လေ့ကျင့်ရေးအတွင်း စစ်သမီးကို နှုတ်နဲ့ အနိုင်ကျင့်ခဲ့တဲ့ တပ်ကြပ်ရဲ့လုပ်ရပ်

စစ်ရေးလေ့ကျင့်မှုအတွင်း စစ်သမီးတပ်ဖွဲ့ဝင်သစ်တစ်ဦးကို တပ်ကြပ်က ဆဲဆိုကြိမ်းမောင်းအနိုင်ကျင့်နေခဲ့တဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းပေါ် တက်လာခဲ့ပြီးနောက် ၎င်းတပ်ကြပ်ကတော့ ပြင်းထန်စွာ ဝေဖန်ရှုံ့ချခံရလျက်ရှိပါတယ်။ ရေလယ်ခေါင်မှာ လှံစွပ်သေနတ်နဲ့ တိုက်ခိုက်ရေးလေ့ကျင့်ခန်း ပြုလုပ်နေခဲ့တာဖြစ်ပြီး တပ်ကြပ်က စစ်သမီးသွေးပျက်ကာ ငိုတဲ့အထိ ဆက်တိုက် ဆဲဆိုကြိမ်းမောင်းနေခဲ့တာဖြစ်ပါတယ်။

The Forces Bible

၎င်းတပ်ကြပ်ရဲ့ သရုပ်မှန်ကိုတော့ ဥပဒေအတိုင်းဆောင်ရွက်ဖို့ စတင်ခြေရာခံစုံစမ်းနေကြပြီဖြစ်ပါတယ်။ Facebook ပေ့ခ်ျတစ်ခုမှာ ပျံ့သွားခဲ့တဲ့ဗီဒီယိုဟာ ကြည့်ရှုသူသုံးသိန်းကျော်သွားခဲ့ပြီဖြစ်ပြီး ဗီဒီယိုထဲမှာ စစ်သမီးအပေါ် တပ်ကြပ်ရဲ့ ကြမ်းတမ်းစွာ ဆဲရေးမှုတွေကို ဆက်တိုက်မြင်တွေ့ရပါတယ်။ ကွန်မန်ဒိုလေ့ကျင့်ရေးဦးဆောင်ဖူးတဲ့ အရာရှိဟောင်းတစ်ဦးကလည်း လေ့ကျင့်ရေးတွေမှာ ကြမ်းတမ်းခွင့်ရှိပေမယ့် အခုလို ကင်မရာနဲ့ပါရိုက်ပြီး အွန်လိုင်းပေါ် မတင်သင့်ကြောင်းဆိုပါတယ်။

The Forces Bible

စစ်တပ်ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ Lord Dannatt ကတော့ ဗီဒီယိုကို ကြည့်ပြီးနောက် တပ်ကြပ်ရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ လက်ခံနိုင်စရာမရှိဘူးလို့ ဆိုပါတယ်။ အမည်မသိတပ်ကြပ်ကို အမြန်ဆုံးဖော်ထုတ်နိုင်ပြီး စစ်တပ်ထဲက အမြန်ဆုံးဖယ်ရှားဖို့မျှော်လင့်ကြောင်း Lord Dannatt က ပြောကြားခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ဗီဒီယိုထဲက တပ်ကြပ်ကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားလျက်ရှိကြကြောင်းသိရပါတယ်။

READ
ကားမတော်တဆမှုဖြစ်ပြီး နှစ်ရက်အကြာမှာ ချစ်သူရဲ့ စွန့်ပစ်ခြင်းခံခဲ့ရတဲ့ အဂူရို

White (Shwemom)

Ref: Dailymail, Mirror

SHARE