ကနေဒါနိုင်ငံ New Westminster ရှိ Royal Columbian ဆေးရုံတစ်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း(၄) ဦးဟာ British Columbia Lottery Corporation (BCLC) ထီ ၆/၄၉ ဂိမ်းမှာ ဒေါ်လာ(၆) သန်းထီပေါက်ခဲ့တယ်လို့ cbsnews အရ သိရပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ BCLC က ထီပေါက်သူတွေကို ကြေညာခဲ့တာပါ။
အဆိုပါ ထီပေါက်တဲ့သူဝန်ထမ်း(၄) ဦးဟာ အတူတူ ထီစပ်ထိုးနေကြတာ တစ်နှစ်လောက်ရှိပါပြီ။ များသောအားဖြင့် သူတို့ဟာ နံပတ်ရွေးတဲ့အခါ သူတို့ရဲ့မွေးနေ့တွေနဲ့ နှစ်ပတ်လည်နေ့ဒိတ်တွေကို ရွေးပြီးကံစမ်းကြတယ်ဆိုပါတယ်။ သူတို့အဖွဲ့ထဲမှာ ခေါင်းဆောင်ဖြစ်သူကတော့ Choi ဖြစ်ပါတယ်။ Choi ဟာ သူတို့ကံစမ်းထားတဲ့လက်မှတ်ကို BCLC App ကိုသုံးပြီး scan ဖတ်လိုက်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ လက်မှတ်တိုက်နေတဲ့အချိန်မှာ Choi ဟာ အလုပ်ထဲမှာဖြစ်ပါတယ်။
No tricks, all treats for Heewon C. and Melanie N. as they accept an unforgettable $6-million prize on behalf of their group after winning the Halloween night Lotto 6/49 draw. 🎃🍬💰
Check out their amazing win here 👉 https://t.co/hMKZXPN1DG pic.twitter.com/iGmkvkCc70— BCLC (@BCLC) November 10, 2020
“ကျွန်မယုံတောင်မယုံနိုင်ဘူး။ ချက်ချင်းပဲ ကျွန်မဘေးမှာရှိတဲ့ Melanie ကို ပြလိုက်တယ်။” လို့ Choi က ပြောပြပါတယ်။ Nolan ကတော့ သူမကို ထီလက်မှတ်စပြီးပြပြချင်း ဒေါ်လာ(၆) ထောင်ပေါက်တယ်ပဲ ထင်ခဲ့တာပါ။ Choi နဲ့ Melanie တို့က ဂျူတီချိန်အတူတူကျပြီး ဂျူတီချိန်းလို့ နောက်မှလာတဲ့သူနှစ်ဦးကို ထီပေါက်ကြောင်းပြောတဲ့အခါမှာတော့ အဲ့ဒီနှစ်ဦးက အစပိုင်းမယုံခဲ့ဘူးလို့လည်း သိရပါတယ်။
Choi ကတော့ “ကျွန်မက အမြဲတမ်းဘီလျံနာကြီးဖြစ်ဖို့ အိပ်မက်မက်ခဲ့ဖူးတယ်။ အိပ်မက်ထဲရောက်နေသလိုပဲ။” လို့လည်းဆိုပါတယ်။ ပြီးနောက်မှာတော့ သူတို့၎ဦးဟာ အောင်ပွဲခံတဲ့အနေနဲ့ အစားအသောက်ကောင်းကောင်းတွေအတူတူသွားစားခဲ့ကြပါတယ်။ Nolan ကတော့ ဆုကြေးတွေကိုကျောင်းဆက်တက်ဖို့နဲ့ Royal Columbian Hospital Foundation ကို အနည်းငယ်လှူမယ့်အကြောင်းဆိုပါတယ်။
အခုလိုဆုကြေးငွေကို ခွဲဝေယူရမယ့်သူတွေအဆင်ပြေစေဖို့အတွက် BCLC ကတော့ သူတို့ဆီမှာ Group Play Agreement Form ရှိကြောင်းဆိုပါတယ်။ အဲ့ဒီဖောင်နဲ့ဆိုရင်တော့ ငွေကိုအညီအမျှဝေပုံကျရယူဖို့အတွက် အဆင်ပြေပါလိမ့်မယ်။ BCLC ကတော့ အဖွဲ့လိုက် ထီထိုးသူတွေအနေနဲ့ ပိုက်ဆံကောက်တာ၊ လက်မှတ်ဝယ်တာ၊ ထီတိုက်တာနဲ့ ဆုကြေးငွေတွေကိုသွားထုတ်ဖို့အတွက် လူတစ်ယောက်သတ်မှတ်ထားသင့်တယ်လို့လည်း အကြံပေးသွားခဲ့ပါတယ်။
CeleNow