ထိပ်တန်းမော်ဒယ်အဖြစ်ကနေ အိမ်ထောင်ရေးကံခေပြီး လမ်းဘေးရောက်ခဲ့တဲ့အမျိုးသမီး

အရင်တုန်းက Vogue မဂ္ဂဇင်းကာဗာမော်ဒယ်တစ်ဦးအဖြစ်နဲ့ တစ်နှစ် တစ်နှစ်ကို ဒေါ်လာသန်းချီပြီး ၀င်ငွေရှိတဲ့ အမျိုးသမီးတစ်ဦးဟာ အခုဆိုရင် အိမ်မရှိ၊ ယာမရှိနဲ့ လမ်းပေါ်မှာနေ လမ်းပေါ်မှာပဲ စားတဲ့ အိမ်ရာမဲ့တစ်ဦး ဖြစ်နေပါပြီ။ သူမဟာ အခုဆိုရင်တော့ အသက်(၅၇) နှစ်အရွယ်ရှိပြီဖြစ်တဲ့ နာစတာစီယာအာဘာနိုဆိုသူ ဖြစ်ပါတယ်။ သူမဟာ ဖက်ရှင်မျက်နှာဖုံးကာဗာမော်ဒယ်တစ်ဦးဖြစ်ပြီး တစ်ခေတ်တုန်းက လင်ဒါအီဗန်ဂျယ်လစ်စ်စတာတို့လို စူပါမော်ဒယ်တွေနဲ့အပြိုင် တန်းရှိတဲ့ ထိပ်တန်းမော်ဒယ်တစ်ဦး ဖြစ်ခဲ့ပါတယ်။

အခုဆိုရင်တော့ သနားစရာ နာစတာစီယာခမျာ ဘာစီလိုနာရဲ့ လမ်းမပေါ်မှာ အိပ်ပြီး ဘ၀ကို ကျောင်းနေခဲ့ရပါပြီ။ နာစတာစီယာဟာ အသက်(၂၀) အရွယ်မှာကတည်းက ဥရောပမှာ ထင်ရှားတဲ့ Vogue လိုမဂ္ဂဇင်းရဲ့ ကာဗာမှာ ပါဝင်နေပြီးဖြစ်တဲ့ စပိန်အလှပဂေးတစ်ဦးပါ။ ထို့နောက်မှာတော့ သူမဟာ နယူးယောက်ကို ပြောင်းသွားခဲ့ပြီး ထင်ရှားတဲ့ Ford Model အေဂျင်စီနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။

နာစတာစီယာဟာ သူမရဲ့ မော်ဒယ်လုပ်ငန်းမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သူ တစ်ဦးပါ။ လူတိုင်း မက်ခွင့်မရတဲ့ အိပ်မက်တွေထဲက ဘ၀ကို လက်တွေ့ရရှိခဲ့ပြီး လူတိုင်းရဲ့ ချစ်ခင်နှစ်သက်ခြင်းကိုပါ ခံခဲ့ရသူတစ်ဦးပါ။ ရက်(၂၀) လောက် အလုပ်လုပ်ရုံနဲ့ တစ်နှစ်ကို ဒေါ်လာသန်းချီတဲ့ထိအောင် ၀င်ငွေကောင်းခဲ့သူတစ်ယောက်ပါ။ ဒါ့အပြင် ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်ပေါင်းများစွာတို့နဲ့လည်း တပူးတွဲတွဲနဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမရဲ့ ကောင်းမွန်ပြည့်စုံလှတဲ့ ဘ၀ဟာ သူမရဲ့ အမျိုးသား၊ သူမကလေးတွေရဲ့ ဖခင်နဲ့ တွေ့ပြီးနောက်မှာ ပြောင်းလဲလာခဲ့ကြောင်း နာစတာစီယာက ဆိုပါတယ်။

READ
ယခုနှစ် သြစတေးလျဆောင်းရဲ့ အအေးဓာတ်ဟာ အပြင်းထန်ဆုံးဖြစ်မယ်လို့ ခန့်မှန်း

နာစတာစီယာက သူမဟာ လင်ယောက်ျားဖြစ်သူနဲ့ ကလေးတွေကို ပြည့်စုံသထက် ပြည့်စုံအောင် ပံ့ပိုးပေးရင်းက နောက်ဆုံးမှာတော့ သူမမှာ အခွံချည်းသက်သက်သာ ကျန်ခဲ့တော့ကြောင်း ပြောပြပါတယ်။ “ကျွန်မရဲ့ အိမ်ထောင်ရေးမှာ ကောင်းတဲ့အရာက တစ်ခုတည်း ရှိပါတယ်။ အဲဒါကတော့ ကလေးတွေပဲ။ ကျန်တာကတော့ ဆိုးဝါးလွန်းတယ်။ ကျွန်မအမျိုးသားက ဘာဝယ်ဝယ် ကျွန်မပိုက်ဆံနဲ့ပဲ ၀ယ်တယ်။ သူနဲ့ သိတာ နှစ်ရက်ပဲရှိသေးတယ်။ ကျွန်မကို BMW ကားဝယ်ခိုင်းတယ်။ ကျွန်မလည်း ချက်ခြင်း ချက်ခ်ရေးပေးလိုက်တယ်။ အဲဒီတုန်းကတော့ ကျွန်မလည်း အချစ်စိတ်မွှန်နေတော့ လူက အရူးလိုပါပဲ။”

သူမ လုပ်ငန်းမကောင်းတော့တဲ့ အခါမှာတော့ နာစတာစီယာဟာ အိမ်စရိတ်တွေလည်း မပေးနိုင်တော့တဲ့အပြင် နောက်ဆုံး သူငယ်ချင်းတွေဆီ တလှည့်စီလျှောက်နေ၊ လမ်းပေါ်မှာအိပ်၊ လမ်းပေါ်မှာပဲစားရတဲ့ အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။ နာစတာစီယာဟာ သူမရဲ့ ဖက်ရှင်အလုပ်အကိုင်ကို ဘာစီလိုနာမှာ စတင်ခဲ့ပြီး Revlon နဲ့ Yves Saint Laurent လို့ ထိပ်တန်းအမှတ်တံဆိပ်တွေအပြင် (၁၉၈၁) ခုနှစ်မှာလည်း Vogue မဂ္ဂဇင်းရဲ့ ကာဗာပိုင်ရှင်ဖြစ်ခဲ့ပါတယ်။  အခုတော့ တိမ်မြှုပ်နေခဲ့တဲ့ သူမရဲ့ အကြောင်းဟာ အရင်လုပ်ဖော်ကိုင်ဖက်ဟောင်းတွေထံ သတင်းပြန့်နှံ့သွားခဲ့ပါတယ်။

READ
ယူရို (၈) သောင်းနဲ့ တခြားအကျိုးခံစားခွင့်တွေပေးမယ့် မိသားစုဓာတ်ပုံဆရာ ခေါ်ယူမှု

သူမနဲ့ အရင်အလုပ်အတူလုပ်ခဲ့ဖူးတဲ့ မော်ဒယ်ဟောင်း ရုသ်ရှုလာကတော့ “နာစတာစီယာအကြောင်း ကြားရတာ စိတ်မကောင်းစရာပဲ။ သူ ဒီလိုဘ၀ရောက်မယ်လို့ ဘယ်သူ ထင်မလဲ။ အဲဒီအချိန်တုန်းက ကျွန်မတို့က မင်းသမီးအဆင့်ဆို၊ သူက နတ်ဖုရားမအဆင့်လောက် ဖြစ်နေပြီ။ တော်တော်ကြီး ကွာခြားခဲ့တာကလား။ နာစတာစီယာက လှသလောက် စိတ်ရင်းလည်းကောင်းတယ်။ သူက မော်ဒယ်ပေမယ့် မော်ဒယ်အလုပ်တင်မကဘူး။ အစည်းအဝေးပွဲတွေ၊ ဖက်ရှင်စကားပြောပွဲတွေနဲ့ အခြားဘာပဲ ဖြစ်ဖြစ် ပြောတတ်ဆိုတတ်တယ်။ အလုပ်အများကြီးလုပ်နိုင်တယ်။ အခု ကျွန်မတို့ မိတ်ဆွေတွေ အားလုံးစုစည်းပြီး နာစတာစီယာအလုပ်ပြန်လုပ်နိုင်အောင် ကူညီဖို့ ကြိုးစားနေပါတယ်….” လို့ ပြောပြပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE