ဆံကေသာလေး ချောမွေ့ပြီး အရှည်အရမ်းမြန်လာစေမယ့် နည်းလမ်း(၂) မျိုး

ပျိုမေတို့ရဲ့ ပျက်စီးပြီးခြောက်သွေ့တဲ့ဆံပင်တွေကြောင့် နေ့တိုင်းစိတ်ညစ်နေရပါသလား။ ဒါဆိုရင်တော့ ဒီနည်းလမ်းလေးတွေဟာ ဆံကေသာလေးတွေကို ချောမွေ့တောက်ပြောင်စေရုံသာမက အရှည်အရမ်းမြန်လာစေမယ့် လျှို့ဝှက်ချက်လေးတွေ ဖြစ်ပါတယ်။

(၁) ထောပတ်ခဲ

ဒီနည်းလမ်းလေးဟာ လူသိနည်းတဲ့ နည်းလမ်းလေးဖြစ်ပါတယ်။ ပျက်စီးနေတဲ့ ဆံပင်အတွက် ထောပတ်အနည်းငယ်ကိုယူပြီး ဆံသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးလိုက်ပါ။ ပြီးရင် ခေါင်းစွပ်လေးနဲ့ အုပ်ပြီး နာရီဝက်လောက်ထားလိုက်ပါ။ ပြီးရင် သုံးနေကျခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။

(၂) ပျားရည်

ပျားရည်ဟာ ဆံပင်ကို အစိုဓာတ်ကို အပြည့်အဝဖြည့်တင်းပေးနိုင်တဲ့ သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အသုံးပြုနည်းကလည်း ရိုးရိုးလေးပါပဲ။ လျှော်ပြီးသားဆံပင်အစိုပေါ်ကို ပျားရည်လိမ်းပေးရမှာပါ။ ဦးရေပြားနဲ့ဆံပင် အရင်းကနေ အဖျားအားလုံးကို လိမ်းပေးပြီး နာရီဝက်လောက်ထားလိုက်ပါ။ ပြီးရင် ရေကြက်သီးနွေးလေးနဲ့ ဆေးချရုံပါပဲ။ တကယ်လို့ ရေဆေးချရတာ လွယ်ကူစေချင်ရင်တော့ သံလွင်ဆီအနည်းငယ်ရောနိုင်ပါတယ်။

READ
Sexyကျတဲ့ခါးလေးပိုင်ဆိုင်စေမယ့် ၆မိနစ်စာလေ့ကျင့်ခန်း

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE