဆိုရင်လည်း  ပါဝင် ပစ္စည်းတွေ က လည်ချောင်းနာတာ၊ ရောင်ရမ်းတာ၊ ယားယံတာ တွေကို ပိုဆိုးစေလို့ ရှောင် ရပါမယ်။

ချိုတဲ့ အစားအစာတွေ

Image:freepik

သကြားဓါတ် အများကြီးပါတဲ့ ချိုတဲ့ အစားအစာတွေကို ရှောင် ဖို့ လိုပါတယ်။သကြားက ကိုယ်ခံအား စနစ် ကို ယာယီ  အ နှောင့်အယှက် ဖြစ် စေနိုင်ပါတယ်။သွေး ထဲမှာ ရှိတဲ့ သွေးဖြူ ဆဲလ် တွေ က  ရောဂါပိုး တိုက်ထုတ်တဲ့ နေရာ မှာ အဟန့် အတား ဖြစ်စေတာ ကြောင့် ဖျားနေရင် အရမ်းချို လွန်းတဲ့ မုန့် တွေကို ရှောင်ပါ။

READ
ရှူးရှဲကြက်သားမျှစ်ချိုကြော်

ဒါဖြင့်ရင် ဘယ်လို အစားအစာတွေ စားပေးသင့်လဲဆိုရင် တော့ ကြက်သားဆန်ပြုတ်၊ငါးဆန်ပြုတ် တို့ လို့ ဆန်ပြုတ် တွေ၊ဂျင်းပြုတ်ရည် တို့ကို စားပေးသင့်ပါတယ်။

#SHWEMOM

SHARE