၂၀၁၇ ဘောလုံးလောကို အမှတ်တရရှိစေမယ့် အကောင်းဆုံးအခိုက်အတန့်များ

၂၀၁၈ ရဲ့ စာမျက်နှာအသစ်ကို စဖွင့်မယ့် ဇန်နဝါရီရောက်ဖို့ကလည်း ရက်ပိုင်းသာ လိုပါတော့တယ်။ အပြောင်းအရွေ့ဈေးကွက်မှာ ထိပ်သီးကစားသမားတွေရဲ့ ဖြစ်နိုင်ဖွယ်ရာ အပြောင်းအရွှေ့တွေလည်း ထွက်ပေါ်လာပြီမို့ ဘောလုံးပရိသတ်ကြီး စိတ်လှုပ်ရှားနေလောက်ပါပြီ။ အခု အတိတ်မှာ သမိုင်းအဖြစ် ကျန်ရစ်မှာ (၂၀၁၇) ဘောလုံးရာသီရဲ့ အကောင်းဆုံး အခိုက်အတန့်လေးတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

(၁) ဇန်နဝါရီ- ကင်မရွန်းရဲအောင်ပွဲ

ဂါဘွန်မှာကျင်းပတဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ကင်မရွန်းအသင်းဟာ ငါးကြိမ်မြောက်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ချန်ပီယံ(၇)ကြိမ်ဖြစ်ပြီး အအောင်မြင်ဆုံးအဖြစ်ရပ်တည်နေတဲ့ အီဂျစ်အသင်းကို ဗိုလ်လုပွဲမှာ 2-1 ရလဒ်ရအောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။

(၂) ဖေဖော်ဝါရီ-မန်ယူနဲ့အတူ EFL Cup ဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ မိုဘစ်ခ်ျ

ဖော်ဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ EFL Cup လိဂ်ဖလားဗိုလ်လုပွဲမှာ ဟီဘရာဟီမိုဗစ်ခ်ျဟာ မန်ယူနဲ့အတူ ဖလားကိုင်မြောက်နိုင်ခဲ့ပါတယ်။ ဒါဟာ သိပ်မထူးခြားပေမယ့် မိုဗစ်ခ်ျဟာ မတူညီတဲ့လိဂ်ပြိုင်ပွဲတိုင်းမှာ သူ ရောက်ခဲ့တဲ့အသင်းတွေနဲ့အတူ ဖလားကိုင်မြှောက်ခွင့်ရခဲ့တဲ့ ကစားအဖြစ် မှတ်တမ်းဝင်သွားတာကတော့ ထူးခြားမှု ဖြစ်

ပါတယ်။

(၃) မတ်-ဘာကာရဲ့ မဖြစ်နိုင်တဲ့ နိုင်ပွဲ

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ရှုံးထွက်မှာ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းကို ပထမအကျော့မှာ 4-0 ရလဒ်နဲ့အရှုံးပေးခဲ့ရတာကို အားလုံးမှတ်မိပါလိမ့်မယ်။ ဒုတိယအကြော့မှာ သေချာပေါက်နိုင်မှ ချန်ပီယံလိဂ်အသက်ကို ဆက်ခွင့်ရမှာဆိုပေမယ့် ဘယ်သူမှ ဒီလောက်များပြားတဲ့ ဂိုးကို သွင်းနိုင်မှာမဟုတ်ဘူးလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘာကာက ဒုတိယအကြော့မှာ 6-1 ရလာဒ်နဲ့ အနိုင်ယူပြီး နှစ်ကြော့ပေါင်းရလဒ် 6-5 နဲ့ နောက်တစ်ဆင့်တက်ခဲ့ပါတယ်။

READ
(၁-၃-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(၄) ဧပြီ- ကျွန်တော်သာ အကောင်းဆုံးလို့ မော်ကြွားခဲ့တဲ့ မက်ဆီ

ရီးယဲပရိသတ်တွေအတွက်တော့ ဒေါသထွက်စရာအခိုက်အတန့်မို့ မေ့ပျောက်မှာ မဟုတ်ပါဘူး။ မက်ဆီဟာ ရီးယဲလ်အသင်းကို အနိုင်ဂိုးသွင်းပြီးနောက် သူ့ရဲ့ နံပတ်(၁၀)အကျီကို ရီးယဲလ်ပရိတ်သက်တွေ ရှေ့မှာ မြင်သာအောင်ပြခဲ့ပါတယ်။ အဆိုပါပွဲမှာ အသင်းရဲ့အရှုံးနဲ့အတူ စီရော်နယ်ဒိုဟာ အကြီးအကျယ်ပေါက်ကွဲခဲ့ပါသေးတယ်။

(၅) မေ-ချန်ပီယံတွေ ချန်ပီယံဖြစ်တဲ့ကာလ

မေလထဲမှာတော့ ချယ်လ်ဆီး၊ ရီးယဲလ်၊ မိုနာကိုတို့ဟာ သက်ဆိုင်ရာလိဂ်အသီးသီးမှာ ချန်ပီယံဆုကြီးတွေ အသီးအသီး စွတ်ခူးနိုင်ခဲ့ပြီး ပရိသတ်တွေကို အပျော်တွေနဲ့ ကျေနပ်စေတဲ့ ကာလပါ။

(၆) ဇွန်-မက်ဆီရဲ့ မင်္ဂလာပွဲ

ဇွန်လမှာတော့ ဘာစီလိုနာရဲ့ ထိပ်သီးတိုက်စစ်မှူး မက်ဆီဟာ ငယ်ငယ်ကတည်းက အတူတူကြီးပြင်ပြီးမှ ချစ်သူတွေဘဝကို ရောက်ခဲ့ကြတဲ့ ချစ်သူ Antonella Roccuzzo နဲ့ ရွှေလက်တွဲ မင်္ဂလာလက်ထပ်ပွဲ ဆင်နွှဲခဲ့ပါတယ်။

(၇) ဇူလိုင်-ကွန်ဖက်ဒရေးရှင်းဖလား ချန်ပီယံ ဂျာမဏီ

(၂၀၁၇) ဇူလိုင်မှာကျင်းပခဲ့တဲ့ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာ ဂျာမဏီအသင်းဟာ ချီလီအသင်းကို တစ်ဂိုးတည်းနဲ့ ကပ်အနိုင်ရပြီးခဲ့ပါတယ်။ ဒါဟာ ကွန်ဖက်ဒရေးရှင်းသမိုင်းမှာတော့ ဂျာမဏီအတွက် ပထမဆုံးအကြိမ် ဗိုလ်ဆွဲခြင်းဖြစ်ပါတယ်။

(၈) သြဂုတ်-ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားနေမာ

သြဂုတ်လမှာတော့ ဘောလုံးလောကရဲ့ စံချိန်တစ်ခုကို ဘာစီလိုနာတိုက်စစ်မှူးဟောင်း နေမာက ရေထိုးနိုင်ခဲ့ပါတယ်။ PSG နဲ့ သူ့ရဲ့အပြောင်းအရွှေ့ဟာ အငြင်းပွားဖွယ်ရာစွပ်စွဲချက်တွေနဲ့ ပြီးဆုံးခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် (၁၉၇)သန်းနဲ့ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

READ
နေမာကို ပီအက်စ်ဂျီမပြောင်းဖို့ အကြံပေးတဲ့ စီရော်နယ်ဒိုနဲ့ သတင်းအတိုများ

(၉) စက်တင်ဘာ- နေမာနဲ့ကာဗာနီတို့ရဲ့ ပင်နယ်တီတိုက်ပွဲ

ဘောလုံးလောကရဲ့ ရယ်မောစရာအခိုက်အတန့်လို့ သတ်မှတ်ခံရပေမယ့် နေမာနဲ့ ကာဗာနီတို့ရင်ထဲမှာတော့ စစ်ပွဲပါဘဲ။ PSG ကို ရောက်ရှိစ နေမာရဲ့ လူတွင်ကျယ်လုပ်မှုလို့လည်း ပြင်သစ်သတင်းစာတွေက ဝေဖန်ခဲ့ကြပါသေးတယ်။ ကာဗာနီကို ကန်သွင်းခွင့်ပေးထားတဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို သူက သွားလုခဲ့တာပါ။ နောက်တော့ ကာဗာနီကို တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

(၁၀) အောက်တိုဘာ- ဖီဖာပွတ်ရှ်ကပ်ဆုအတွက် ရေပန်းစားခဲ့တဲ့ ဂိုးသမား Oscarine Masaluke ရဲ့ဂိုး

တောင်အာဖရိကဂိုးသမား Oscarine ဟာ နာကျင်အချိန်ပိုမှာ ပြိုင်ဘက်အသင်းကို ချေပဂိုးသွင်းနိုင်ခဲ့တဲ့ အခိုက်အတန့်ကလည်း လူစိတ်ဝင်စားမှုများခဲ့ပါတယ်။ အလွန်ကောင်းမွန်သေသပ်တဲ့ ဂိုးပါ။

(၁၁) နိုဝင်ဘာ-ကမ္ဘာ့ဖလားကို နှုတ်ဆက်ခဲ့ကြတဲ့ ဘိုးအေကြီးများ

နိုဝင်ဘာလကတော့ အီတလီ၊ ဟော်လန်ကဲ့သို့သော ကမ္ဘာ့ဖလား ဘိုအေးနိုင်ငံကြီးတွေ ၂၀၁၈ ကမ္ဘာ့ဖလားကို လက်ပြနှုတ်ဆက်ခဲရတဲ့ ကျိန်စာသင့်လဖြစ်ပါတယ်။ အီတလီကတော့ နှစ်ပေါင်း (၄၀)ကျော်အတွင်းမှာ ပထမဆုံး ကမ္ဘာ့ဖလား ခြေစစ်ပွဲမအောင်တဲ့ မှတ်တမ်းဆိုးကို ရေးထိုးခဲ့ရတာ ဖြစ်ပါတယ်။

(၁၂) ဒီဇင်ဘာ-ဖီဖာကမ္ဘာ့အကောင်းဆုံးဆု ရရှိခဲ့တဲ့ စီရော်နယ်ဒို

2016-17 ဘောလုံးရာသီဟာ ပေါ်တူဂီနဲ့ ရီးယဲတိုက်စစ်မှူး စီရော်နယ်ဒိုအတွက် အကောင်းဆုံးရာသီလို့ ပြောလို့ရပါတယ်။ ယူရိုဖလား၊ လိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား စတဲ့အဓိကဖလားတွေကို ဆွတ်ခူးနိုင်ခဲ့လို့ တစ်ကိုယ်ရေဆုတံဆိပ်တွေလည်း အများကြီး ရခဲ့တဲ့နှစ်ပါ။

နတ်စည်တော် (Shwemom)

SHARE