ပြိုင်ဖက်ရဲ့ငယ်ပါကို ကိုက်ခဲ့လို့ (၅)နှစ်အပိတ်ခံရတဲ့ဘောလုံးသမား

ဘောလုံးလောကမှာ ပြိုင်ဖက်ကို ခြေထောက်ကျိုးအောင်လုပ်တာ၊ အင်္ကျီဆွဲတာ ၊ အနောက်ကနေ ဖြတ်ကန်တာ ၊ ရင်ဘတ်ပေါ်တက်နင်းတာ၊ မျက်နှာပေါ်တက်နင်းတာ စသဖြင့် အမျိုးမျိုး ညစ်ပတ်ပြီး ကစားကြလေ့ရှိပါတယ်။ များသောအားဖြင့် ဘောလုံးသမားတွေရဲ့ အဓိက ရည်ရွယ်ချက်က ဘောလုံးပွဲ နိုင်ဖို့ပဲဖြစ်လို့ အနိုင်ရဖို့ဆိုရင် ဘယ်လိုပဲ ညစ်ပတ်ပြီး ကစားတာပဲဖြစ်ဖြစ် သူတို့က ကစားမယ့်လို့ ရည်ရွယ်ထားပုံပါ။

ဒါပေမယ့်လည်း ပြင်သစ်ဒုတိယတန်းဘောလုံးပြိုင်ပွဲက ဘောလုံးသမား တစ်ယောက်ရဲ့ လုပ်ရပ်ကတော့ တော်တော်လေးကို လွန်ပါတယ်။ အဲဒါကြောင့်လည်း သူ့ကို တာဝန်ရှိသူတွေက ဘောလုံးကစားခြင်းကနေ (၅)နှစ်အထိ ပိတ်ပင်လိုက်တာပါ။

Terville အသင်းနဲ့ Soetrich အသင်းတို့ ကစားကြတဲ့ ပွဲစဉ်မှာ နှစ်ဖက်အသင်းကစားသမားတွေကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရန်ပွဲအဖြစ် ပြောင်းလဲသွားခဲ့တာပါ။ နှစ်ဖက်အသင်းကစားသမားတွေကြား တွန်းတိုက်မှုတွေကနေ လုံးထွေးသတ်ပုတ်တဲ့အဆင့်ကိုရောက်ကုန်ကြပြီး Soetrich အသင်းရဲ့ ကစားသမားတစ်ဦးက ပြိုင်ဖက်ရဲ့ ငယ်ပါ ကို ကိုက်ခဲ့တာပါ။

READ
အွန်လိုင်းမှာရောင်းချနေတဲ့ ကားတံခါးမှန်သမျှ အလွယ်တကူ သော့ဖွင့်နိုင်တဲ့ကိရိယာ

အဲဒီအဖြစ်အပျက်ကြောင့် အကိုက်ခံရသူခမျာ (၁၀)ချက်အထိ ချုပ်လိုက်ရပြီး (၄)ရက်လောက် ဘာမှ မလုပ်နိုင်ပဲ ဖြစ်ခဲ့ရတာပါ။

ဒီအဖြစ်အပျက်က ပြီးခဲ့တဲ့ (၂၀၁၉)၊ နိုဝင်ဘာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် ဒီလိုမျိုး မတော်ရာကို ကိုက်ခဲ့သူအတွက် (၅)နှစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

READ
ငယ်ငယ်ရွယ်ရွယ်ဇနီးသည်နဲ့ မတိမ်းတိမ်နိုင်ပဲ အဖွားအရွယ်နဲ့ ဖောက်ပြန်ခဲ့တဲ့ အမျိုးသား

ပြင်သစ်ဘောလုံးပြိုင်ပွဲတွေရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ အီမန်နျူယယ် ကတော့ နှစ်သင်းစလုံးက ကစားသမားတွေကို အပြစ်တင်သွားခဲ့ပြီး ပြိုင်ပွဲအပြီး ကားပါကင်မှာလည်း ရန်ပွဲက ဆက်လက်ဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။

တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ အဲဒီပွဲက Terville အသင်းရဲ့ ပထမဆုံး အမှတ်တစ်မှတ်ရတဲ့ ပွဲစဉ်ဖြစ်ခဲ့ပေမယ့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက သူတို့ကို (၂)မှတ်လျော့ ပြစ်ဒဏ်ချဖို့ ဆုံးဖြတ်လိုက်တဲ့အပြင် ဒဏ်ငွေအဖြစ် ယူရို (၂၀၀) ဆောင်ဖို့ကိုလည်း ဆုံးဖြတ်လိုက်ပါတယ်။

Linn

SHARE