အသက်(၇၀)အမျိုးသားနဲ့ လက်ထပ်ခဲ့တဲ့ ထိုင်းအပြာမင်းသမီး၊ ဗုဒ္ဓတရားကို ကျေးဇူးတင်ကြောင်းပြော

ထိုင်းနိုင်ငံမှာ မကြာမြင့်မီကာလက ကိုကိုကာလသားတွေ အထူးအားပေးနှစ်ခြိုက်ခြင်းခံခဲ့ရတဲ့ မင်းသမီးချောတစ်ယောက် ရှိပါတယ်။ သူမရဲ့နာမည်ကတော့ Nong Nat ဖြစ်ပြီး ယခုအခါမှာတော့ အသက် 31 နှစ်ရှိပါပြီ။ Nat ဟာ အပြာဇာတ်ကား ဒါဇင်နဲ့ချီ ပါဝင်သရုပ်ဆောင်ခဲ့ပြီး၊ သူမကို လူသိများစေတဲ့ ဇာတ်ကားတွေကတော့ Asian Heart နဲ့ Tokyo Hunter ဇာတ်
ကားတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ထိုင်းအာဏာပိုင်တွေဟာ Nat ကို ဆင်ဆာမဲ့ အပြာဇာတ်ကားတွေ ရိုက်ကူးမှုနဲ့ 2003 ခုနှစ်မှာ ဖမ်းဆီးခဲ့ပါ
တယ်။ ထိုစဉ်က Nat ဟာ 18 နှစ်အရွယ်ခန့်သာ ရှိပါသေးတယ်။ သူမကို ထောင်ခြောက်လနဲ့ ဒဏ်ငွေပြစ်ဒဏ် ထိုင်အာဏာပိုင်တွေက ချမှတ်ခဲ့ပါတယ်။

READ
ချစ်သူနဲ့စကားများပြီး မိမိကိုယ်ကို သတ်သေခဲ့တဲ့ ကောင်မလေး

Nat ဟာ ထောင်က လွတ်ပြီးနောက် အမေရိကန်နိုင်ငံကို သွားရောက်နေထိုင်ခဲ့ပြီး 2012 ခုနှစ်မှာ အမေရိကန် သန်းကြွယ်
သူဌေး ဗိသုကာပညာရှင် Harold Jennings Nesland Jr နဲ့ လက်ထပ်ခဲ့ပါတယ်။ သူမဟာ အချုပ်အနှောင်ခံရစဉ်မှာ ဗုဒ္ဓချမှတ်ထားတဲ့ လမ်းစဉ်တွေကို လိုက်နာကျင့်ကြံခဲ့ပြီး တရားအမြဲထိုင်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် အရင်က သူမဟာ ခရစ်ယာန်တစ်ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအချက်ကပဲ Nat ဟာ သူမကို ကံကောင်းစေခဲ့တယ်လို့ ယူဆခဲ့ပြီး၊ ခင်ပွန်းကောင်းနဲ့ ပေါင်းသင်းခွင့်ရခဲ့တယ်လို့ ယုံကြည်
ကြောင်း သူမက ပြောပါတယ်။ အခုအခါမှာတော့ သူမရဲ့ ခင်ပွန်း Nesland ဟာ သူ့ရဲ့ပိုင်ဆိုင်မှုတစ်ဝက်ကို Nat အတွက် စီမံထားပြီး၊ ကြီးမားတဲ့ ချီးမြှောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

READ
ကြည့်ရှုသူပေါင်း(၃၅)သန်းကျော်ခဲ့တဲ့ ကျောင်းသားလေးများရဲ့Jackson 5 သီချင်း

Nat က ” အရင်ကတော့ အသက် 21 နှစ်အရွယ်ထိ ကျွန်မက ခရစ်ယာန်တစ်ယောက်ပါ … အဲဒီနောက် ဗုဒ္ဓဘာသာအ
ဖြစ် ခံယူခဲ့ပါတယ် … အဲဒီနောက် ယုံယုံကြည်ကြည်ပဲ လိုက်စားခဲ့ပြီး ကျွန်မဟာ ကုသိုလ်တရားတွေ အကျိုးပေးဖို့ အချိန်
ကောင်းကို ရှိခဲ့ပါတယ် … ဒီအတွက် ဗုဒ္ဓတရားတော်တွေကို ကျေးဇူးတင်ပြီး ယုံယုံကြည်ကြည်နဲ့ ဆက်ပြီး လုပ်ဆောင်
သွားမှာပါ “လို့ ပြောခဲ့ပါတယ်။

ညီလင်းထက် (Shwemom)

source : mirror.co.uk

SHARE