သွေးစုပ်ဖုတ်ကောင်တွေက ခရီးသွားတွေကို စွဲဆောင်ပေးမယ်လို့ ထင်နေတဲ့ မြို့ငယ်လေး

Imdb_Twilight

သွေးစုပ်ဖုတ်ကောင် (Vampire)တွေဟာ မျက်မှောက်ခေတ်မှာ တကယ်ရှိဖို့ မသေချာတော့ပါဘူ။ ဒါပေမယ့် သွေးစုပ်လင်းဆွဲ (လင်းနို့မျိုးရင်း Vampire bat )သတ္တဝါကြီးတွေကတော့ ရှိနေဆဲပါဘဲ။ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်က မြို့ငယ်လေးကတော့ သူတို့မြို့လေးကို ခရီးသွားတွေ လာရောက်လည်ပတ်စေဖို့ သွေးစုပ်ဖုတ်ကောင်တွေက ကူညီစွဲဆောင်ပေးလိမ့်မယ်လို့ ယုံကြည်နေကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အဲဒီမြို့လေးအမည်ကတော့ Forks ဖြစ်ပါတယ်။ လူဦးရေ (၃၆၀၀)သာရှိပြီး၊ အမေရိကန် Bestseller စာရေးဆရာမ Stephenie Meyer ကြောင့် လွန်ခဲ့တဲ့(၁၅)နှစ်ကတည်းက နာမည်ကြီးခဲ့တာဖြစ်ပါတယ်။ Meyer ဟာ သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းကို Forks မြို့လေးကို အခြေတည်ပြီး ရေးသားခဲ့တာပါ။ ဒီလိုပဲ အဲဒီစာအုပ်ကနေ ဇာတ်ကားအဖြစ် ဖန်တီးလိုက်တဲ့ Twilight ဇာတ်လမ်းတွဲကလည်း အဲဒီကို အခြေတည်ခဲ့ပါတယ်။

Google

ဇာတ်ကားမူလဖန်တီးတဲ့ဆီကတော့ Oregon နဲ့ British Columbia မှာ ဖြစ်လင့်ကစား၊ နာမည်ကြီးတော့ မူလအခြေတည်ရာ Forks မြို့လေးက ကံကောင်းစွာ ပူးတွဲနာမည်ကြီးလာတာပါ။ စာအုပ်နဲ့ ရုပ်ရှင်ကားကလည်း ဒေါ်လာဘီလီယံနဲ့ချီပြီး ဝင်ငွေရှိခဲ့သလို၊ မကြာသေးခင်ကာလမှာလည်း နောက်ထပ်အပိုင်းတွဲတွေ ဆက်ထွက်ဦးမှာဖြစ်ပါတယ်။

Meyer ရဲ့နောက်ဆုံးလက်ရာဖြစ်တဲ့ Midnight Sun စာအုပ်ကိုတော့ သြဂုတ်လ(၄)ရက်မှာ ဖြန့်ချိခဲ့ပါတယ်။ ထုတ်ဝေတဲ့ပထမအပတ်မှာပဲ Amazon ရဲ့ ရောင်းရအကောင်းဆုံးစာအုပ်တွေနေရာမှာ နံပတ်(၁)ကနေ စီးစီးပိုးပိုး သိမ်းပိုက်ထားနိုင်ခဲ့တာပါ။ ဒီစာအုပ်ကတော့ Meyer ရဲ့ Twilight ဆီးရီးစ်ရဲ့ ငါးအုပ်မြောက်ဖြစ်ပါတယ်။ အားပေးသူတွေကလည်း ဝက်ဝက်ကွဲမို့ ဇာတ်ကားကတော့ အောင်မြင်ဦးမှာပါ။

 

 

View this post on Instagram

 

“Forever.” #robertpattinson #kristenstewart #edwardcullen #bellaswan #bellacullen #breakingdawn #breakingdawnpart2 #twilight

A post shared by The Twilight Saga (@thetwilightsaga) on

Meyer ရဲ့ဖန်တီးမှု အားကောင်းခြင်း၊ Twilight ရဲ့ ဝက်ဝက်ကွဲအောင်မြင်ခြင်းတွေကနေ Forks မြို့လေးက အကျိုးခံစားခွင့်ရခဲ့ပါတယ်။ (၂၀၁၀)ခုနှစ် Twilight အပိုင်းတွဲတွေရဲ့အောင်မြင်မှုကြောင့် မြို့ငယ်လေးဆီကို လူပေါင်း (၇၂၀၀၀)ကျော် လာရောက်လည်ပတ်ခဲ့ပါတယ်။ Forks ဒေသခံတစ်ဦးဖြစ်တဲ့ Leppell’s Flowers & Gifts စတိုးဆိုင်ပိုင်ရှင် Charlene Leppell ကတော့ ဝတ္ထုအားကိုးနဲ့ သူတို့စီးပွားရေးတွေ ပိုပြီးဖွင့်ဖြိုးလာမယ်လို့ ယုံကြည်နေပါတယ်။

“လူတွေက စာအုပ်ကို ဖတ်လေလေ .. စိတ်ဝင်စားတဲ့သူ များလာလေလေလို့ ကျွန်မကတော့ အကောင်းမြင်ပါတယ် ”လို့ CNN ကို ပြောခဲ့ပါတယ်။ သူမရဲ့စတိုးဆိုင်မှာ ပရိသတ်အကြိုက်များတဲ့ “I was bitten in Forks”မက်ခွက်တွေ၊ Carlisle Cullen ဝတ်ဆင်သရုပ်ဆောင်ခဲ့တဲ့  Lab coat တွေအစရှိတဲ့အရာတွေကို လက်ဆောင်အဖြစ် ရောင်းပေးပါတယ်။ ဒါပေမယ့် သူမက Midnight Sun သာထွက်လာရင် ရေရှည်မတည်မြဲမှာကို စိုးရိမ်နေပါသတဲ့။

အဆိုပါ မြို့ငယ်လေးမှာ ထူးဆန်းတဲ့အထိမ်းအမှတ်လေးတွေလည်း ရှိပါသေးတယ်။ ဥပမာအားဖြင့် Bella Swan (ဇာတ်ကားသရုပ်ဆောင်အမည်)ရဲ့မွေးနေ့ စက်တင်ဘာ(၁၃)ရောက်တိုင်း The day of “Twilight” လို့သတ်မှတ်ကာ ပရိသတ်တွေကို ပျော်ရွှင်ဖွယ်ရာ Activity တွေများစွာနဲ့ စွဲဆောင်နေပါတယ်။ ဒေသခံစားသောက်ဆိုင်တွေကလည်း သူတို့ မီနူးထဲမှာ Bella Burger ဆိုတာမျိုးတွေ ထည့်သွင်းလေ့ရှိပါတယ်။ ဒီလို စိတ်ဝင်စားဖွယ် အလေးထားမှုတွေကလည်း အနာဂတ်မှာ သူတို့မြို့ဆီကို လူတွေအများကြီး ပိုပြီးလာလည်မယ်လို့ ဒေသခံတွေက မျှော်လင့်နေကြတာပါ။

လင်းဇော်ကို

SHARE