သစ်တောအုပ်ကြီးဖြစ်လာတဲ့ သြစတြီးယားက ဘောလုံးကွင်းကြီး

forforest

ဘောလုံးကွင်းလို့ ဆိုလိုက်ရင် လူပေါင်းများစွာတို့ရဲ့ အားပေးသံတွေ၊ ဟစ်အော်သံမျိုးစုံနဲ့ ဆူညံရမယ့်နေရာတစ်ခုလို့ သိကြပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ သြစတြီးယားဟာ ရာသီဥတုပြောင်းလဲလာခြင်းနဲ့ သစ်တောပြုန်းတီးမှုအပေါ် စိတ်ဝင်စားလာပြီး သဘာဝအတွက် တန်ဖိုးရှိတဲ့ အရာတစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲဒါကတော့ ဧကပေါင်းများစွာ ကျယ်ဝန်းတဲ့ ဘောလုံးကွင်းကြီးကို သစ်တောအုပ်ကြီးအဖြစ် ပြောင်းလဲလိုက်တာပဲ ဖြစ်ပါတယ်။

forforest
forforest

ဘောလုံးကွင်းကြီးဟာ Klagenfurt မြို့မှာရှိတဲ့ Wörthersee ဘောလုံးကွင်းကြီးဖြစ်ပါတယ်။ ဘောလုံးကွင်းကြီးကို သစ်တောအုပ်ကြီးအဖြစ် ပြောင်းလဲဖို့ကတော့ ဆွစ်ဇ်အနုပညာရှင်တစ်ဦးဖြစ်သူ Klaus Littmann က စိတ်ကူးရခဲ့တာပါ။ ဘောလုံးကွင်းကြီးဟာ သြစတြီးယား Carinthia ပြည်နယ်တောင်ပိုင်း Wörthersee ရေကန်နားမှာ ရှိပါတယ်။

forforest
forforest

အရင်တုန်းက ပရိတ်သတ်တွေ တရုန်းရုန်းနဲ့ ဖြစ်ခဲ့တဲ့ ဘောလုံးကွင်းကြီးက အခုဆိုရင်တော့ အပင်ပေါင်း (၃၀၀) ၀န်းကျင်ကို စိုက်ပျိုးထားပြီး ဖြစ်ပါတယ်။ အပင်ကြီးတွေကတော့ တော်တော်ကြီးမားပါတယ်။ တချို့အပင်တွေဆိုရင် တန်ချိန်(၆) တန်လောက် အလေးချိန်ရှိပါတယ်။

READ
သဘာဝတရားကြီးသာလျှင် အင်အားအကြီးဆုံးဖြစ်ကြောင်း မျက်မြင်တွေ့နိုင်မယ့်ပုံများ
forforest
forforest

အပင်တွေထဲမှာတော့ ဘုဇပတ်မျိုးဝင်အပင်တွေ၊ အဖြူရောင်မိုးမခပင်တွေ၊ မေပယ်လ်ပင်တွေနဲ့ ၀က်သစ်ချပင်တို့လို အပင်မျိုးစိတ်တွေ ပါဝင်ပါတယ်။ Littmann ကတော့ ဘောလုံးကွင်းကို အခုလို သဘာဝလက်ထဲ ပြန်ထည့်ပေးရတဲ့အကြောင်းရင်းကတော့ သဘာဝရဲ့ အသိတရားကို စိန်ခေါ်လိုခြင်းဖြစ်တယ်လို့ ဆိုလိုက်ပြီး အနာဂတ်ကာလမှာလည်း အခုလို လူတွေအသုံးပြုနေကြတဲ့ မြေကွက်လပ်တွေလို နေရာမျိုးမှာ စနစ်တကျနဲ့ အပင်တွေစိုက်ပျိုးလာကြလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဆိုခဲ့ပါတယ်။

Wörthersee ဘောလုံးကွင်းကြီးထဲကိုတော့ ယခုနှစ်အောက်တိုဘာလကုန်အထိ မည်သူမဆို လာရောက်လေ့လာနိုင်ဖို့ ဖွင့်လှစ်သွားမယ့်အကြောင်းလည်း CNN သတင်းအရ သိရှိရပါတယ်။

လင်းလင်း (ShweMom)

SHARE