မိန်းကလေးဘက်က ချစ်သူကို ထားသွားဖို့ အကြောင်းဖန်လာစေတဲ့ အဓိကအကြောင်း (၄) ခု

Pexels- pexels

အကြာကြီးတွဲလာပြီးမှ မိန်းကလေးဖက်ကနေ စပြီးလမ်းခွဲစကားအပြောခံလိုက်ရတာမျိုး ကြုံဖူးကြလားမသိဘူး။ ကိုယ်ကတော့ သူ့ကိုသစ်စိမ်းချိုးချိုးသွားတာတို့၊ နောက်တစ်ယောက်ရသွားတာတို့ စသဖြင့် တွေးထင်ခဲ့ကြတယ်မဟုတ်လား။ ဒါပေမဲ့ မိန်းကလေးတွေမှာလည်း ချစ်သူကို သိပ်ချစ်ပေမယ့်လို့ ထားခဲ့ရတဲ့အကြောင်းပြချက်တွေရှိနေပါတယ်။ အဲဒီအထဲက အဓိကအကြောင်းပြချက် (၄) ခုကတော့..

Freepik- wayhomestudio

(၁) တန်ဖိုးအထားမခံရလို့

ဘယ်လောက်ပဲ ခေတ်ဆန်ပါတယ်ဆိုတဲ့ မိန်းကလေးပဲဖြစ်ဖြစ် တန်ဖိုးအထားတော့ ခံချင်ကြတာချည်းပါပဲ။ သင်သာ သင့်ကောင်မလေးကို တကယ်ချစ်တယ်ဆိုရင် သူမကို တန်ဖိုးထားဆက်ဆံပေးရမှာပါပဲ။ ဆိုလိုချင်တာ အမြဲတမ်း ဆဲဆိုအော်ဟစ်နေတာမျိုး၊ လူကြားထဲ အော်ငေါက်ပစ်တာမျိုး၊ ကိုယ့်အတွက် ဘာမှမဖိုးမတန်သလို ဆက်ဆံတာမျိုးတွေလိုမျိုး အပြုအမူအပြောဆိုတွေကြောင့် မိန်းကလေးဖက်က လမ်းခွဲတာမျိုးကတော့ အများဆုံးပါပဲ။

Freepik- yanalya

(၂) အချိန်လုံးဝမပေးလို့

သင့်ရဲ့အကြေင်းပြချက်အမျိုးမျိုးနဲ့ သူ့ကို ဖုန်းမဆက်ဖြစ်တာ၊ သွားမတွေ့တာ၊ ဒါမှမဟုတ် သူမနဲ့ ကြည်နူးစရာအချိန်တွေကို သပ်သပ်ပေးပြီး မလုပ်ဖြစ်တော့တဲ့အခါ သင်တို့နှစ်ယောက်ကြား အေးစက်မှုတွေဖြစ်လာနိုင်ပါတယ်။ ဥပမာ တွေ့တော့ တွေ့နေတယ် ဒါပေမဲ့ အနားမှာထားပြီး သင်က ဂိမ်းဆော့နေတာမျိုးပေါ့။

READ
သင့်ရဲ့နေ့စဉ်ဘ၀ကို ပျင်းရိနေပြီဆိုရင် ဒီလိုမျိုးလေးတွေ လုပ်ကြည့်သင့်တယ်
Freepik- freepik

(၃) သင်တကယ်မချစ်ဘူးလို့ထင်လို့

စစချစ်သူဖြစ်တုန်းကတော့ သင့်အနေနဲ့ သူ့ကို အမြဲတမ်းကြင်နာနေမယ်၊ ဂရုတစိုက်ဆက်ဆံနေခဲ့ပေမယ့် အချိန်ကြာလာခဲ့အခါ သင့်ဖက်က သွေးအေးသွားပြီး အရင်လိုမဟုတ်တော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မိန်းကလေးတွေက အရင်ကတည်းကမှ တစ်စိတ်ဆို တစ်အိတ်တွေးတတ်တဲ့လူတွေမလို့ သူတို့ကို မချစ်တော့ဘူးလို့ ထင်ကာ လမ်းခွဲသွားတတ်ကြပါတယ်။

Freepik- freepik

(၄) သ့င်မှာတိုးတက်မှုမရှိလို့

အခုခေတ်က လက်ထပ်ပြီးရင် ဒိုးတူဘောင်ဖက် လုပ်ကိုင်ရမှာမှန်ပေမယ့်လို့ တစ်ဘဝလုံးပုံအပ်မယ့်သင်ဟာ တစ်နှစ်ပြီးတစ်နှစ် ယုံကြည်ကိုးစားထိုက်တဲ့ အရည်အချင်းနဲ့ ရပ်တည်မှုမျိုးမရှိဘူးဆိုရင်လည်း ချစ်သူမိန်းကလေးအနေနဲ့ ဘယ်လောက်ပဲချစ်ချစ် ထားရစ်ခဲ့ကြတတ်ပါတယ်။

penny

SHARE