ဝန်ပင့်ယာဉ်တစ်စီးကြောင့် ကုန်လှောင်ရုံတစ်ရုံလုံး ပြိုကျပျက်စီးခဲ့ရတဲ့ သတင်းဗီဒီယိုဖိုင်

ကုန်လှောင်ရုံတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဝရုန်းသုန်းကား ဖြစ်စဉ်တစ်ခုပါ။ ဝန်ပင့်ယာဉ်လေးတစ်စီးက စင်တစ်ခုကို ချော်တိုက်မိခဲ့ရာမှ ကုန်လှောင်ရုံတစ်ရုံလုံးနီးပါး ပြိုကျပျက်စီးခဲ့ရပါတယ်။

ဗီဒီယိုထဲမှာတော့ ကုန်လှောင်ရုံတစ်ရုံထဲရဲ့ ပစ္စည်းတင်စင်နှစ်ခု ကြားထဲက လိုင်းလေးထဲမှာ ဝန်ပင့်ယာဉ်တစ်စီး မောင်းနှင်လာတာကို အရင်ဆုံး တွေ့ရပါတယ်။ လိုင်းရဲ့ လမ်းအဆုံးမှာတော့ အခြားဝန်ထမ်းနှစ်ယောက်က ပစ္စည်းတွေကို စစ်ဆေးနေခဲ့ကြပါတယ်။ ကြီးမားတဲ့ အပျက်အစီးကြီးကတော့ ဝန်ပင့်ယာဉ်မောင်းသမားက သူ့ယာဉ်ကို လမ်းအဆုံးအရောက် ရပ်လိုက်စဉ်မှာ ဖြစ်ပါတယ်။ အဆိုပါ ကုန်လှောင်ရုံရဲ့ နာမည်နဲ့ တည်နေရာကိုတော့ သတင်းများက မဖော်ပြထားခဲ့ပါဘူး။ ၂၀၁၇ ဇူလိုင်လက ဖြစ်ခဲ့တယ်လို့တော့ သိရပါတယ်။ ဗီဒီယိုကတော့ ၂၀၁၈ နိုဝင်ဘာမှာမှ Facebook ပေါ်မှာ တက်လာခဲ့တာပါ။

Facebook

ဝန်ပင့်ယာဉ်ဒရိုင်ဘာဟာ ယာဉ်ကို ရပ်လိုက်ချိန်မှာ ဘေးမှာရှိတဲ့ ကုန်တွေ တင်ထားတဲ့ စင်ကို အနည်းငယ်လေး ဆိုရုံမျှလောက်သာ ယာဉ်နဲ့ ထိမိခဲ့တာပါ။ ဒါပေမယ့် စက္ကန့်ပိုင်းအကြာမှာပဲ အဆိုပါ စင်ဟာ ပြိုလဲပြီး စင်ပေါ်က ပစ္စည်းတွေလည်း ပြုတ်ကျကာ ဝန်ပင့်ယာဉ်ပေါ်ကို ဖုံးပိသွားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ပြိုကျသွားခဲ့တဲ့ ပစ္စည်းတင်စင်ဟာ ယာဉ်ကို မျက်နှာချင်းဆိုင် စင်ဘက်ဆီ တွန်းပို့သလိုဖြစ်ကာ မျက်နှာချင်းဆိုင် စင်လည်း စတင် ပြိုလဲပြုတ်ကျပါတော့တယ်။ တစ်ခုပေါ် တစ်ခု အဆင့်ဆင့် ပြုတ်ကျကာ ဗီဒီယိုထဲမှာ တွေ့ရတဲ့ ညာဘက်ခြမ်းက ကုန်တင်စင်တွေ အကုန်အပြောင်အစင်ပါပဲ။

READ
ကားနဲ့တမင်တိုက်မှု အကြမ်းဖက်အဖွဲ့အစည်းများနဲ့မပတ်သက်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်
Facebook

ဝန်ပင့်ယာဉ်ဒရိုင်ဘာကတော့ ဒီဖြစ်ရပ်မှာ ဒဏ်ရာအနာတရ တစုံတရာများရှိခဲ့သလား၊ အလုပ်ရော ဆက်လုပ်ရရဲ့လားဆိုတာတော့ ကုမ္ပဏီဘက်က လျှို့ဝှက်ထားခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ဗီဒီယိုကို ကြည့်ရသူတွေကတော့ ထိုဖြစ်ရပ်ကို ရှေ့က ဖြစ်ရပ်ကြောင့် နောက်ဆက်တွဲ အကျိုးလိုက်လာတဲ့ domino effect လို့ ဆိုသူများလည်း ရှိနေပြီး ဒါဟာ တကယ်တော့ ယာဉ်မောင်းသမားရဲ့ အပြစ်လို့သာ မဆိုနိုင်ဘဲ စင်တွေရဲ့ ခိုင်ခံ့မှုမှာ ချို့ယွင်းချက် ရှိနေတဲ့အတွက် ဖြစ်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

Ref: Dailymail

SHARE