Beyoncé နဲ့အတူတွဲပြီး ကြော်ငြာရိုက်ကူးခဲ့တဲ့ 2NE1 အဖွဲ့ဝင်ဟောင်း CL

koreaboo

ပေါ့ဂီတလောကရဲ့ ဘုရင်မအဖြစ် သတ်မှတ်ခံထားရတဲ့  Beyoncé နဲ့ ကေပေါ့လောကရဲ့ ဘုရင်မတစ်ပါးအဖြစ် ပရိသတ်တွေ တင်စားလေ့ရှိတဲ့ 2NE1 အဖွဲ့ဝင်ဟောင်း CL တို့ကတော့ ပရိသတ်တွေအတွက် စပရိုက်တစ်ခုကို ချပြလိုက်ပါပြီ။

 

View this post on Instagram

 

IVY PARK January 18

A post shared by Beyoncé (@beyonce) on

ဇန်နဝါရီလ ၈ ရက်နေ့မှတော့ Beyoncé က Ivy Park, ADIDAS တို့နဲ့ ပူးပေါင်းရိုက်ကူးထားတဲ့ ကြော်ငြာဗီဒီယိုတစ်ခုကိုတင်လိုက်တာဖြစ်ပါတယ်။ အဲဒီဗီဒီယိုထဲမှာတော့ Beyoncé က ADIDAS ရဲ့ နာမည်ကျော် အားကစားဝတ်စုံတွေကို ဝတ်ဆင်ပြပြီး အခြားသောမော်ဒယ်တွေလည်း ပါဝင်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုထဲမှာ ပရိသတ်တွေကို အံ့သြသွားစေခဲ့တာကတော့ Beyoncé  နဲ့အတူ တွဲပြီး CL ကလည်း သရုပ်ဆောင်ပေးထားတာကြောင့်ဖြစ်ပါတယ်။

READ
ရိုက်ကူးရေးလုပ်နေတုန်း ချစ်သူသေဆုံးတာကိုသိခဲ့ရတဲ့ လီယူယောင်း
koreaboo

ပရိသတ်တွေကတော့ ကမ္ဘာကျော် ထိပ်တန်းအနုပညာရှင်တစ်ယောက်နဲ့အတူ တွဲပြီးတော့ အလုပ်တွေလုပ်နေပြီဖြစ်တဲ့ CL အတွက် အရမ်းကို ဂုဏ်ယူနေကြပါပြီ။ CL ကတော့ Urban Decayနဲ့လည်း အတူတွဲပြီး အလုပ်လုပ်ခဲ့ပါသေးတယ်။ ပရိသတ်တွေကတော့ CL ရဲ့ အသစ်အသစ်သော လှုပ်ရှားမှုတွေကို အားပေးဖို့အတွက် စိတ်လှုပ်ရှားနေကြပါပြီ။

koreaboo

Source: Koreaboo

SHARE