မြောနေတုန်းမြေမြှုပ်ခံရတဲ့အခါ အသက်ရှင်လျက်ပြန်ထွက်နိုင်ဖို့အခေါင်းစီစဉ်ခဲ့သူ

Public Domain

ဇာတ်လမ်းပုံပြင်တွေနဲ့ တကယ့်အဖြစ်အပျက်တွေမှာ မြောနေသူကို သေပြီအထင်နဲ့ မြေမြှုပ်တာ၊ သဂြိုဟ်တာမျိုးတွေ ကြားဖူးကြတယ်မဟုတ်လား။ ဒီလိုအဖြစ်အပျက်ဟာ သိပ်ကိုဆိုးရွားလွန်တဲ့အဖြစ်အပျက်ပါ။ မြောနေတဲ့အရာကနေထပြီး သတိရလာလို့ ဘေးဘီကိုကြည့်လိုက်တဲ့အခါ မှောင်မည်းနေပြီး တဖြည်းဖြည်းအသက်ရှူတွေကြပ်လာမှာကို တွေးရင်းနဲ့ ကြက်သီးထဖွယ်ပါပဲ။

Public Domain

ဒီလိုဖြစ်ရပ်မျိုး ဘဝကြီးမှာ ကြုံတွေ့ဖို့စိုးရွံ့တဲ့လူတွေထဲ Thomas Pursell လည်း အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူကိုယ်တိုင်ရော သူ့မိသားစုထဲကပါ ဆုံးပြီအထင်နဲ့ အရှင်လတ်လတ်မြေမြှုပ်မခံရတာကနေ ကာကွယ်နိုင်အောင်ဆိုပြီး သူကိုယ်တိုင်ဒီဇိုင်းထုတ်ထားတဲ့ အထူးအခေါင်းတွေကို ပြုလုပ်ခဲ့ပါတယ်။

၁၈ နဲ့ ၁၉ ရာစုလောက်မှာတုန်းက ဆေးပညာအသိတွေလည်း သိပ်မထွန်းကားသေးတော့ မြောနေတဲ့လူနာတွေ၊ သတိလစ်နေတဲ့ လူနာတွေကို သေပြီအမှတ်နဲ့ အရှင်လတ်လတ်မြေမြှုပ်ပစ်ခဲမိခဲ့တဲ့ ဖြစ်ရပ်မျိုးတွေရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အဲဒီပတ်ဝန်းကျင်တုန်းက ခေတ်တွေမှာ မြေကြီးထဲ အခေါင်းထည့်မြှုပ်နှံတဲ့အခါ ကံကောင်းစွာနဲ့ အသက်ရှင်နေခဲ့ရင် သတိပေးနိုင်အောင်လို့ ခေါင်းလောင်းကြိုးလေးတွေ ထားပေးတာမျိုးတွေ လုပ်ပေးလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ကိုယ်တိုင်ကိုယ်ကျ မထွက်နိုင်ဘဲ အများတကာရဲ့ သတိထားမိပြီး ကူညီကာမှ အပြင်ကို ထွက်လာနိုင်မယ့်နည်းလမ်းကို Thomas Pursell တစ်ယောက် လုံးဝသဘောမကျခဲ့ပါဘူး။

READ
အရွယ်ရောက်သူ (၂၅)ရာခိုင်နှုန်းက လုံးဝပိုက်ဆံမစုဖြစ်ခြင်းနဲ့ အကြောင်းအရင်း
Public Domain

Thomas Pursell ဟာ အရင်တုန်းက မီးသတ်တပ်သားတစ်ဦးအဖြစ် လုပ်ကိုင်ဖူးပါတယ်။ ဒါကြောင့်လည်း ကိုယ်ထူုကိုယ်ထကိုယ့်အားကိုယ်ကိုးချင်စိတ် ရှိနေတာလည်း ဖြစ်လောက်ပါတယ်။ Thomas Pursell ဟာ သူနဲ့ သူ့မိသားစုတွေ သေဆုံးလို့ မြှုပ်နှံမယ့်နေရာကို တခြားလူတွေလိုမျိုး သချိုံင်းမြေမှာ စီစဉ်ထားခဲ့တာမျိုးမဟုတ်ဘဲ နံရံမှာ ဂူသွင်းတဲ့ပုံစံမျိုးနဲ့ ပြောင်းခဲဖန်တီးခဲ့ပါတယ်။

Public Domain

ဒီအပြင် သူတို့အတွက် အခေါင်းတွေကိုလည်း ကြိုတင်စီဉ်ထားကာ အေခါင်းအတွင်း ကျဉ်းကြပ်နေတာမျိုးမဟုတ်ဘဲ သက်တောင့်သက်တာရှိပြီး နွေးနွေးထွေးထွေးပြုလုပ်ပေးထားကာ အပြင်ကိုထွက်ဖို့ရာမှာ အထောက်အကူဖြစ်စေမယ့် ကိရိယာတွေနဲ့ ဂူသွင်းတဲ့အခါ ပေါင်မုန့်တွေကိုလည်း အလုံအလောက်ထည့်ပေးထားဖို့အတွက် မိသားစုတိုင်းကို မှာကြားထားခဲ့ပါတယ်။

Public Domain

Thomas Pursell ဟာ ၁၉၃၇ ခုနှစ်၊ အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီး သူတီထွင်ထားတဲ့ အခေါင်းနဲ့ဂူထဲမှာပဲ ထည့်သွင်းမြှုပ်နှံခံခဲ့ရပေမယ့်လို့ တွေးကြောက်နေသလို တစ်ခါမှ အပြင်ပြန်ထွက်လာခြင်းတော့မရှိခဲ့ပါဘူး။ Thomas Pursell နဲ့ မိသားစုတို့ရဲ့ သချိုံင်းကိုတော့ Pennsylvania, Williamsport မှာ ရှိတဲ့ Wildwood သချိုံင်းမှာ လေ့လာနိုင်ပါတယ်။

READ
ကမ္ဘာတစ်ဝှမ်းက အန္တရာယ်အများဆုံး အလုပ်အကိုင် (၁၀)မျိုး
Public Domain

Source: Atlas Obscura

Penny

 

SHARE