သေနတ်အပစ်ခံရကာလုပ်ကြံခံခဲ့ရတဲ့ အမေရိကန်သမ္မတ ၄ ယောက်အကြောင်း

Everett Historical/Shutterstock

မေရိကန်နိုင်ငံဆိုတာ ကမ္ဘာမှာပြီးပြည့်စုံဆုံး အရပ်တစ်ခုလို့တောင် တင်စားထားကြတဲ့ နိုင်ငံတစ်နိုင်ငံပါ။ နည်းပညာပိုင်းကိုကြည့်မလား၊ တိုးတက်ပြောင်းလဲနေတဲ့ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုကြည့်မလား၊ ပညာရေး၊ စီးပွားရေးနဲ့ ကျန်းမာရေးစောင့်ရှောက်တဲ့ ဝန်ဆောင်မှုတွေစသည်ဖြင့် အရာအားလုံးကို ခြုံငုံကြည့်လိုက်တဲ့အခါ အဆင့်အမှီဆုံးနိုင်ငံတစ်ခုဆိုတာ အသေအချာပါပဲ။ ဒီလိုမျိုးအရာရာမှာသာလွန်နေတဲ့ နိုင်ငံကြီးတစ်နိုင်ငံဖြစ်အောင်ဆိုတာ များစွာသောပြည်သူတွေရဲ့ စိတ်ဓာတ်တွေကို တိုးတက်အောင် ခေါင်းဆောင်ကောင်းတွေဟာ နှစ်ပေါင်းများစွာပြုစုပျိုးထောင်လာခဲ့ရတာပါ။ အမေရိကန်နိုင်ငံကြီးကို ယနေ့မျက်မှောက်မြင်နေရတဲ့ အခြေအနေအတိုင်း ဖြစ်လာအောင် ဦးဆောင်ခဲ့ကြတဲ့ သမ္မတတွေဟာ ပထမဆုံးအမေရိကန်သမ္မတ Geroge Washington မှစလို့ လက်ရှိ Donald Trump အထိ အမေရိကန်သမ္မတပေါင်း ၄၅ ယောက်တိတိရှိနေပါပြီ။

အဲဒီအထဲကမှ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားကြလို့ သမ္မအဖြစ်မှ ထွက်သွားတဲ့သူတွေ၊ ရောဂါအခံကြောင့် ဘဝတစ်ပါးပြောင်းသွားသူတွေအပြင် အလုပ်ကြံခံခဲ့ရတဲ့ သမ္မတတွေလည်း ရှိနေပါသေးတယ်။ အခုဖော်ပြပေးမှာကတော့ သေနတ်နဲ့လုပ်ကြုံခံခဲ့ရတဲ့ သမ္မတ ၄ ယောက်အကြောင်းပဲဖြစ်ပါတယ်။

(၁) အေဘရာဟမ် လင်ကွန်း (Abraham Lincoln)

အေဘရာဟန် လင်ကွန်းဟာ လူမည်းကျွန်စနစ်ကို ထိရောက်စွာ ပြောင်းလဲပေးနိုင်သူတစ်ယောက်အဖြစ် လူသိများပါတယ်။ ၁၈၆၅ ခုနှစ်ရဲ့ ဧပြီလ ၁၄ ရက်နေ့ သောကြာနေ့လေးမှာ သမ္မတလင်ကွန်းဟာ သူ့ရဲ့ဇနီးသည်နဲ့အတူတူ ဖောဒ့်ကဇာတ်ရုံကိုသွားပြီး Our American Cousin ဆိုတဲ့ ပြဇာတ်ကို အထူးသီးသန့်အခန်းမှာ အားပေးနေစဉ်မှာပဲ အနောက်ကနေ သေနတ်တ်လက်ပေါ်လာကာ ပစ်သတ်လုပ်ကြံခဲ့တာပါ။ ဝါရှင်တန်ဒီစီက ပြဇာတ်ရုံမှာတော့ ည ၁၀ နာရီ ၁၅ မှာ သေနတ်သံရုတ်တရက်ပေါ်လာကာ သမ္မတလင်ကွန်းတစ်ယောက် ဇနီးသည်ရှေ့မှာပဲ လဲကျသွားခဲ့ပါတယ်။ လင်ကွန်းအလုပ်ကြံခံရတာကို သိသိချင်း အတူတူပွဲကြည့်နေတဲ့ သမ္မတရဲ့ဧည့်သည် မြို့စား Henry Rathbone ဟာ လုပ်ကြံသူကို ဝင်လုံးခဲ့ပေမယ့် ဓားအထိုးခံရပြီး သူပါအထိနာသွားခဲ့ပါသေးတယ်။ သမ္မတဟာ အဲဒီကနေမှ Petersen House ကို ပို့ဆောင်ခြင်းခံခဲ့ရကာ ၉ နာရီကြာ ကိုမာဖြစ်သွားပြီးနောက် ဦးခေါင်းကသေနတ်ဒဏ်ရာကြောင့်ပဲ မနက် ၇ နာရီနဲ့ ၂၂ မိနစ်၊ ဧပြီလ ၁၅ ရက်နေ့မှာ အသက်ဆုံးရှုံးသွားခဲ့ပါတယ်။

Everett Historical/Shutterstock
Everett Historical/Shutterstock

သမ္မတလင်ကွန်းကို လုပ်ကြံသတ်ဖြတ်သူဟာ နာမည်ကျော်ပြဇာတ်သရုပ်ဆောင် ဂျွန်ဘုသ်ဖြစ်ပြီး ကွန်ဖက်ဒရိတ်ထောက်ခံသူအဖြစ် နာမည်ကျော်ခဲ့ပါသေတးယ်။ အစကတော့ ပြဇာတ်ရုံလာရင် သမ္မတလင်ကွန်းကို ကွန်ဖက်ဒရိတ်အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ခြိမ်းခြောက်ဆွေးနွေးဖို့ဖြစ်ပေမယ့် ဧပြီလ ၁၁ ရက်နေ့တုန်းက သမ္မတလင်ကွန်းပြောခဲ့တဲ့ လူမည်းများတန်းတူအခွင့်အရေးရရှိရေးမိန့်ခွန်းကြောင့် ဘုသ်ကလင်ကွန်းကို အသေလုပ်ကြံဖို့ တွန်းအားရသွားခဲ့တာပါ။ ဘုသ်ကိုတော့ ၁၂ ရက်အကြာမှာ ဗာဂျီးနီးယားလယ်တောထဲမှာ တပ်သားတွေရှာတွေ့ခဲ့ပြီး အညံ့ခံဖမ်းဆီးဖို့ ငြင်းဆန်ခဲ့တာကြောင့် နေရာမှာတင် ပစ်သတ်ခဲ့ပြီး ကြံရာပါ ၄ ယောက်ကိုတော့ ကြိုးပေးစီရင်ပစ်ခဲ့ကြပါတော့တယ်။

READ
ကိုယ်ဝန်ဆောင်မိခင်တွေ ပါရာစီတမောသောက်ရင် ရင်သွေးမှာအန္တရာယ်ရှိသတဲ့

(၂) ဂျိမ်းစ် အေ ဂါးဖီးလ် (James A. Garfield)

သမ္မတဂါးဖီးလ်ကို လုပ်ကြံခဲ့သူကတော့ Charles J. Guiteau ပါ။ သူဟာ စာရေးဆရာတစ်ယောက်ဖြစ်ပြီး ဂါးဖီးလ်ရဲ့အောင်မြင်မှုတွေဟာ နောက်ကွယ်ကနေ သူကြိုးကိုင်ပေးလို့ဆိုပြီး အထင်အမြင်လွဲမှားနေခဲ့သူလည်းဖြစ်ပါတယ်။ ဒီလိုမျိုး အမြင်လွဲမှားမှုကနေပဲ သမ္မတကို လုပ်ကြံသူအဖြစ် သမိုင်းတွင်စေခဲ့တာပါ။ သူ့ရဲ့စိတ်ထဲကမှာ သမ္မတဂါးဖီးလ်ဟာ သူမရှိရင် ဒီနေရာကိုရောက်နိုင်မှာမဟုတ်ဘူးဆိုပြီး သူ့ကိုနေရာတစ်နေရာပေးပြီး ဆုချီးမြှင့်ဖို့အတင်းတောင်းဆိုခဲ့တာပါ။ ဒါကို သမ္မတအဖွဲ့တွေက ငြင်းလိုက်လို့ဆိုပြီး ဒေါသပေါက်ကွဲကာ လုပ်ကြံခဲ့တာပဲဖြစ်ပါတယ်။ တယ်တော့ ဂါးဖီးလ်တစ်ယောက် သမ္မတမဖြစ်ခင် ရွေးကောက်ပွဲကာလတုန်းက မဲဆွယ်စည်းရုံးရေးမိန့်ခွန်းတွေကို Charles တစ်ယောက် ဒိုင်ခံရေးပေးသွားခဲ့ရတာပါ။

Everett Historical/Shutterstock
Everett Historical/Shutterstock

၁၈၈၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့၊ တနင်္ဂနွေနေ့မနက် ၉ နာရီခွဲအချိန်လောက်မှာတော့ သမ္မတဂါးဖီးလ်ဟာ Baltimore နဲ့ Potomac ရထားဘူတာကို ရောက်လာခဲ့ပါတယ်။ ရောက်ရောက်လာချင်းမှာပဲ လူအုပ်ထဲက နေပြီး သေနတ်သံနှစ်ချက်ကြားခဲ့ရကာ ပထမတစ်ချက်က သမ္မတရဲ့ ပုခုံးထဲကိုနစ်ဝင်ကာ နောက်တစ်ချက်ကတော့ ကျောကုံးထဲကို စူးနစ်ဝင်ရောက်သွားခဲ့ပါတယ်။ ဒဏ်ရာဟာ ပိုးဝင်ပြီး နောက် ၁၁ပတ်အကြာမှာပဲ သမ္မတသေဆုံးသွားကာ လုပ်ကြံသူကတော့ ဦးနှောက်အကြိတ်ရှိပြီး bipolar လိုမျိုးစိတ်ရောဂါတွေ ခံစားနေရတဲ့အတွက် ရုံးတင်စစ်ဆေးမှုမှာ သိပ်ကြာသွားခဲ့ပြီး လုပ်ကြံမှု ၁ နှစ်မပြည့်ခင် ၂ ရက်အလိုမှာပဲ ကြိုးပေးအသတ်ခံခဲ့ရပါတယ်။

(၃) ဝီလီယံ မက်ကင်လေ (William McKinley)

သမ္မတ McKinley ကတော့ ၁၉၀၁ ခုနှ် စက်တင်ဘာလ ၆ ရက်နေ့၊ သောကြာနေ့မှာပဲ လုပ်ကြံခံခဲ့ရတာပါ။ နယူးယောက်က Temple of Music ဆိုတဲ့ပွဲကိုတက်ရင်းနဲ့မှ လူအုပ်ထဲကနေ Leon Czolgosz ဆိုသူ မင်းမဲ့ဝါဒီထောက်ခံသူက လုပ်ကြံခဲ့တာပဲဖြစ်ပါတယ်။ ပထမတစ်ချက်ကတော့ သမ္မတရဲ့ ကြယ်သီးလို့ယူဆရတဲ့အရာနဲ့ ထိသွားခဲ့ပြီး အနီးကပ်ပစ်တာကြောင့် အရှိန်လည်းသိပ်မပါခဲ့တဲ့အတွက် အင်္ကျီလက်ထဲမှာတင် ကျည်ဆံကသွားရှိနေခဲ့ပြီး ချက်ချင်းဆိုသလို ပစ်လိုက်တဲ့ ဒုတိယမြောက်အချက်ကြောင့် ဝမ်းဗိုက်တည့်တည့်ကိုထိမှန်ကာ ၇ ရက်အကြာမှာပဲ သေဆုံးသွားခဲ့ပါတယ်။

Everett Historical/Shutterstock
Everett Historical/Shutterstock

လုပ်ကြံသတ်ဖြတ်ခဲ့သူ Leon Czolgosz ကိုတော့ ၁၉၀၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှာပဲ လျှပ်စစ်ထိုင်ခုံနဲ့ သေဒဏ်ချမှတ်ခဲ့ပါတော့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ အမေရိကန်အစိုးရကနေပြီး သေသေချာချာ တိတိလင်းလင်းမထုတ်ပြန်ခဲ့တာကြောင့် အကျဉ်းချုဉ်းပဲ သိထားရပါတယ်။

READ
သိပ္ပံပညာရှင်တွေ ဖွင့်သင့် မဖွင့်သင့် အခုထိ အကြပ်ရိုက်နေတဲ့ ၄ ရာစုက ၀ိုင်ပုလင်း

(၄) ဂျွန် အက်ဖ် ကနေဒီ (John F. Kennedy)

သမ္မတကနေဒီဟာ အရှုပ်အရှင်းတွေကြားထဲကနေ သမ္မတတက်ဖြစ်လာခဲ့သူလို့ ပြောလို့ရပါတယ်။ သူ့လက်ထပ်တုန်းက အရှေ့ကသမ္မတတွေမပြီးပြတ်သေးတဲ့ မာတင်လူသာကင်းတို့ပါဝင်ပတ်သက်ခဲ့တဲ့ လူဖြူ-လူမည်းဝါဒီတွေ၊ ဗီလက်နမ်နဲ့စစ်မဖြစ်ခင်စပ်ကြားက တင်းမာမှုအခြေအနေတွေကြောင့် တော်တ်ာလေးတာဝန်ကြီးခဲ့မှာပါ။ သူ့လက်ထပ်မှာ လူမည်းတွေဟာ လူဖြူတွေနဲ့ တန်းတူမဲပေးပိုင်ခွင့်ရှိတယ်လို့ ကြေငြာခဲ့ပြီးနောက်မှာတော့ အခုလိုအဖြစ်ဆိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ လူမည်းဝါဒီနဲ့ပတ်သက်လို့ အလုပ်ကြံခံခဲ့ရတဲ့ သမ္မတ၊ ဇနီးသည်ရှေ့မှာ အလုပ်ကြံခံခဲ့ရတဲ့ သမိုင်းထဲ သမ္မတတွေကို ပြောပါဆိုရင် သမ္မတလင်ကွန်းနဲ့ ကနေဒီတို့နှစ်ယောက်ပဲ ရှိခဲ့မှာပါ။

skeeze/Pixabay

၁၉၈၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့၊ သောကြာနေ့မှာပဲ သမ္မတကနေဒီဟာ နေ့လည် ၁၂ နာရီခွဲအချိန်Dealey ပလာဇာမှာ ကားနဲ့လှည့်လည်နေတုန်း လုံခြုံရေးတွေချထားတဲ့အထဲကမှ ဇနီးသည် Nelie အရှေ့မှာ လည်ချောင်းကိုပါ ဖောက်ထွက်သွားစေခဲ့တဲ့ နောက်ကျောပစ်ချက်တစ်ကြိမ်၊ ဦးခေါင်းပစ်ချက်တစ်ကြိမ်နဲ့ အတူလိုက်ပါလာခဲ့တဲ့ တက္ကဆက်မြို့ဝန် John Connally ဟာလည်း ဒဏ်ရာအကြီးအကျယ်ရသွားခဲ့ပါတယ်။ နေ့လည်တစ်နာရီမှာတော့ တမ္မတတစ်ယောက် ဆုံးသွားခဲ့ပြီလို့ ကြေငြာခဲ့ပါတယ်။

လုပ်ကြံခဲ့တဲ့သူကတော့ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ယောက်ဖြစ်တဲ့ Lee Harve Oswald ပါ။ လုပ်ကြံသူကိုဖမ်းမိတဲ့အချိန်မှာတော့ သမ္မတကိုသတ်မှုအပြင် Dallas က ရဲအရာရှိတစ်ယောက်ကို သတ်မှုနဲ့ပါ စွဲချက်အတင်ခံခဲ့ရပြီး ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်နေ့မှာတော့ တိုင်းထေင်ကိုပြောင်းရွှေ့ခဲ့ပြီး အဲဒီနေ့မှာပဲ အသေပစ်သတ်ခံခဲ့ရကာ သေဆုံးသွားခဲ့ပါတယ်။ လုပ်ကြံသူကို ပစ်သတ်ခဲ့သူကတော့ Dallas က နိုက်ကလပ်တစ်ခုကို ဦးစီးနေသူ Jack Ruby ဆိုသူဖြစ်ပြီး သူဟာလည်း ၁၉၆၇ ခုနှစ်မှာ Lee Harve Oswald ကို လုပ်ကြံမှုနဲ့ တရားရင်ဆိုင်ဖို့စောင့်နေတုန်းမှာပဲ ထူးဆန်းစွာအဖြေမပေါ်ဘဲ သေဆုံးသွားခဲ့ပါတော့တယ်။

mark reinstein/Shutterstock

ဒီလိုနဲ့သမ္မတ ကနေဒီကိုလုပ်ကြံတဲ့ ကွင်းဆက်တွေ ပြတ်သွားကုန်တာကြောင့် အမှုပိတ်ခဲ့ရပေမယ့် ၁၉၆၆ ခုနှစ်နဲ့ ၂၀၀၄ ခုနှစ်အတွင်း စုံစမ်းမှုမှာတော့ အမေရိကန်အားလုံးရဲ့ ၈၀% လောက်ဟာ ကနေဒီလုပ်ကြံမှုမှာ ပါဝင်ခဲ့ကြတယ်လို့လည်း သတင်းတွေထွက်ခဲ့ပါသေးတယ်။ ကနေဒီက အမေရိကန်လူဖြူအများစု မကြိုက်ခဲ့ကြတဲ့ လူမည်းအခွင့်အရေးပေးသူ သမ္မတဖြစ်ခဲ့တာကိုး။

Penny

Ref : Wikipedia

SHARE