လက်ရှိထက် ကျန်းမာရေးပိုကောင်းပြီး အသက်ရှည်ဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်များ

မြန်မာနိုင်ငံရဲ့ လူသက်တမ်းက အနည်းဆုံး (၆၅)နှစ်ထိပဲခံကြပါတယ်။ ဂျပန်လူမျိုးတွေရဲ့ သက်တမ်းကတော့ အသက် (၈၅)နှစ်ကနေ (၁၀၀)ထိ ရှိကြပါတယ်။ ဒါတွေအားလုံးဟာ အစားအသောက်နဲ့ နေထိုင်မှုပုံစံတွေကြောင့်ပဲဖြစ်ပါတယ်။

(၁) သကြားမစားပါနဲ့

pixabay

သကြားက ကြောက်ဖို့အကောင်းဆုံး လူသတ်တရားခံပါ။ သကြားမှာ လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတ်တွေပါပါတယ်။ သကြားက ကင်ဆာရောဂါ နဲ့ ဆီးချိုရောဂါတွေကို အားပေးဆုံးပါ။ အချိုရည် ၊ သကြားပါတဲ့အစားအစာတွေ ကိုတတ်နိုင်သမျှရှောင်ပေးပါ။

(၂) Junk Food တွေကို ရှောင်ပေးပါ 
Snack မုန့်တွေအပြင် အာဟာရမဖြစ်တဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ Junk Food တွေကို ရှောင်ပေးပါ။ အကြောင်းကတော့ ဒီအစားအစာတွေက ၀ိတ်ပိုတတ်စေနိုင်ပြီး Junk Food စွဲနေတတ်ပါတယ်။ ဒီအစားအစာတွေထဲမှာဆို မကျန်းမာစေတဲ့ပါဝင်ပစ္စည်းတွေ (သကြား ) ပါတတ်တာကြောင့် အတတ်နိုင်ဆုံး ရှောင်ပေးသင့်တဲ့ အစားအစာမှာ ပါပါတယ်။

READ
IG မှာ သေချာပေါက် Follow လုပ်ထားသင့်တဲ့ Fitness Queen များ

(၃) အိပ်ရေးဝအောင် အိပ်ပါ 

pixabay

အိပ်ရေး၀၀ အိပ်ဖို့က အရေးကြီးပါတယ်။ အိပ်ရေးမ၀ဘူးဆိုရင် အစာပိုစားမိပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေကိုပါ ကျဆင်းသွားစေပါတယ်။ အဓိကအချက်ကတော့ ၀ိတ်တတ်လာစေနိုင်တယ်။

(၄) Vitamin D3 ကိုသောက်ပါ
နေရောင်ကနေ Vitamin D3 ဓာတ်ကိုရပါတယ်။ ပြသနာက အခုလူငယ်၊လူကြီးတွေက နေရောင်ကို သိပ်မထိကြတော့ဘူး။ နေရောင်ဆိုတာ မနက်ပိုင်းနေရောင်ကိုသာဆိုလိုခြင်းဖြစ်ပါတယ်။ နေရောင်မထိတွေ့ပေးရင် လူခန္ဓာကိုယ့်က မကျန်းမာပါဘူး။ နေရောင် မထိတွေ့နိုင်ရင် Vitamin D3 ပါတဲ့ ဖြည့်စွတ်စာတွေကိုသောက်ပေးနိုင်ပါတယ်။ Vitamin D3 က ကျန်းမာရေးအတွက် အံ့မခန်းအကျိုးတွေရှိစေပြီး ကျန်းမာရေးကောင်းကောင်းနဲ့ အသက်ရှည်ရှည်နေထိုင်နိုင်ပါတယ်။

(၅) မီးတူးပြီးမဲနေတာတွေကို ရှောင်ပါ
အသားကင်စားလို့ မီးအရမ်းတူးသွားတာတွေ ၊ မည်းသွားတာတွေကို ရှောင်ပေးပါ။ စားနေတုန်းတော့ နှာမြောပြီးစားလိုက်ပေမယ့် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ မီးတူးစာတာတွေက ကင်ဆာရောဂါကိုအားပေးပါတယ်။ အသားစားပါ ဒါပေမယ့် မီးတူးလွန်နေတာတွေကို မစားပါနဲ့။

READ
ဖိအားများစွာရှိတဲ့အလုပ်မှာ ကာလကြာရှည်စွာလုပ်ကိုင်ခြင်းဟာ ကင်ဆာရောဂါပိုမိုဖြစ်ပွားနိုင်

Hannwe Soe

SHARE