Area51 ကို သွားဖို့အတွက် Facebook မှာ စီစဉ်နေကြတဲ့ ၁ သန်းကျော်လူအုပ်ကြီး

"Storm Area 51, They Can't Stop All of Us"/Facebook Event, Clker-Free-Vector-Images/Pixabay

တကယ်တော့ အများထင်နေကြတဲ့ Area51 ဟာ အတွေးထဲကအတိုင်း တကယ်ရှိတာလား၊ မရှိတာလားဆိုတာကို ဘယ်သူမှ တပ်အပ်မပြောနိုင်ကြပါဘူး။ တကယ်ရှင်ခဲ့မယ်ဆိုရင်တော့ ဒါဟာ အမေရိကန်တို့ရဲ့ လျှို့ဝှက်စခန်းတစ်ခုဖြစ်နိုင်ပြီး အထဲမှာ ဘာရှိတယ်ဆိုတာကတော့ ကျွန်တော်တို့လို သာမန်လူတွေသိရဖို့ မျှော်လင့်ချက်မရှိသလောက်ပါပဲ။

Area51 ဟာ ဂြိုလ်သားတွေကို ထိန်းသိမ်းထားတဲ့နေရာတစ်ခု ဒါမှမဟုတ်၊ အဲဒီဂြိုလ်သားတွေနဲ့ပေါင်းပြီး အမေရိကန်တွေဟာ ခေတ်လွန်လက်နှက်နည်းပညာတွေကို တီထွင်နေတယ် စသည်ဖြင့် ပါးစပ်ပြောရာဇဝင်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာကြီးတစ်ခုပါ။ ၁၉၅၅ ခုနှစ်ကတည်းက ရှိနေတယ်ဆိုတဲ့ သတင်းတွေ သို့လောသို့လောကြားနေရခဲ့ပေမယ့်လည်း အမေရိကန်အစိုးရအနေနဲ့ကတော့ ရှိမှန်းဝန်မခံခဲ့ပါဘူး။ ၂၀၁၃ ခုနျစ်မှာတော့ Freedom of Information ဆိုတဲ့ လှုပ်ရှားမှုအောက်မှာ Area51 ဆိုတာကြီး တကယ်ရှိနေတယ်လို့ ဝန်ခံခဲ့ရပေမယ့်လည်း အထဲမှာ ဘာတွေရှိနေတယ်၊ ဘာတွေလုပ်နေတယ်ဆိုတာကိုတော့ ယနေ့အချိန်အထိ အမေရိကန်အစိုးရဖက်မှ နှုတ်ဆိတ်နေတုန်းပါပဲ။

ဂြိုလ်သားတွေနဲ့ နည်းပညာအကြောင်းတွေကို Area51 ပေါ်မူတည်ပြီး ကြားဖူးနားဝရှိထားတဲ့ကြားထဲကမှ တကယ်တမ်း Area51 ဆိုတဲ့နေရာကြီး အပြင်မှာရှိနေကြတယ်လို့ သိလိုက်ရတဲ့အချိန်မှာတော့ အမေရိကန်ပြည်သူတွေအပြင်ကိုမှ ကမ္ဘာအနှံ့မှ ဝါသနာရှင်၊ ပညာရှင်တွေဟာသိပ်ကိုစိတ်ဝင်စားလာခဲ့ကြပါတယ်။ အရင်ကတည်းကလည်း လူ့သဘာဝအရ ပေးမသိတဲ့အရာတွေဆို ပိုသိချင်ကြတယ်မဟုတ်လား။ ဒါကြောင့်မလို့ ယနေ့အချိန်အထိ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်သာ တိုးတက်လာမယ်၊ Area51 ထဲမှာ ဘာရှိနေသလဲဆိုတာ လိုက်စုံစမ်းနေကြသူတွေ ရှိနေဆဲပါပဲ။

READ
ကြော်ငြာတစ်ခုရိုက်မိလို့ ဘဝပျက်တော့မလို ဖြစ်နေရှာတဲ့ တရုတ်မော်ဒယ်
“Storm Area 51, They Can’t Stop All of Us”/Facebook Event

ဒီရက်ပိုင်းအတွင်း Area51 နဲ့ ပတ်သက်ပြီး post တွေ၊ ပုံတွေနဲ့ memes တွေကို Facebook ပေါ်မှာ ပေါပေါသောသောမြင်တွေ့နေရမယ်ထင်ပါတယ်နော်။ ဒီအရာအားလုံးရဲ့အစကတော့ “Storm Area 51, They Can’t Stop All of Us” ဆိုတဲ့ Facebook event လေးကြောင့်ပါ။ ဆိုလိုတာ Area51 ထဲက လျှို့ဝှက်ချက်တွေကို လူအင်အားသုံးပြီး ဝင်စီးကာအဖြေရှာမယ်ပေါ့။ အချိန်ကိုတော့ ၂၀၁၉ စက်တင်ဘာလ ၂၀ ရက်နေ့၊ သောကြာနေ့လို့ ခေါင်းစဉ်တပ်ထားခဲ့ပြီး ညနေ ၃ နာရီကနေ ၆ နာရီပါတဲ့။ နေရာကတော့ သိပ်ဟုတ်တာပေါ့.. Area51 ပါ။ Area51 ဟာ နီဗားဒါးပြည်နယ်၊ အမ်မာဂိုဆာတောင်ကြားမှာ တည်ရှိနေပါတယ်။

Event ဟာ လူ ၃ ယောက်ကနေပြီး အပျော်သဘောနဲ့ ဖန်တီးခံထားရတာဖြစ်ပေမယ့်လို့ အမေရိကသာမက ကမ္ဘာတစ်ဝှမ်းလုံးပါ ပျံ့သွားခဲ့ပြီး Going နှိပ်ထားသူဟာ အယောက် ၁ သန်းနဲ့ Interested နှိပ်ထားသူဟာ အယောက်ပေါင်း ၈၈၁ သန်းတောင် ရှိနေပါပြီ။ Event details မှာတော့ အကုန်လုံး Area51 မှာ တွေ့ကြပြီး နာယူတို anime ထဲကလို အပြေးမြန်ရင်တော့ အစောင့်တပ်သားတွေရဲ့ ကျည်ဆံတွေကို ကောင်းကောင်းရှောင်နိုင်မှာမလို့ ဂြိုလ်သားတွေကို သွားကြည့်ကြပါစို့တဲ့လေ။

READ
လူတွေသင်ခန်းစာယူနိုင်ဖို့ မုဒိမ်းရာဇ၀တ်သားတွေကို မြို့လယ်ခေါင်မှာ စီရင်ခဲ့တဲ့ ယီမန်
“Storm Area 51, They Can’t Stop All of Us”/Facebook Event
“Storm Area 51, They Can’t Stop All of Us”/Facebook Event

ကဲသင်ရော Going လား၊ Interested လား ဒါမှမဟုတ် ပွဲကြည့်ပရိတ်သားလား။

Clker-Free-Vector-Images/Pixabay

Penny

 

SHARE