
ကမ္ဘာကျော် အွန်လိုင်းဂိမ်းတစ်ခုဖြစ်တဲ့ Fornite ကိုတော့ လူငယ်အများစု သိရှိကြပြီး ဖြစ်မှာပါ။ ၂၀၁၇ ခုနှစ်မှာ စတင် ထွကက်ရှိခဲ့တဲ့ Fortnite ဂိမ်းဟာ ဆိုရင် PS4, Xbox One, Nitendo Switch, Microsoft Windows တွေမှာသာမက Android နဲ့ IOS တွေမှာပါ ဆော့ကစားနိုင်နေပြီဖြစ်တဲ့အပြင် ကမ္ဘာ့အနှံ့မှာ ဆော့ကစားသူပေါင်း သန်း ၃၅၀ ကျော် ရှိနေခဲ့တဲ့ ကမ္ဘာကျော် အွန်လိုင်းဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ အခုဆိုရင်လည်း Fronite ဟာ မကြာခင် အသစ်ထွက်ရှိလာတော့မယ့် update အသစ်မှာ ကမ္ဘာကျော် ဘောလုံးအသင်းတွေနဲ့ Collab ပြုလုပ်ထားတဲ့ အမိုက်စား feature အသစ်တွေကို တွေ့မြင်ရတော့မှာပဲဖြစ်ကြောင်း Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
အဆိုပါ အမိုက်စား feature အသစ်ဟာ လာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စတင်ကြေညာသွားမှာဖြစ်ပြီး ဘောလုံးအသင်း ၂၃ သင်းရဲ့ ဝတ်စုံတွေပါဝင်တဲ့ skin အသစ်တွေလည်း တစ်ခါတည်း ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ဘောလုံးအသင်း ၂၃ သင်းမှာ Manchester City, Juventus, Inter Milan, AC Milan, Santos, Los Angeles FC, Melbourne City, Celtic, Rangers အစရှိတဲ့ နာမည်ကြီးအသင်းတွေ ပါဝင်မှာဖြစ်ပြီး skin တွေကတော့ ဘောလုံးဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသား၊ အမျိုးသမီး ပုံစံတွေနဲ့ ထွက်ရှိလာမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Fronite ရဲ့ In-game ထဲမှာ တစ်ယောက်ယောက်ကို သတ်ပြီးတာနဲ့ Pele အောက်ပွဲခံတဲ့ ပုံစံနဲ့ ကလို့ရမယ့် emote အသစ်ကိုပါ ထည့်သွင်းထားကြောင်း သိရှိရပါတယ်။
Realmente foi uma explosão de alegria! E o pessoal do @FortniteGame me homenageou, recriando o meu soco no ar no jogo. Participe do Campeonato Pelé para ganhar o meu Gesto Soco No Ar e o novo Conjunto Pontapé Inicial!#PeleCupFortnite pic.twitter.com/CZvQvq5xWb
— Pelé (@Pele) January 19, 2021
“ကျွန်တောတို့အနေနဲ့ Fronite ဂိမ်းထဲမှာ character ပေါင်းစုံကို skin အသစ်ပုံစံနဲ့ များများစားစား တွေ့မြင်လို့ရအောင် ကြိုးစားနေကြပါတယ်။ ရုပ်ရှင်ဇာတ်လမ်းထဲက ဇာတ်ကောင်တွေ၊ comics ထဲက ဇာတ်ကောင်တွေပါ ဒီဂိမ်းထဲမှာ အကုန်လုံး တစ်စုတစည်းတည်း မြင်တွေ့နိုင်အောင် ကြိုးစားသွားမှာပါ။ Fronite ဂိမ်းကစားနေရင်း တစ်ကမ္ဘာလုံးမှာ ရှိတဲ့အရာတွေအကုန်လုံး ဒီဂိမ်းထဲမှာ ရှိနေပါလားဆိုတဲ့ စိတ်ခံစားချက်မျိုးကို Fronite players တွေဆီ ပေးစွမ်းသွားနိုင်ဖို့အတွက် ကျွန်တော်တို့ အမြဲတမ်းကြိုးစားနေပါတယ်”လို့ Epic Games ကုမ္ပဏီရဲ့ အကြီးအကဲတစ်ဦးဖြစ်သူ Nate Nanzer က ESPN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw