ဘီလီယံနာစာရင်းက အထုတ်ခံရတဲ့အပြင် လူလိမ်ဆိုပြီး Kylie စွပ်စွဲခံနေရ

Image:IG/Kylie Jenner

အသက်အငယ်ဆုံးဘီလီယံနာ မလေး ဆိုပြီး နာမည်ကြီးခဲ့တဲ့ Kylie Jenner  ကတော့ အခုဆိုရင် ဘီလီယံနာ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပတ်သက်ပြီး အရှုပ်တော်ပုံ တွေ ဖြစ် နေပါတယ်။ သူမဟာ Forbes က နေ ထုတ်ပြန်တဲ့  အသက်အငယ်ဆုံး ဘီလီယံနာ စာရင်းမှာ နှစ်နှစ်ဆက်တိုက် ရှိ နေခဲ့ပါတယ်။ အခု  လက်ရှိမှာတော့ Forbes က နေ Kylie က ဘီလီယံ နာဆိုပြီး ညာခဲ့တယ်လို့ ဖော်ပြခဲ့ကာ သူမကို ဘီလီယံနာ စာရင်း က  နေ ဖယ်ရှားပစ်ခဲ့ပါတယ်။ဒီ အ ကြောင်းကိုတေ့ BBC နဲ့ Dailymail တို့ မှာ ဖော်ပြ ခဲ့ပါတယ်။

 

View this post on Instagram

 

happy friday ..

A post shared by Kylie (@kyliejenner) on

Forbes magazine  က  တော့ စွန့်ဦး တီထွင်သူ၊reality TV star  တစ်ယောက် ဖြစ်တဲ့ Kylie Jenner ကို  ဘီလီယံနာ စာရင်းက နေဖယ်ရှား ပစ်ခဲ့ပါတယ်။ဖယ်ရှားရုံ တင် မကပဲ Kylie နဲ့ သူမရဲ့ မိသားစု ဟာ Kylie ရဲ့ cosmetics စီးပွားရေး လုပ်ငန်းရဲ့ တန်ဖိုး ကို တကယ်ရှိတာ ထက် ပိုပြီး လိမ်ညာ ချဲ့ ကား ပြောဆို ခဲ့တယ်လို့ လည်း Forbes က စွပ် စွဲ ခဲ့ပါတယ်။ဒီမိသားစုဟာ Kylie တကယ်ချမ်းသာ နေထက် ပိုပြီး အဆ မတန် ချမ်းသာ နေသလို မျိုး မဟုတ်မမှန် လိမ်ညာ ပြော ဆိုခဲ့ ကြတယ်လို့လည်း Forbes  က ဆိုပါတယ်။Kylie လိမ် ညာတယ်၊သူမက အခုဆိုရင် ဘီလီယံနာ မဟုတ်တော့ဘူး ဆိုပြီး ခေါင်းစဉ် တပ်ပြီး Forbes က Kylie ရဲ့ အထုပ်ကို ဖြည် ခဲ့ပါတယ်။Kylie က တော့ “မတိကျ မခိုင်မာ တဲ့ ဖော်ပြ ချက်၊သက် သေ မရှိတဲ့ စွပ်စွဲ ချက် ..” ဆိုပြီး Forbes ကို သူမရဲ့ တွစ်တာ စာမျက်နှာ  က နေ ပြန် တုံ့ပြန် ခဲ့ပါတယ်။

READ
Galaxy Watch ကြော်ငြာပုံရိပ်တွေကို ဝေမျှလိုက်တဲ့ Jessica BabyFat
Image:IG/Kylie Jenner

ဒါတင်မက သေးပဲ သူမဟာ ဘယ်တုန်းကမှ ဘီလီယံ နာ ဆိုတဲ့ ဂုဏ် ပုဒ် အတွက် တောင်းဆိုတာမျိုး မလုပ် ခဲ့ဖူး သလို၊ ရ အောင် လိမ်ညာ ကြိုးစားတာမျိုး လည်း မရှိခဲ့ ကြောင်း၊လူတစ်ရာ စာရင်း(Forbes ကထုတ်ပြန်တဲ့ အချမ်းသာ ဆုံး ပုဂ္ဂိုလ်စာရင်း) မှာ ပါဖို့ ထက် လက်ရှိမှာ က ကျ မ မှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ ဆိုတာက ပို ပြီး အရေး ကြီးတယ်လို့ လည်း Kylie က တုံ့ပြန်ခဲ့ပါတယ်။Kylie က  ကိုယ့်ဒူးကိုယ်ချွန် ချမ်းသာတဲ့ ဘီလီယံ နာ ဆိုပြီး  Forbes က (၂၀၁၉)မှာ ကြေညာခဲ့တာပါ။(၂၀၂၀)မှာလည်း အသက် အငယ်ဆုံး ဘီလီယံ နာဆိုပြီး Forbes ကပဲ  ကြေညာခဲ့တာပါ။

Image:twitter/Kylie Jenner

Forbes ကတော့ billionaire စာရင်းတွေ ကို ဖော်ပြတဲ့ နေရာမှာ နာမည်ကြီးပါတယ်။Kylie ရဲ့  cosmetics ကုမ္ပဏီ ကိုတော့ (၂၀၁၅) က  စတင် ထူထောင် ခဲ့တာပါ။မနှစ်တုန်းက သူမ ကုမ္ပဏီရဲ့ ရှယ်ယာ (၅၁)ရာခိုင်နှုန်းကို Coty ကို အ မေရိကန် ဒေါ်လာ သန်း (၆၀၀) နဲ့ ရောင်းခဲ့တယ်လို့ Kylie က ကြေညာခဲ့ပါတယ်။Forbes ကတော့ အခွန် ဆောင်တဲ့ ပမာဏ ကို တွက်ချက်ပြီး ဘီလီယံနာ ဟုတ် မဟုတ် ဆန်းစစ် ကြတာပါ။Forbes ကတော့ Kylie ရဲ့  မိသားစု စာရင်းကိုင် က နေ သူ့ကို ပြတဲ့ အခွန် ဆောင် တဲ့ ပမာဏ အရ ဆိုရင် (၂၀၁၆)တုန်းက ရောင်းအား သန်း (၃၀၀) ကျော် ပြီး နောက်ပိုင်းမှာ သန်း (၃၃၀) ကျော်တယ်လို့ မှတ်ယူခဲ့ပါတယ်။ဒါပေမယ့် Kylie ရှယ်ယာ ရောင်းလိုက်တဲ့  Coty  က နေ ဝေမျှ လိုက်တဲ့ အချက် အလက်တွေ ထွက်လာအ ချိန်မှာတော့ အ ခြေ အ နေက ပြောင်းပြန် ဖြစ် နေပါတယ်။Kylie ရဲ့ ကုမ္ပဏီ ဟာ ထင် ထား သ လောက်ကြီး ကြီးမ နေ သလို Forbes က ဖော်ပြ ထားသလို မျိုး မဟုတ်ပဲ သေးငယ်နေတာကို သိခဲ့ရပါတယ်။

 

View this post on Instagram

 

happy sunday ☁️ the stormi collection launches in just 6 days! i can’t wait to celebrate with my baby today ⚡️

A post shared by Kylie (@kyliejenner) on

ရှယ်ယာကို သန်း (၆၀၀) နဲ့ ရောင်းတာ မဟုတ်ပဲ (၂၀၁၈)တုန်းက (၁၂၅)သန်း နဲ့ ရောင်းလို့ ၀ယ်ခဲ့တာပါ ဆိုပြီး Coty ဘက်က ထွက်လာတဲ့ အချက် အလက်တွေ မှာ တွေ့ ခဲ့ ရတာပါ။(၁၂၅)သန်းနဲ့ ရှယ်ယာ (၅၁)ရာခိုင်နှုန်းကို ရောင်းတာ ဆိုရင် (၂၀၁၆)မှာ Kylie Cosmetic ကုမ္ပဏီ ရဲ့ ရောင်းအားက ဒေါ်လာ သန်း (၃၀၀) ကျော်တယ်ဆို တာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ စာရင်းမှားကြီးပါ။ဒါဆိုရင် (၂၀၁၇)က  ရောင်းအား သန်း (၃၃၀) ကျော်ဆိုတာကလည်း ဘယ်လိုမှ မ ဖြစ်နိုင်တဲ့ အရာဆိုပြီး Forbes  က ဖော်ပြခဲ့ပါတယ်။ဒီလို လိမ်ညာမှု ကြောင့်လည်း Forbes က Kylie က  တကယ် ချမ်းသာတာက နည်းနည်း ချဲ့ကားပြီး ချမ်းသာ ချင် ယောင် ဆောင်တာက များများ ဆိုပြီး စွပ်စွဲ ခဲ့တာပါ။

 

View this post on Instagram

 

seas the day baby

A post shared by Kylie (@kyliejenner) on

#SHWEMOM

SHARE