ခြေဖ၀ါးကိုနှိပ်နယ်ပေးခြင်းကြောင့် ရရှိလာမယ့်အကျိုးကျေးဇူး(၅)ချက်

လူတို့ရဲ့ခြေဖ၀ါးမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ဆက်သွယ်ထားတဲ့အကြောပေါင်း (၁၅၀၀၀)ကျော်တောင် ရှိသတဲ့။ အဲဒီတော့ ခြေဖ၀ါးကို နှိပ်နယ်ပေးတာက တစ်ကိုယ်လုံးမှာရှိတဲ့ နာကျင်ပင်ပန်းမှုတွေကို ပျောက်စေပြီး တခြားကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိနိုင်တယ်လို့ ရှာဖွေတွေ့ရှိမှုတွေအရ သိရပါတယ်။ လေ့လာချက်တွေအရ ခြေဖ၀ါးကို နှိပ်နယ်ပေးရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ဘယ်လို ဖြေရှင်းပြီးသား ဖြစ်မလဲဆိုတော့….

(၁)။ သွေးဖိအားလျော့စေတယ်

သွေးဖိအားမြင့်တက်လာတာက နှလုံးကိုထိခိုက်နိုင်တာမို့ သွေးဖိအားပုံမှန်ဖြစ်ဖို့အတွက် လူတော်တော်များများ ကြိုးစားနေကြရတာပါ။ ဒါပေမယ့် ညတိုင်း ခြေဖ၀ါးကို ပုံမှန်နှိပ်နယ်ပေးမယ်ဆိုရင် သွေးဖိအားကို အလွယ်တကူပဲ လျော့ကျနိုင်လို့ အိပ်ခါနီးတိုင်း နှိပ်ပေးသင့်ပါတယ်နော်။

Health.com
(၂)။ အမျိုးသမီးတွေအတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေရှိတယ်

ခြေဖ၀ါးကိုနေ့စဉ်ပုံမှန် နှိပ်နယ်ပေးတာက မိန်းကလေးတွေ လစဉ်ဖြစ်တတ်တဲ့ နာကျင်မှုဝေဒနာတွေကို လျော့ကျသွားအောင် ကူညီပေးပါတယ်တဲ့။ ဒါ့အပြင် အဲဒီအချိန်မှာ ဖြစ်တတ်တဲ့ ခေါင်းကိုက်တာ၊ စိတ်ဖိစီးမှုများတာ၊ ညဖက်အလွယ်တကူအိပ်မပျော်တာ စတာတွေမဖြစ်အောင်လည်း ကူညီပေးနိုင်ပါတယ်။

READ
ဓမ္မတာလာစဉ်ဖြစ်ပေါ်တတ်သည့် နာကျင်ကိုက်ခဲခြင်းများကို ကြိုတင်ကာကွယ်နည်း (၃) မျိုး
Health.com
(၃)။ ကင်ဆာရောဂါရှင်တွေအတွက် အကျိုးရှိတယ်

သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ခြေဖ၀ါးကို နေ့စဉ်နှိပ်နယ်ပေးတာဟာ ကင်ဆာရောဂါကုထုံးတွေကြောင့် ဖြစ်လာတဲ့ဆိုးကျိုးတွေ၊ နာကျင်မှုတွေကို လျော့ကျစေပါတယ်တဲ့။ အသက်ရှူရခက်တာမျိုး၊ အားအင်ကုန်ခမ်းတာမျိုး စတဲ့ကုသမှုဆိုင်ရာအကျိုးဆက်တွေကိုလည်း လျော့ပါးစေပါတယ်။

(၄)။ အမြင်အာရုံကောင်းမွန်ဖို့ကူညီပေးတယ်

တစ်ခုခုကိုကြည့်လိုက်ရင် မကြည်လင်ပဲ အမြင်နှစ်ထပ်ဖြစ်နေတာမျိုး၊ မျက်ရိုးကိုက်တာမျိုး စတဲ့မျက်စိနဲ့ဆိုင်တဲ့ရောဂါတွေအတွက် ခြေဖ၀ါးကို ပုံမှန်နှိပ်ပေးဖို့ပဲလိုတာပါ။ ဒါ့အပြင် ကြွက်သားတွေအားနည်းတာ၊ အာရုံငါးပါးထဲက တစ်ခုခုချို့တဲ့တာမျိုးကိုလည်း ခြေဖ၀ါးကိုနှိပ်ပေးရုံနဲ့ ပျောက်ကင်းနိုင်တယ်တဲ့နော်။

Health.com

(၅)။ ညဖက်ကောင်းကောင်းအိပ်ပျော်တယ်

တစ်နေကုန်ပင်ပန်းလာပြီးအိမ်ပြန်ရောက်တော့အိပ်ချင်ပေမဲ့ဖုန်းလေးကောက်ကိုင်မိလိုက်တာ၊ရုပ်ရှင်လေးထိုင်ကြည့်မိလိုက်တာမျိုးဖြစ်တတ်ပါတယ်။အိပ်ချင်ပေမဲ့ မျက်လုံးကကြောင်သွားတဲ့အခါ အိပ်ချိန်နောက်ကျတတ်ပါတယ်။လူတိုင်းကညဘက်ကောင်းကောင်းအိပ်စက်ရတာကြိုက်ပါတယ်။ဒီလိုမျိုးအိပ်ချိန်နောက်ကျတဲ့အခါ မနက်နိုးရင်လည်းအိပ်ရေးမ၀၊မလန်းဆန်းနိုင်တော့ပါဘူး။ အဲ့ဒါကြောင့် ညဘက်ကောင်းမွန်စွာအိပ်ပျော်ချင်တယ်ဆိုရင်ခြေဖ၀ါးကို ၂မိနစ်လောက်နှိပ်နယ် ပေးပါတဲ့။စိတ်ဖိစီးမှုတွေလည်းပြေပျောက်စေပါတယ်။

Linn

Source : Health.com

SHARE