အေဂျင်စီ CEO ရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုခံခဲ့ရတဲ့ ကေပေါ့အဖွဲ့ဝင်မိန်းကလေး

YTN

YTN သတင်းဌာနကတော့ အနုပညာအေဂျင်စီ CEO ကတော့ သူ့ရဲ့ ကုမ္ပဏီက ကေပေါ့အဖွဲ့ဝင် မိန်းကလေး Hanကို လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုခဲ့အကြောင်းကို ထုတ်ဖော်ခဲ့ပါတယ်။ အဲဒီမိန်းကလေးHanကတော့ သူ့ရဲ့ အဖွဲ့ကနေတောင်ထွက်ခဲ့ရပါတယ်။ Han ကတော့ သူမနဲ့ အဖွဲ့ဝင်တွေ အကကျင့်နေချိန်မှာ CEO ကဝင်လာခဲ့ပြီး သူမကနေတာကို လိင်ဆက်ဆံတာနဲ့ နှိုင်းယှဉ်ပြောပြီး ဟာသလုပ်ခဲ့တာကို YTN ကို ပြောပြခဲ့တာဖြစ်ပါတယ်။CEO  ကတော့ သူမကို နောက်တစ်ကြိမ်ထပ်လုပ်ပြဖို့တောင် ပြောခဲ့ပါတယ်တဲ့။

koreaboo

Han ကတော့ သူမ ကေပေါ့အဖွဲ့ထဲမှာရှိနေစဉ်က အဖွဲ့ဝင်တွေနဲ့ နေခဲ့တဲ့ အဆောင်တိုက်ခန်းကိုလည်း လိုက်ပြခဲ့ပါတယ်။ အဲဒီတိုက်ခန်းကိုလည်း CEO က ညအချိန်မတော်တွေ လာလေ့ရှိပြီး သူ့ကို တခါးဖွင့်ပေးကို အော်ဟစ်လေ့ရှိပါတယ်။ Han ကတော့ သူမကို ပြန်တောင်းပန်ဖို့ CEO ကို ပြောခဲ့ပါတယ်။ဒါပေမဲ့ ပြန်မတောင်းပန်တဲ့အပြင် သူမကို အိုင်ဒေါအဖြစ်က နှုတ်ထွက်ဖို့တောင် ပြောခဲ့ပါတယ်။

READ
အိနြ္̔ဒာကျော်ဇင်ရဲ့ အကယ်ဒမီရင်ခုန်သံ
YTN

Han ကတော့ ၃ နှစ်ကြာအဖွဲ့နဲ့အတူ သွေးမျက်ရည်ကျလောက်အောင် ကြိုးစားရုန်းကန်ပြီးနောက်မှာ အဖွဲ့က ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Han ထွက်လိုက်တဲ့အချိန်မှာတော့ အဖွဲ့တော်တော်လေးလည်း လူသိများနေခဲ့ပြီလို့ ပြောပြခဲ့ပါတယ်။ Han ကတော့ လက်ရှိမှာ စိတ်ပိုင်းဆိုင်ရာကုသမှုတောင် ခံယူနေရပြီး CEO ကို တရားစွဲဖို့လည်း ပြင်ဆင်နေပြီလို့ ပြောပြခဲ့ပါတယ်။

YTN

Source: Koreaboo

SHARE