လူ(၁၆)ယောက်သေဆုံးခဲ့တဲ့ ထောင်တွင်းက မူးယစ်ဂိုဏ်းတွေရဲ့ ချစ်ကြည်ရေးဘောလုံးပွဲ

[email protected]_TV

ဘောလုံးအားကစားဆိုတဲ့အရာဟာ တစ်သင်းနဲ့တစ်သင်း (ဒါမှမဟုတ်)တစ်နိုင်ငံနဲ့တစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ကစားတဲ့အားကစားတစ်ခုပါ။ဒါပေမယ့် မက္ကဆီကိုနိုင်ငံက အကျဉ်းထောင်တွေမှာရှိတဲ့ အကျဉ်းသားတစ်ချို့ကတော့ ဒီလိုထင်မှတ်ပုံမရပါဘူး။လွန်ခဲ့တဲ့ရက်အနည်းငယ်က မက္ကဆီကိုနိုင်ငံရှိ အကျဉ်းထောင်တစ်ခုမှာ ကျင်းပတဲ့ ချစ်ကြည်ရေးဘောလုံးပွဲတစ်ခုမှာ လူ၁၆ယောက်သေဆုံးတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

 

 အဲဒီဘောလုံးပွဲစဉ်ကတော့ မက္ကဆီကိုနိုင်ငံ၊Zacatecasပြည်နယ်မြောက်ပိုင်း၊Cieneguillasအကျဉ်းထောင်မှာ နှစ်သစ်ကူးနေ့အထိမ်းမှတ်အတွက် ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ဒီလိုထောင်တွင်းအကြမ်းဖက်မှုကြောင့် လူ၁၆ယောက်သေသွားတဲ့ဖြစ်စဉ်ဟာ ၂၀၁၈မှာတက်လာတဲ့ သမ္မတ Andres Manuel Lopez Obradorကိုင်တွယ်ခဲ့တဲ့တောက်လျှောက်မှာ အဆိုးရွားဆုံးဖြစ်ရပ်တစ်ခုလို့ ပြောလို့ရပါတယ်။နှစ်ဖက်ကစားသမားတွေအကုန်လုံးနီးပါးကလည်း Gulfနဲ့ Zetasဆိုတဲ့ မူးယစ်လူဆိုးဂိုဏ်းအကြီးစားထဲမှ ဂိုဏ်းသားတွေပါဝင်တယ်လို့လဲ FOROtv သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]_TV

ပြဿနာရဲ့အစကတော့ ပင်နယ်တီပေးရာမှာအငြင်းပွားမှုတွေဖြစ်ပြီး ခြောက်လုံးပြူးသေနတ်တွေနဲ့ ပစ်ခတ်ရာက စခဲ့တာလို့သိရပါတယ်။ပစ်ခတ်မှုတွေဖြစ်ပွားပွားခြင်း ထောင်တွင်းရဲများနဲ့ အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲတွေ ရောက်ရှိလာပြီး ထိန်းသိမ်းခဲ့သော်လည်း ဂိုဏ်းသားတော်တော်များများပါဝင်နေတဲ့ သွေးချောင်းဆီးရန်ပွဲဖြစ်တာကြောင့် ထိန်းသိမ်းဖို့ အချိန်၃နာရီခန့်ယူခဲ့ရကြောင်း သိရှိရပါတယ်။

 

[email protected]_TV

အခင်းဖြစ်ပွားရာနေရာသို့ ဆေးရုံကားအစီး၂၀နီးပါးရောက်ရှိလာပြီး လာရောက်ကြည့်ရှု့သူပရိသတ်တွေကို ခက်ခက်ခဲခဲ အခင်းဖြစ်ပွားရာနေရာမှ ဆွဲထုတ်ခဲ့ရတယ်လို့ သိရပါတယ်။နောက်ဆုံးသတင်းအရတော့ လူ၁၆ယောက်သေဆုံးခဲ့ပြီး ပြစ်မှုကျူးလွန်သူ၁၅ယောက်ကို အခင်းဖြစ်ပွားရာနေရာမှာပဲ ဖမ်းဆီးရမိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE