ကမ္ဘာအနှံ့ကပျောက်ကွယ်ယိုယွင်းခဲ့ကြရတဲ့ အံ့သြဖွယ်ဗိသုကလက်ရာ (၄) ခုအကြောင်း

Budget Direct

ကမ္ဘာကြီးဟာ သိပ်ကိုစိတ်ဝင်စားစရာကောင်းပြီး အဲဒီခေတ်တုန်းက ဆောက်ထားတာတွေမှ ဟုတ်ပါ့မလာားဆိုတဲ့ လက်ရာမြောက် ရှေးဟောင်းဗိသုကာလက်ရာတွေ အများကြီးရှိလို့နေပါတယ်။ တချို့တွေကတော့ ယနေ့အချိန်အထိ အကောင်းအတိုင်းရှိသေးပေမယ့် တချို့လက်ရာတွေကတော့ နှမြောစရာကောင်းစွာနဲ့ပဲ ပျက်စီးသွားလို့မရှိတော့တာတွေရှိသလို အချိန်ကြာလာတာနဲ့အမျှယိုယွင်းပျက်ဆီးလာကြတာတွေလည်း ရှိနေပါတယ်။ အဲဒီအထဲကမှ စိတ်ဝင်စားစရာကောင်းတဲ့ ဗိသုကာလက်ရာတွေ ၄ ခုကို ဘယ်လိုဖြစ်လာတယ်၊ ဘယ်လိုမျိုးပျက်စီးသွားတယ်ဆိုပြီး ဖော်ပြပေးချင်ပါတယ်။

ပုံလေးတွေကိုတော့ digital art နဲ့ဖြတ်ညှပ်ကပ်လုပ်ပြီးထည့်ပေးထားတာမို့ ဆောက်ခါစပုံနဲ့လက်ရှိမြင်ကွင်းတို့ကိုအလွယ်တကူပဲယှဉ်ကြည့်နိုင်ပါတယ်နော်။

(၁) Colossus of Rhodes

The Colossus ဆိုတာဟာ ပေပေါင်း ၁၀၄ ပေအမြင့်ရှိတဲ့ ရုပ်ထုကြီးဖြစ်ပါတယ်။ ဂရိနေနတ်ဘုရား Helios ရဲ့ ရုပ်ပုံကိုထွင်းထုထားပြီး Rhodes ရဲ့ Mandraki သင်္ဘောဆိပ်မှာတည်ဆောက်ထားတာပါ။ ရုပ်ထုရဲ့ခြေထောက်နှစ်ဖက်ဟာ ဆိပ်ကမ်းရဲ့တစ်ဖက်တစ်ချပ်ဆီမှာရှိနေပြီး ၄၉ ပေအမြင့်ရှိတဲ့ ထုံးကျောက် အောက်ခံအဆောက်အဦပေါ်မှာ အခြေခံကာတည်ဆောက်ထားခဲတာပါ။ ဆိပ်ကမ်းကနေ ဘယ်ရေယာဉ်မဆို ရုပ်ထုရဲ့ခြေထောက်ကြားက ဖြတ်သွားရကာ ကံကောင်းခြင်းကိုယူဆောင်ပေးတယ်လို့ အယူရှိခဲ့ကြပါတယ်။ ၃၀၄ ဘီစီမှာ စတင်တည်ဆောက်ခဲ့ကာ အကုန်လုံးလက်စသတ်ပြီးစီးဖို့ကို ၁၂ နှစ်တောင် အချိန်ယူခဲ့ကြပါတယ်။ သို့ပေမယ့်လည်း ရုပ်ထုဟာကြီးမားလွန်းလှပြီး အလေးချိန်ဝန်တွေအကုန်လုံးက အောက်ကထုံးကျောက်အဆောက်အဦလေးပေါ်မှာ သွားပိုးနေတာမို့ ရုပ်ထုပြီးစီးပြီး ၅၆ နှစ်အကြာမှာတော့ ငလျှင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ပါတယ်။

READ
လုံးဝမရယ်မပြုံးလို့ နာမည်ကြီးခဲ့တဲ့ နှစ်(၁၀၀) အလွန်က အမျိုးသမီး
Budget Direct
Budget Direct

(၂) Great Pyraid of Giza

ကမ္ဘာအနှံ့မှာဟိုတစ်စ သည်တစ်စနဲ့ တစ်နှစ်ပြီးတစ်နှစ် မိုးမျှော်တိုက်ကြီးတွေပေါ်ပေါ်လာနေခဲ့သော်လည်း အီဂျစ်က ဂီဇာပရမစ်ကတော့ နှစ်ပေါင်းလေးထောင်ကျော်ကြာပြီးတာတောင်မှပဲ အမြင့်ဆုံးအဖြစ် နံပါတ်တစ်နေရာမှာရှိနေဆဲပါပဲ။ ပေပေါင်း ၄၈၁ ပေမြင့်ပြီး ၁၃ ဧကကျယ်တဲ့သင်္ချိုင်းမြေပေါ်မှာ တည်ဆောက်ထားတာပါ။ Khufu အီဂျစ်ဖယ်ရိုမျိုးဆက်အတွက် 2569 BCE က တည်ဆောက်ထားခဲ့တာမို့ အခုအချိန်မှာတော့ အပြင်ပိုင်းရောအတွင်းမှာပါ တော်တော်လေးကိုပျက်ဆီးယိုယွင်းနေခဲ့ပြီဖြစ်ပါတယ်။

Budget Direct
Budget Direct

(၃) Lighthouse of Alexandria

အထင်ကရ Alexandria မီးပြတိုက်ကတော့ BCE ၃၀၀ မှ ၂၈၀ ကြားမှာ တည်ဆောက်ထားခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ ပထမဦးဆုံးမီးပြတိုက်လို့ သတ်မှတ်ထာားခဲ့ပြီး အမြင့်ပေ ၃၃၀ လောက်ရှိလို့ ဂီဇာပရမစ်ပြီးရင် ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦလို့ဆိုနိုငပါတယ်။ သို့ပေမယ့်လည်း ကံဆိုးစွာနဲ့ အဆောက်အဦအပေါ်ပိုင်းတွေမှာ မီးလောင်ကျွမ်းခဲ့ကာ ၁၂ ရာစုနဲ့ ၁၅ ရာစုနောက်ပိုင်းမှာတော့ ငလျှင်ဒဏ်ကြိမ်ဖန်များစွာခံရကာ အပေါ်ပိုင်းတစ်ခုလုံး လုံးဝပြိုကျပျက်ဆီးသွားခဲ့ပါတယ်။

READ
မီးပွားတစ်ခုကြောင့်နာရီပိုင်းအတွင်းပျက်ဆီးခဲ့ရတဲ့ ကမ္ဘာ့အကြီးဆုံးရေပေါ်နန်းတော်ကြီး
Budget Direct
Budget Direct

(၄) Statue of Zeus

Zeus နတ်ဘုရားရဲ့ ရုပ်ထုကြီးကိုတော့ Elean ရဲ့ရိုးရာဓလေ့အတိုင်း တည်ဆောက်ခဲ့ရာ ဆောက်လုပ်ရေးပစ္စည်းမှားယွင်းမှုတွေကြောင့် ပျက်ဆီးခဲ့ရပါတယ်။ ၄၃ ပေအမြင့်ရှိပြီး မိုးကြိုးမတ်ဘုရားရဲ့ပုလ္လင်ကို သစ်သားနဲ့ပြုလုပ်ခဲ့ကြတာပါ။ မီးဆွဲပြီး ၄၂၆ CE မှာတော့ ရုပ်ထုကြီးပြိုကျခဲ့ရပေမယ့် ရုပ်ထုမှာဆင်ယင်ထားတဲ့ ရွှေငွေကျောက်သံပတ္တမြားတွေကတော့ အခုအချိန်အထိ ဘယ်မှာမှန်းရှာဖွေလို့ မရသေးပါဘူး။

Budget Direct
Budget Direct

Source: Boredpanda

Penny

SHARE