ဆွီဒင်နိုင်ငံ၏ ဂီတပွဲတော်တွင် အဓမ္မကျင့်မှုနှင့် မူးယစ်ဆေးဝါးအမှု များစွာဖြစ်ပွားခဲ့

ပြီးခဲ့တဲ့ ဇူလိုင်လ 24ရက်နေ့ကနေ 29ရက်နေ့အထိ ကျင်းပခဲ့တဲ့ ဆွီဒင်နိုင်ငံရဲ့ နာမည်ကြီးတေးဂီတပွဲတော်မှာ အဓမ္မကျင့်
မှုနဲ့ မူးယစ်ဆေးဝါးအမှုများ များစွာဖြစ်ပွားခဲ့တယ်လို့ အာဏာပိုင်တွေက ဖော်ပြခဲ့ပါတယ်။ အမ်မာဘာဒိုမြို့မှာ ကျင်းပခဲ့တဲ့
အဲဒီပွဲတော်မှာ အဓမ္မပြုကျင့်မှု 4ခု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု ၁၁ခုနဲ့ မူးယစ်ဆေးဝါးအမှုပေါင်း 364ခုဖြစ်ပွားခဲ့ပါတယ်။

ဒေသခံအာဏာပိုင်တွေရဲ့ ဖော်ပြချက်အရ အသက် 15၊ 17အရွယ်အမျိုးသမီး 4ဦးမှာ အဓမ္မပြုကျင့်ခံရပြီး အသက် 18
နှစ်အရွယ် အမျိုးသမီး 11ဦးမှာ လိင်ပိုင်းဆိုင်စော်ကားမှုခံခဲ့ရပါတယ်။ နောက်ပြီး မူးယစ်ဆေးဝါးသုံးစွဲမှု (251)မှုရှိပြီး
လက်ဝယ်တွေ့ရှိမှုမှာ (113)ခုဖြစ်တယ်လို့ သိရပါတယ်။ ယင်းနှုန်းထားစံချိန်မှာ ပြီးခဲ့တဲ့နှစ်ကထက် နှစ်ဆမြင့်တက်
ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ပြောရေးဆိုခွင့်ရှိသူ အာဏာပိုင်တစ်ဦးဖြစ်သူ ၀က်စ်ဖို့ဒ်က “နာမည်ကြီး ဂီတပွဲတော်ဖြစ်လို့ ပြည်သူတွေအားလုံးဆင်နွှဲခဲ့ပါ
တယ်။ ဒါပေမယ့် ပြည်သူတွေဟာ မူးယစ်ဆေးဝါးကို သုံးခဲ့သလို လက်ဝယ်ပိုင်ဆိုင်မှုတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။ ကျွန်
တော်တို့ ရဲတာဝန်ရှိသူတွေဟာ ပွဲစီစဉ်တဲ့အဖွဲ့အစည်း၊ ပြည်ထဲရေးအဖွဲ့တို့နဲ့ အားလုံးပူးပေါင်းပြီး ပွဲတော်ဆက်လက်ကျင်း
ပသင့်၊ မသင့်ကို လေ့လာကဲခတ်ချင့်ချိန်သွားမှာပါ။ မူးယစ်ဆေးဝါးတစ်ခုတည်းအတွက်မဟုတ်ဘဲ လုံခြုံတဲ့နေရာဖြစ်ဖို့ လည်း လိုပါတယ်”လို့ ပြောခဲ့ပါတယ်။

READ
ကားဒတ်ရှ်ဘုတ်ပေါ် ခြေထောက်တင်မိရာက နဖူးတစ်ခုလုံးစွန့်လွှတ်ခဲ့ရတဲ့ အမျိုးသမီး

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

M2T (Shwemom)
Source ; thesun.co.uk
SHARE