(၂၀၁၉)ခုနှစ်အတွင်း ရေပန်းစားခဲ့တဲ့ အိန္ဒိယရဲ့ လူကြိုက်အများဆုံး(၁၀)ဦး

rvcj

(၂၀၁၉)ခုနှစ်ဟာမကြာမီကုန်ဆုံးတော့မှာဖြစ်တာကြောင့် လူတိုင်းလူတိုင်းဟာ (၂၀၁၉)ခုနှစ်ကိုဆန်းစစ်တာတွေ ဒါမှမ ဟုတ် (၂၀၂၀)အတွက် ဆုံးဖြတ်ချက်အသစ်တွေကိုပြုလုပ်နေရတာတွေကြောင့် အလုပ်များနေကြမှာအမှန်ပါပဲ။

Forbes မဂ္ဂဇင်းကလည်း (၂၀၁၉)ခုနှစ်အတွင်း အောင်မြင်ကျော်ကြားခဲ့တဲ့ အိန္ဒိယထိပ်တန်းအနုပညာရှင်အယောက် (၁၀၀)ရဲ့ စာရင်းကိုဖော်ပြခဲ့ပါတယ်။

ဘောလိဝုဒ်ရဲ့လူကြိုက်အများဆုံးနဲ့ဝင်ငွေရရှိမှုအများဆုံးကိုကြည့်ပြီး ထိပ်တန်းအိန္ဒိယအနုပညာရှင်တွေစာရင်းကို Forbes မဂ္ဂဇင်းကဖော်ပြခဲ့တာဖြစ်ပါတယ်။အစောပိုင်းက နံပါတ်တစ်နေရာတွေကို ဘောလိဝုဒ်ရဲ့Khan တွေကဗိုလ်စွဲ ရရှိနေတာဖြစ်ပေမယ့် ဒီနှစ်မှာတော့ လူငယ်ခရစ်ကက်ကစားသမားတစ်ဦးက နံပါတ်တစ်နေရာကိုရရှိခဲ့ပါတယ်။

(၂၀၁၈)ခုနှစ်အောက်တိုဘာလ(၁)ရက်နေ့ကနေ (၂၀၁၉)ခုနှစ်စက်တင်ဘာ(၃၀)အတွင်း အောင်မြင်ကျော်ကြားခဲ့တဲ့ ထိပ်တန်းအိန္ဒိယအနုပညာရှင်တွေရဲ့စာရင်းကိုဖော်ပြပေးမှာဖြစ်ပါတယ်။

တစ်ခုသိထားရမှာက တစ်ချို့အနုပညာရှင်တွေဟာ ၀င်ငွေနည်းပါးပေမယ့် ထိပ်ဆုံးကိုရောက်နေခဲ့တာကတော့ ၀င်ငွေ များတဲ့သူထက် လူကြိုက်များတာကြောင့်ဖြစ်တယ်လို့ Forbes မဂ္ဂဇင်းကပြောပါပါတယ်။အိန္ဒိယရဲ့အောင်မြင်နေတဲ့ အနုပညာရှင်တွေရဲ့စာရင်းကို လွန်ခဲ့တဲ့(၈)နှစ်ကစပြီး Forbes မဂ္ဂဇင်းကဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ အိန္ဒိယခရစ်ကတ်အဖွဲ့မှ အသက်(၃၁)နှစ်အရွယ် Virat Kohli ဟာ ၀င်ငွေရူပီး (၂၅၂.၇၂) ကုဋေရရှိပြီး နံပါတ်(၁)နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

မင်သား Salman Khan ဟာ (၂၀၁၆)ခုနှစ်ကတည်းက နံပါတ်(၁)နေရာမှာနှစ်စဉ်ရရှိနေခဲ့ပြီး ဒီနှစ်မှာတော့ ၀င်ငွေရူပီး (၂၂၉.၂၅)ကုဋေနဲ့နံပါတ်(၃)နေရာမှာရှိကာ ၀င်ငွေရူပီး (၂၉၃.၂၅)ကုဋေရရှိနေတဲ့ မင်းသား Akshay Kumar ကတော့ နံပါတ်(၂)နေရာမှာရှိနေပါတယ်။

ဒဏ္ဍာရီမင်းသားတစ်ပါးလို့တင်စားခေါ်ဆိုကြတဲ့ မင်းသားကြီး Amitabh Bachchan ကတော့နံပါတ်(၄)နေရာမှာရှိေ နပြီး အိန္ဒိယခရစ်ကတ်အဖွဲ့က လူကြိုက်များရေပန်းစားနေတဲ့ MS Dhoni ကတော့ နံပါတ်(၅)နေရာမှာ ရှိနေပြီး ဘောလိဝုဒ်ရဲ့စူပါမင်းသားတစ်လက်ဖြစ်တဲ့ Shah Rukh Khan ကတော့ နံပါတ်(၆)နေရာမှာရှိနေပါတယ်။

ဒီ top 10 စာရင်းမှာ ပထမဆုံးအကြိမ်ပါခဲ့တဲ့မင်းသမီးတွေကတော့ နံပါတ်(၈)နေရာမှာရှိတဲ့ မင်းသမီး Alia Bhatt နဲ့ နံပါတ်(၁၀)နေရာမှာရှိတဲ့ မင်းသမီး Deepika Padukone တို့ပဲဖြစ်ပါတယ်။

ခရစ်ကတ်ကစားသမား Sachin Tendulkar ကတော့ နံပါတ်(၉)နေရာမှာရှိနေပါတယ်။

အိန္ဒိယနိုင်ငံမှာ ခရစ်ကတ်ကစားသမားတွေဟာ ၀င်ငွေကောင်းရုံသာမက ခရစ်ကတ်ချစ်သူတွေကြားမှာ အရမ်းကိုရေပန်းစားနေဆဲဖြစ်တာကြောင့် အခုလို top 10 စာရင်းမှာပါဝင်နေကြတာပဲဖြစ်ပါတယ်။

rvcj

 

READ
ထူးဆန်းအံ့သြစရာတွေနဲ့ ပြည့်နှက်နေတဲ့ အိန္ဒိယနိုင်ငံအကြောင်း

ကဲလာမယ့် (၂၀၂၀)မှာကော ဘယ်သူတွေက top 10 စာရင်းမှာပါဝင်မလည်းဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Thae

SHARE