သမ္မတကတော်ဖြစ်စဉ် ၀တ်သမျှအင်္ကျီတွေကို အိတ်စိုက်ဝယ်ဝတ်ခဲ့တာဆိုတဲ့ မစ်ရှဲလ်အိုဘားမား

instagram/michelleobama

အိမ်ဖြူတော်မှာ ပထမဆုံး လူမည်းသမ္မတကတော်အဖြစ် တာဝန်ထမ်းဆောင်နေချိန်တွေဟာ မစ်ရှဲလ်အိုဘားမားအဖို့ လွယ်ကူလွန်းခဲ့တာတော့ မဟုတ်ပါဘူး။ သမ္မတကတော်ဖြစ်တာကြောင့် အစစအရာရာမှာ သူများတွေထက် အနေအထိုင်၊ အပြောအဆို ပိုပြီးဆင်ခြင်ရပါတယ်။ ဒီလိုဆင်ခြင်ရမယ့် အရာတွေထဲမှာ အ၀တ်အစား ၀တ်ပုံစားပုံလည်း ပါဝင်ပါတယ်။

instagram/michelleobama

သာမန်လူတွေကတော့ သမ္မကတော်ဝတ်တဲ့ အ၀တ်အစားကို အိမ်ဖြူတော်က အကုန်စရိတ်ခံလိမ့်မယ်ဆိုပြီး ထင်ကြပါတယ်။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ Elle မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ မစ်ရှဲလ်က သမ္မတကတော်သက်တမ်းတစ်လျှောက်လုံး သူဝတ်တဲ့ အ၀တ်အစားတွေကို သူ့ပိုက်ဆံနဲ့သူ အိတ်စိုက်ပြီး ၀ယ်ဝတ်ခဲ့ရတာပါလို့ဆိုပါတယ်။

instagram/michelleobamafirstlady44

သူမက “ကျွန်မ၀တ်တဲ့အ၀တ်အစားတွေနဲ့ accessories တွေကို ကျွန်မဘာသာ ကျွန်မပဲ ပိုက်ဆံပေးခဲ့တာပါ။ ဒါပေမယ့် အရေးကြီးတဲ့အခမ်းအနားတွေဘာတွေ သွားရင်တော့ ဒီဇိုင်နာတွေက အင်္ကျီဆင်ပေးပါတယ်။ အဲဒီအင်္ကျီတွေကို ဒီဇိုင်နာတွေက ခဏငှားတဲ့သဘောပေါ့။ ၀တ်ပြီးသွားရင်တော့ အိမ်ဖြူတော်ရဲ့ စည်းမျဉ်းစည်းကမ်းအရ National Archives ကို ပြန်လှူရပါတယ်။” လို့ ဆိုပါတယ်။

READ
ဆယ်ကျော်သက်ကောင်လေးကို ဖျားယောင်းကာမရယူခဲ့သည့် အိမ်ထောင်သည်အမျိုးသမီး
instagram/michelleobamafirstlady44

မစ်ရှဲလ်က သူမဟာ လူမည်းအမျိုးသမီးဖြစ်တာကြောင့်ရော၊ လူတွေအားလုံးရဲ့မျက်လုံးက သူမအပေါ်မှာ အမြဲတမ်းအာရုံစိုက်လျက်ရှိတာကြောင့်ရော သူမရဲ့အပြင်အဆင်ကို မျက်စိနောက်လောက်အောင် မလုပ်ကြောင်းနဲ့ အရမ်းတန်ဖိုးကြီးတဲ့အ၀တ်တွေကိုလည်း ၀တ်ဆင်လေ့မရှိကြောင်း ဆိုပါတယ်။ တစ်ခါတစ်လေမှာတော့ ဒီဇိုင်နာတွေက သူမကို သူတို့ကိုယ်တိုင်ချုပ်လုပ်တဲ့ အ၀တ်အစားတွေကို ၀တ်ပေးဖို့ တောင်းဆိုတဲ့အခါမှာ သူမက ချီးမြှောက်ချင်တဲ့သဘောနဲ့ အရမ်းနာမည်ကြီးတဲ့ဒီဇိုင်နာတွေအစား သိပ်နာမည်မကြီးသေးတဲ့ ဒီိဇိုင်နာတွေရဲ့ အ၀တ်အစားတွေကို ယူဝတ်ဖြစ်ကြောင်းလည်း scoop.upworthy ၀က်ဆိုက်ဒ်သတင်းအရ သိရပါတယ်။

instagram/michelleobamafirstlady44

လင်းလင်း (ShweMom)

SHARE