သင့်အပေါ်ထားတဲ့ အချစ်တွေ ဘယ်တော့မှပြောင်းလဲသွားမှမဟုတ်တဲ့ ချစ်သူမျိုးဆိုတာ….

ချစ်သူစုံတွဲတော်တော်များများဟာ ချစ်သက်တမ်းကြာလာတဲ့အမျှ သူ ကိုယ့်အပေါ် စချစ်ခဲ့တုန်းကလောက်၊ စတွေ့ခဲ့တုန်းကလောက်  ရင်ခုန်ရဲ့လားဆိုတာ သိချင်တတ်ကြပါတယ်။ သင့်ချစ်သူက တကယ်လို့ အခုပြောပြမယ့် အချက်လေးတွေနဲ့ ကိုက်ညီနေသေးတယ်ဆိုရင်တော့ သင့်အပေါ်ထားတဲ့ အချစ်တွေ ဘယ်တော့မှပြောင်းလဲသွားမှမဟုတ်တဲ့ ချစ်သူမျိုးဆိုတာ ယုံကြည်ပေးလိုက်ပါနော်….

(၁) အရာအားလုံးထက် အလေးထားတယ်။

သင်ဈေးဝယ်ထွက်တဲ့အခါမျိုးတွေမှာ အထုပ်တွေသယ်ပေးတာ၊ အထိမ်းအမှတ်နေ့တွေမှာ လက်ဆောင်ပေးတာ၊ သူစိတ်ညစ်နေချိန်မျိုးတွေမှာတောင် သင်ပျော်အောင်လုပ်ပေးနိုင်သူ၊ သူအဆင်မပြေပေမယ့် သူပူဆာလိုက်တဲ့အရာတိုင်းကို ရအောင်လုပ်ပေးနိုင်သူမျိုးဆိုတာ သင့်ကို အရာအားလုံးထက် တန်ဖိုးထားဆက်ဆံပြီး အချစ်တွေ ဘယ်တော့မှ လျော့မသွားအောင် ထိန်းထားတတ်သူပါ။

(၂) ဦးစားပေးတယ်။

တောင်းဆိုတာတွေမှန်သမျှ လိုက်လျောပေးတယ်၊ သင်ရဲ့နှုတ်ထွက်စကားတစ်ခွန်းကို နားထောင်ပြီး သင်ဖြစ်ချင်တဲ့ အရာတွေကို ဦးစားပေးလုပ်ဆောင်တတ်တဲ့လူမျိုးတွေဆိုတာ သင့်ကိုခုထက်ထိ အချစ်မလျော့ဘဲ ရင်ခုန်နေဆဲမို့လို့ပါ။ ဒီလိုချစ်သူမျိုးကို သင်ပိုင်ဆိုင်ထားပြီဆိုရင် လုံးဝလက်လွှတ်မခံပါနဲ့နော်..

READ
သင့်သူငယ်ချင်းက သင့်ကိုကြိတ်ကြိုက်နေသလားဆိုတာ သိရှိနိုင်မယ့်အချက်များ

(၃) သင့်အပေါ် သစ္စာရှိတယ်။

ချစ်သူသက်တမ်းကြာလာတဲ့အချိန်တွေမှာ သင့်အပေါ်တစ်ကြိမ်တစ်ခါမှ သစ္စာမဖောက်ဘူး၊ မဖောက်ပြန်ဘူးဆိုတာ သူရဲ့ အချစ်တွေအကုန်လုံးကို သင်တစ်ယောက်တည်းကိုသာ အပိုင်ပေးထားလို့ပဲဖြစ်ပါတယ်။ ဒီလိုချစ်သူမျိုးကိုရထားတဲ့ သင်ဟာ ဒီကမ္ဘာမှာ ကံအကောင်းဆုံးလူသားတစ်ယောက်ပါနော်…

(၄) သင်ကိုပဲ အမြဲတမ်းတွေ့ချင်နေတယ်။

သင်နဲ့ဝေးနေလည်း သင့်ကိုအမြဲတမ်းဆက်သွယ်တယ်၊ လွမ်းတဲ့အကြောင်းလေးတွေပြောတယ်၊ မရရတဲ့နည်းနဲ့ အမြဲဆက်သွယ်တတ်တယ်။ နောက်ပြီး သင်တွေ့တဲ့အချိန်တိုင်းမှာ မျက်လုံးလေးကိုဆုံပြီး စကားပြောလိုက်ရမှ ကျေနပ်နေတတ်ပြီး သင်ဘာလေးပဲလုပ်နေနေ ပြုံးပြုံးကြီးကြည့်ပြီး သင့်ကိုငေးနေမှာပါ။ ဒါဆိုရင်တော့သူ့ရင်ထဲမှာ သင့်ကိုစတွေ့တုန်းကလိုပဲ ကြည့်မဝ၊ ရှုမဝဖြစ်ပြီး သင်လုပ်သမျှကို အကောင်းမြင်နေတာဖြစ်ပါတယ်။

SHARE