ခရစ်စမတ်သစ်ပင်မှာ မီးအလှဆင်နေစဉ် လူ(၅)ဦး ဓာတ်လိုက်သေဆုံးခဲ့

ဂွါတီမာလာနိုင်ငံ၊ နယ်စပ်မြို့လေးတစ်ခုဖြစ်တဲ့ El Carmen Frontera မှာ ခရစ်စမတ်ပွဲတော်အတွက် အကြိုပြင်ဆင်မှုအဖြစ် ခရစ်စမတ်သစ်ပင်ကို မီးအလှပြင်ဆင်နေစဉ် လူ(၅)ဦး ပြင်းထန်စွာ ဓာတ်လိုက်ခံရပြီး၊ သေဆုံးသွားကြောင်း Mirror သတင်းစာက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ El Carmen မြို့ကလေးဟာ မက္ကဆီကိုနယ်စပ်မှာ တည်ရှိတာပါ။

သေဆုံးသူတွေထဲမှာ အမျိုးသား(၄)ဦး အမျိုးသမီး(၁)ဦးဖြစ်ပြီး၊ သူတို့(၅)ဦးဟာ ဗို့အားပြင်းဓာတ်ကြိုးကို Main ခလုတ်မပိတ်ပဲ မီးသွယ်တန်းခဲ့တယ်လို့ သိရပါတယ်။ လူမှုကွန်ယက်မှာ တက်လာတဲ့ဓာတ်ပုံတွေအရ ခရစ်စမတ်သစ်ပင်ဟာ သံ၊ ဝါယာ၊ ပလက်စတစ်တွေနဲ့ ပြုလုပ်ထားတဲ့ သစ်ပင်ဖြစ်ပါတယ်။

TCS News

သစ်ပင်ဟာ လျှပ်ကူးပစ္စည်းတွေအများစုနဲ့ ဖန်တီးထားတာဖြစ်လို့ အရင်ဦးဆုံး သစ်ပင်ထဲကို ပြင်းထန်တဲ့ဓာတ်အား စီးဝင်ပြီး၊ ငါးဦးစလုံးကို သေဆုံးစေခဲ့တာလို့ ယူဆရပါတယ်။ အသက်သေဆုံးသူတွေဟာ အငယ်ဆုံး (၁၇)နှစ်နဲ့ အကြီးဆုံး (၂၄)နှစ် ဖြစ်ကြပြီး တစ်ဦးနဲ့တစ်ဦး ဆွေမျိုးတော်စပ်ခြင်း ရှိမရှိကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။

READ
အ၀လွန်သူတွေအတွက်ဖွင့်လှစ်ထားတဲ့ကမ္ဘာ့ပထမဆုံးဟိုတယ်
TCS News

ထပ်မံသိရှိရတဲ့ သတင်းများအရ အဆိုပါခရစ်စမတ်သစ်ပင်ဟာ မြို့တော်ပန်းခြံအတွင်းမှာ ဆယ်စုနှစ်(၂)စုကြာ ရှိနေတဲ့သစ်ပင်ဖြစ်ပြီး၊ ယခုနှစ်မှာ အများသူငါ ကြည့်ရှုနိုင်စေဖို့ မီးအလှဆင်ယင်း အခုလိုဖြစ်သွားတာလို့ သိရပါတယ်။ အရေးပေါ်အဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ရာကို အမြန်ရောက်လာခဲ့ပေမယ့် တစ်ယောက်မှ မကယ်နိုင်ခဲ့ပါဘူး။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE