အအိပ်ကြမ်းတဲ့ စုံတွဲတွေအတွက် အထူးတီထွင်ထားတဲ့ ဖို့ဒ်ရဲ့ စမတ်အိပ်ရာ

ဖို့ဒ်ကုမ္ပဏီဟာ စုံတွဲတွေအတွက် အထူးထုတ်လုပ်ထားတဲ့ အိပ်ရာတစ်မျိုးကို တီထွင်နေပါပြီ။ ၄င်းအိပ်ရာဟာ တစ်ကိုယ်ကောင်းဆန်စွာ အိပ်ရာထဲ နေရာအကျယ်ကြီးယူပြီး အိပ်တတ်သူတွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ပုံမှန်မွေ့ယာတွေမှာတော့ ကိုယ့်အိပ်နေတဲ့ အိပ်ရာဘက်အခြမ်းကို ဘေးလူက တိုးကပ်ပြီး လာအိပ်တာကြာလာရင် အနေကြပ်သလို စိတ်လည်း ကျဉ်းကြပ်ရပါတယ်။ တစ်နေ့လုံး အလုပ်ပင်ပန်းလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်ပေမယ့် အအိပ်ကြမ်းတဲ့ အဖော်ကြောင့် မကြာခဏ နိုးနေရတာတွေလည်း ရှိပါတယ်။

PA

ဒီလိုပြဿနာကို ဖို့ဒ်က ဖြေရှင်းပေးထားတာပါ။ လူနှစ်ယောက် အိပ်နေရာကနေ တစ်ယောက်ဟာ နယ်ကျွံပြီး အခြားဘက်ခြမ်းကို ရောက်သွားခဲ့ရင် ဖို့ဒ်စမတ်အိပ်ရာက အလိုအလျောက် ဘက်ညီအောင် ပြန်လည်ပြုပြင်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ညတိုင်း ကိုယ်အိပ်ရာပေါ်က ပြုတ်ကျအောင် ကိုယ့်ဘေးနားကပ်ပြီး လာအိပ်တဲ့သူကို တွန်းထုတ်ရတဲ့ဘေးက ကင်းဝေးစေမှာ ဖြစ်ပါတယ်။ စမတ်အိပ်ရာမှာ အိပ်စက်သူတွေရဲ့ အိပ်စက်ပုံလမ်းကြောင်းကို အညီအမျှ ဖြစ်နေအောင် ပြုပြင်ပေးတဲ့ နည်းပညာကို သုံးထားတာကြောင့် Lane-Keeping Bed လို့လည်း ခေါ်ပါတယ်။

READ
ဒီဇိုင်နာတွေရဲ့ သာမန်ထက်ကွဲပြားစွာ တီထွင်ထားတဲ့ ပစ္စည်းဒီဇိုင်းဆန်းများ
dailymail

စမတ်အိပ်ရာမှာ ဖိအားကို အာရုံခံနိုင်တဲ့ အာရုံခံကိရိယာတွေ တပ်ဆင်ထားပါတယ်။ ဒါကြောင့် အိပ်ရာရဲ့ ဘက်တစ်ဘက်မှာ ဖိအားအရမ်းများနေရင် အိပ်ရာက ဖိအားပြန်ညီမျှအောင် ထိန်းညှိပေးမှာ ဖြစ်ပါတယ်။ စမတ်အိပ်ရာရဲ့ မွေ့ယာထဲမှာတော့ အီလက်ထရောနစ် အင်ဂျင်တွေ တပ်ဆင်ထားပြီး လှုပ်ရှားမှုကို ထိန်းညှိစီမံပေးတဲ့ နည်းပညာတွေ သုံးထားပါတယ်။ တကယ်လို့ မွေ့ယာပေါ်မှာ ဘက်တစ်ဘက်က နေရာယူတာ အရမ်းများနေပြီဆိုရင် အိပ်စက်သူတွေကို မနိုးပဲ မွေ့ယာက အလိုက်သင့်လေး နေရာပြင်ပေးသွားမှာ ဖြစ်ပါတယ်။

PA

ဒေါက်တာ နေးလ်စတန်လီရဲ့ အဆိုအရတော့ လူတွေဟာ အိပ်စက်နေစဉ်အတွင်းမှာ ကိုယ်တိုင်တောင် မသိလိုက်ပဲ လှုပ်ရှားတတ်ကြကြောင်း ဆိုပါတယ်။ လူတွေဟာ ညဘက်အိပ်စက်တဲ့အခါ (၁၂)ကြိမ်ကနေ အကြိမ်(၂၀) အထိ ခန္ဓာကိုယ်လှုပ်ရှားမှုတွေပြုလုပ်ကြပါတယ်။ ဒီလို လှုပ်ရှားမှု အကြမ်းစားတွေဟာ အိပ်ရေးပျက်စေပါတယ်။ ဒါကြောင့်လည်း ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်အနားယူခြင်းက အရေးကြီးနေရတာ ဖြစ်ပါတယ်။ များသောအားဖြင့် စုံတွဲအများစုဟာ နှစ်ယောက်အိပ်တဲ့အခါ အိပ်စက်တဲ့နေရာ မလုံလောက်ကြတဲ့ အဖြစ်ကို ကြုံနေရတယ်လို့ နေးလ်က ရှင်းပြပါတယ်။

READ
လန်ဒန်မြို့ကို ၃၆၀ ဒီဂရီ နောက်ခံထားမယ့် ၅၅ လွှာအပေါ်က မိုးမြင့်ရေကူးကန် ဒီဇိုင်း


ဖို့ဒ်ကုမ္ပဏီဟာ ၄င်းစမတ်အိပ်ရာကို နေ့စဉ်ဘ၀မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ နည်းပညာနဲ့ စမ်းသပ်ကြည့်တဲ့ အကြမ်းထည်ဖန်တီးမှု သက်သက်မျှသာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ၄င်းအိပ်ရာကို ဈေးကွက်ထဲ တင်သွင်းဖို့အထိတော့ စိတ်မကူးထားဘူးလို့ သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE