ရက်ဘီအားကစားမယ်ဘဝမှ အလှဘုရင်မဖြစ်ဖို့ မဆုက်မနစ် ကြိုးစားခဲ့ရသူလေး

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာ နေထိုင်တဲ့ အသက်(၂၄)နှစ်အရွယ် Danielle Singh အမည်ရ အမျိုးသမီးလေးကတော့ သူမ ပရိုအဖြစ်ရပ်တည်နေတဲ့ ရက်ဘီအားကစားမယ်ဘဝကနေ၊ လူတိုင်း ငေးမောအားကြရတဲ့ အလှဘုရင်မဘဝကို ရောက်အောင် ကြိုးစားခဲ့ရပါတယ်။

Singh ဟာ ရေးကူးမယ်ဝတ်စုံအလှပြိုင်ပွဲမှာ သရဖူရခဲ့တာဖြစ်ပြီး ငယ်စဉ်တုန်းက သူမကို ချိုးနှိမ်လှောင်ပြောင်ခဲ့ကြသူတွေအတွက်တော့ အတော်လေး အံ့အားသင့်စရာ ဖြစ်စေခဲ့ပါတယ်။ သူမဟာ ယူကေရဲ့ အထင်ကရ ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Miss Swimsuit UK ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

Instagram

အဆိုပါပြိုင်ပွဲကြော်ငြာကို အင်စတာဂရမ်မှာတွေ့ရှိခဲ့ပြီး ဆောင်ပုဒ်ကတော့ “ယုံကြည်ပါ … ကိုယ်တိုင်လက်ခံပါ … ပျော်ပျော်နေပါ ”ဆိုပြီး ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကိုဝင်ရဖို့ Singh ဟာ လျှို့ဝှက်လှုပ်ရှားခဲ့ပြီး၊ သူမ ငယ်ငယ်က ဝါသနာပါခဲ့တဲ့ အများလှောင်ပြောင်တာကို ခံခဲ့ရတဲ့ ဖြစ်ချင်စိတ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။

Singh ဟာ ယခင်က ဒီလိုပြိုင်ပွဲမျိုး တစ်ခါမှ ဝင်မပြိုင်ခဲ့ဖူးပါဘူး။ အခုပြိုင်ပွဲမှာလည်း ဆုတံဆိပ်ကို မမှန်းရဲခဲ့ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဆုရရှိတော့လည်း တကယ့်ကို ပုံပြင်ဆန်လွန်းနေတယ်လို့ သူမက ဆိုပါတယ်။ သူမက ရက်ဘီကစားခြင်းကိုလည်း အလွန်ခုံမင်သူပါ။

Shutterhire.co.uk
Sam GoodFellow

“ငယ်ငယ်ကတော့ ကျောင်းမှာ အနှိမ်ခံ အနိုင်ကျင့်ခံပေါ့ … ကျွန်မကိုယ် ကျွန်မ သိမ်ငယ်စိတ်ဟာ အဲဒီတုန်းကတည်းက အမြစ်တွယ်ခဲ့တာ … ဒါပေမယ့် တက္ကသိုလ် တတိယနှစ်ရောက်တော့ လူတွေက ကျွန်မနဲ့ သဟဇာတဖြစ်ဖို့ ကြိုးစားလာကြတယ် … ဒီလိုပဲ တစ်ခြားဖိအားတွေလည်း ရှိတာပေါ့ ”

“ကျွန်မ ချစ်သူက ကျွန်မကို အားပေးတယ် … ကျွန်မ ပြိုင်ပွဲဝင်တော့ ဘယ်တုန်းကမှ မရဖူးတဲ့ ယုံကြည်မှုတွေ ရခဲ့တယ် … ဒါကြောင့် အားလုံးကျွန်မကို လက်ခံလာကြတယ် … ဆုရတော့ ကျွန်မ ထင်မှတ်မထားအောင် ပျော်မိတယ် ”လို့ ပြောခဲ့ပါတယ်။ Singh ဟာ Ormskirk အမည်ရ အမျိုးသမီးရက်ဘီအသင်းမှာ ကစားနေသူပါ။

Instagram

သူမက ဘယ်သူပဲဖြစ်ဖြစ်၊ မိမိဝါသနာပါတဲ့ ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ လက်မနှေးသင့်ကြောင်း၊ အရာရာကို သိပ်ခက်ခဲလွန်းတယ်လို့ တွေးမြင်ထားသူတိုင်းဟာ အောင်မြင်ဖို့ အလှမ်းကွာဝေးနေဦးမှာဖြစ်ကြောင်း၊ သာမန်လူအချင်းချင်း ယှဉ်ပြိုင်ရတာဖြစ်လို့ အခွင့်အရေးကလည်း ဆတူဖြစ်ကြောင်း၊ ဒါပေမယ့် ယုံကြည်မှုတော့ ရှိရမှာလို့ သူမက အကြံပေးခဲ့ပါတယ်။

လင်းသုတ (Shwemom)

READ
ကမ္ဘာ့ဖလားကို အကြောင်းပြပြီး အလိမ်ခံရလို့ ဒုက္ခရောက်နေတဲ့ နိုင်ဂျီးရီးယားပရိသတ်များ

Source : thesun.co.uk

SHARE