ဆက်စီကျလွန်းတဲ့ အသင်းရဲ့ ပန်းပွားအဖွဲ့ကို Billericay Town FC ပိုင်ရှင် ဖျက်သိမ်း

အင်္ဂလန်နိုင်ငံအောက်တန်းလိဂ်တစ်ခုဖြစ်တဲ့ Isthmian Leagueမှာ ၀င်ရောက်ယှဉ်ပြိုင်ကစားနေတဲ့ Billericay Town FC ပိုင်ရှင်ဖြစ်သူ သန်းကြွယ်သူဋ္ဌေး Glenn Tamplinဟာ ဆက်စီကျလွန်းပြီး ကစားသမားတွေကို အာရုံပျက်ပြားအောင်
လုပ်ဆောင်ခဲ့တဲ့ အသင်းရဲ့ပန်းပွားအလှမယ်အဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံ၊ အက်စက်ပြည်နယ်၊ Billericay အခြေစိုက်ကလပ်အသင်းဟာ လီဗာပူးလ်နဲ့အင်္ဂလန်တောင်ပံကစားသမား
ဟောင်း ပီနန့်၊ စပါးကွင်းလယ်လူဟောင်း အိုဟားရား၊ လီဗာပူးလ်နဲ့ စပါးနောက်ခံလူဟောင်း ကိုချက်စကီးတို့ကို ခေါ်ယူ
ထားတဲ့အသင်းဖြစ်ပါတယ်။

လီဗာပူးလ်ကစားသမားဟောင်း ဂျာမိန်းပီနန့်

အသင်းပိုင်ရှင်ဖြစ်သူ Glenn Tamplinဟာ အသင်းကိုပရိသတ်တွေအားပေးလာအောင် လှုံဆော်အားပေးတဲ့ အသင်း
ရဲ့ပန်းပွားအဖွဲ့ကို လွန်ခဲ့တဲ့(1)လကမှ ဖွဲ့စည်းခဲ့တာဖြစ်ပေမယ့် ပန်းပွားအလှမယ်တွေဟာ အလွန်ဆက်စီကျလွန်းပြီး
ကစားသမားတွေ ကစားပွဲတွေကို အာရုံမစိုက်နိုင်အောင် စွဲဆောင်နေတယ်လို့ စွပ်စွဲခဲ့ပြီး အခုလိုဖျက်သိမ်းခဲ့တာဖြစ်ပါ
တယ်။

Billericay Town အသင်းပိုင်ရှင်ဖြစ်သူ Glenn Tamplin

ဖျက်သိမ်းခံရတဲ့ ပန်းပွားအလှမယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဘက်ကာဘက်ချလာက အသင်းပိုင်ရှင် Glenn Tamplinကို
ဝေဖန်ခဲ့ပါတယ်။ သူမက “ပန်းပွားအဖွဲ့ ဖွဲ့စည်းထားတာ (၁)လကြာပြီး မကြာခင်မှာပဲဖျက်သိမ်းခဲ့တဲ့ သူတို့ရဲ့လုပ်ရပ်ဟာ
အလွန်ကို ရှက်စရာကောင်းပါတယ်။ အခုတော့ သူတို့အသင်းကို ဘယ်သူမှ အားပေးမယ့်လူမရှိတော့ပါဘူး။ တကယ်
တော့ ကျွန်မတို့ ဒီလိုဖျက်သိမ်းခံရတာ အလွန်စိတ်ပျက်မိပါတယ်။ အသင်းရဲ့ကစားသမားတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံ
ရေးပဲရှိတာဖြစ်ပြီး အခြားဘာခံစားချက်မှ မရှိပါဘူး”လို့ မီဒီယာတွေကို ပြောခဲ့ပါတယ်။

READ
မန်ယူအသင်း၏ပစ်မှတ်ပေါ့ဘာ ရီးရဲလ်အသင်းနှင့်ဆွေးနွေးနေကြောင်းအေးဂျင့်ဝန်ခံ
ပန်းပွားအလှမယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဘက်ကာဘက်ချလာ

ပိုင်ရှင်ဖြစ်သူ Glenn Tamplinဟာ အသင်းကို အင်္ဂလန်အောက်တန်းလိဂ်တစ်လိဂ်ဖြစ်တဲ့ Isthmian Leagueကနေ
အင်္ဂလန်အဆင့်မြင့်တန်းပြိုင်ပွဲတွေကို ချီတက်နိုင်အောင် ပြုလုပ်ချင်တာကြောင့် ပီနန့်၊ အိုဟားရား၊ ကိုချက်စကီစတဲ့ ပရီးမီးယားလိဂ်အကျော်အမော်ဟောင်းတွေကို ပိုက်ဆံအကုန်ကျခံကာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ပန်းပွားအလှမယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဘက်ကာဘက်ချလာ

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

M2T (Shwemom)
Source ; dailymail.co.uk

 

SHARE